ဂိမ်းကစားဖို့ ခွင့်မပြုလို့ မိခင်ကိုသတ်တဲ့သား ဘန်ကောက်မြို့မှာ ဖြစ်ပွား
အသက် ၁၄ နှစ်သား လူငယ်တဦးဟာ ကွန်ပျူတာ ဂိမ်းကစားဖို့ သူ့ကို ခွင့်မပြုတာကြောင့် မိခင်ဖြစ် သူကို သတ်ခဲ့တယ် ဆိုတဲ့အမှုတခု ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖြစ်ခဲ့ပါတယ်။
အင်္ဂါနေ့ ညက အသက် ၄၅ နှစ်အရွယ် Areeya Ketdi ဆိုသူ မိခင်ဖြစ်သူကို အိပ်ခန်းထဲမှာ ဆယ်ကျော် သက်အရွယ် သားဖြစ်သူက အသွား ၁ ပေလောက် ရှိတဲ့ ဓားနဲ့ ၄ ချက်လောက် ထိုးခဲ့ပါတယ်။

တားဆီး ကာကွယ်ခဲ့တဲ့ သူ့အမ ဖြစ်သူကိုလည်း သူက ရန်ပြုတိုက်ခိုက်တဲ့အတွက် စိုးရိမ်ဖွယ်ဒဏ်ရာတွေ ရခဲ့ရတယလို MCOT online news အောက်တိုဘာလ ၃၁ ရက်နေ့က သတင်းတပုဒ်မှာ ဖော်ပြထားပါ တယ်။
ကနဦး စုံစမ်းမှုတွေအရ ဆယ်ကျော်သက်အရွယ် အဆိုပါလူငယ်ဟာ တောက်တိုမယ်ရ အိမ်အလုပ်တွေ မကူပေးတဲ့အတွက် မိခင်ဖြစ်သူက မြည်တွန်တောက်တီးပြောဆိုခဲ့ကြောင်း၊ နောက်ပြီး ကွန်ပျူတာ ဂိမ်း ကစားခွင့်လည်း မပေးခဲ့တာကြောင့် မပျော်မရွှင် ဖြစ်ခဲ့ကြောင်းဖော်ပြရေးသားထားပါတယ်။

တာဝန်ရှိသူတွေကလည်း အဆိုပါ ဆယ်ကျော်သက်လူငယ်ကို လူငယ်ထိန်းသိမ်းရေး စခန်းတခုကို ခေါ်သွား ခဲ့ပါတယ်။
သူ့ဖခင်နဲ့ ညီအကိုဝမ်းကွဲတော်စပ်သူတို့က သူဟာ autistic syndrome လို့ခေါ်တဲ့ စိတ်မူမမှန်တဲ့ ဝေဒနာ ခံစားနေခဲ့ရ တာဖြစ်လို့ ကုသခဲ့ရကြောင်း၊ မိခင်ဖြစ်သူရဲ့ မြည်တွန်တောက်တီးမှုကြောင့် စိတ်ကျမှုလည်း
ဖြစ်ခဲ့ပြီး မကြာခဏဆိုသူ သူက သူ့အမေကို သတ်ချင်တယ်လို့ ပြောလေ့ရှိကြောင်း ရဲကို ဖြောင့်ချက်ပေး ခဲ့ပါတယ် တဲ့။
ပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာနရဲ့ လက်ထောက် အထွေထွေဆရာဝန်ချုပ်က Apichai Mongkol က လူတဦး ဂိမ်းစွဲတဲ့ အခါမှာ ဆေးစွဲသလိုပဲ ခန္ဓာကိုယ်က dopamine hormones ဆိုတဲ့ ဟိုမုန်းတမျိုး ထုတ်တတ်ကြောင်း၊ ဒီလိုအခါမျိုးမှာ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်များ သူတို့ စိတ်ခံစားမှုကို ထိမ်းချုပ် မရတာဖြစ်လေ့ ရှိပြီး သူတို့ လုပ်ချင်တာ မလုပ်ရဘူးလို့ ငြင်းပယ်ခံလိုက်ချိန်မှာ ထိမ်းချုပ်မှု မရှိဖြစ်တတ်ကာ တပါးသူကို ထိခိုက်နာကျင် စေတတ်တယ် လို့ ပြောထားပါတယ်။

Quality Learning Foundation ရဲ့ ပညာရှင် အကြံပေးဖြစ်သူ ဒေါက်တာ Amornwich Nakornthap က သံသ ယဖြစ်စရာ နောက်ကြောင်းရှိသူတွေကို စမ်းစစ်လေ့လာခဲ့ရာ ကနဦး စဉ်းစားစရာ ၄ မျိုးကို လည်း
ပြောပြခဲ့ပါတယ်။
ရာဇ၀တ်မှုကို ဖြစ်စေခဲ့တဲ့ attention deficit disorder (ADD) ခေါ် စိတ်မူမမှန်မှုကို သတိထား မိ ခြင်း၊ နောက် တဆင့် ဆေး စွဲတာ၊ နောက် စိတ်ကစဥ့်ကလျားဖြစ်မှုများနဲ့ မိသားစုကိုပါ ထိခိုက်တဲ့ ဆက်ဆံမှု စတဲ့ အဆင့်တွေ ရှိတတ်တယ်လို့ ဆိုပါတယ်။
http://blog.irrawaddy.org/2012/11/blog-post_3128.html

0 မှတ်ချက်များ for "ဂိမ်းကစားဖို့ ခွင့်မပြုလို့ မိခင်ကိုသတ်တဲ့သား ဘန်ကောက်မြို့မှာ ဖြစ်ပွား "