ဆီးရီယားအတိုက်ခံတပ်ဖွဲ့က ၎င်းမဟာမိတ် ပါလက်စတိုင်းအဖွဲ့ကို လက်နက်တပ်ဆင်ပေး

ဆီးရီးယားအတိုက်အခံတပ်ဖွဲ့များသည် အာဆတ် အစိုးရကို ထောက်ခံသည့်အုပ်စုကို တိုက်ခိုက် နိုင် ရန် ဆီးရီးယား နိုင်ငံ၏ မြို့တော် ဒမတ်စကပ်စ်မြို့ အတွင်းရှိ ၎င်းတို့၏ မဟာမိတ် ပါလက်စတိုင်းအဖွဲ့ ကို လက်နက်များ တပ်ဆင်ပေးနေပြီ ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
 
ဆီးရီးယား အတိုက်အခံ အဖွဲ့များ အနေ ဖြင့် ၎င်း တို့၏မဟာမိတ် ပါလက်စတိုင်းအဖွဲ့သည် ဆီးရီး ယား နိုင်ငံ ယာမောက်ခ် မြို့ရှိ ပါလက်စတိုင်းတို့ကို လွှမ်းမိုးထားသည့် ပါလက်စတိုင်း လွတ်မြောက်ရေး တပ်ဦး (PFLP) ဌာနချုပ်ကို တိုက်ခိုက်ရန် မျှော်လင့် နေကြောင်းနှင့် ယာမောက်ခ်မြို့သည် ဆီးရီးယား လွတ်မြောက်ရေးတပ်ဖွဲ့ FSA နှင့် အာဆတ် အစိုးရတပ်ဖွဲ့များကြား အပြင်းအထန် တိုက်ခိုက်မှု ဖြစ် ပွားနေသော ဒမတ်စကပ်စ် မြို့ တောင်ပိုင်းခရိုင်များ၏ဗဟိုတွင် တည်ရှိ နေကြောင်း အတိုက်အခံ တပ်ဖွဲ့မှ ခေါင်းဆောင် တစ်ဦးက ပြောကြားသည်။
 
၎င်းတို့အနေဖြင့် PFLP ဌာနချုပ်ကို တိုက်ခိုက်ရန် ဆန္ဒ ရှိနေသည့် ပါလက်စတိုင်းများကို လက်နက်တပ် ဆင်ပေးနေပြီး ပါလက်စတိုင်းများဖြင့် သီးသန့် ဖွဲ့စည်းထားသောတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်း ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
 
အဆိုပါ ပါလက်စတိုင်းတပ်ဖွဲ့များ၏တာဝန်သည် ယာမောက်ခ် စခန်းရှိ PFLP အဖွဲ့များကို တိုက်ခိုက် ရန် ဖြစ်ပြီးမိမိတို့အနေဖြင့် နောက်ကွယ်မှ ပံ့ပိုးမှုများ ပေးသွားမည် ဖြစ်ကြောင်း အတိုက်အခံ အ ဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

0 မှတ်ချက်များ for "ဆီးရီယားအတိုက်ခံတပ်ဖွဲ့က ၎င်းမဟာမိတ် ပါလက်စတိုင်းအဖွဲ့ကို လက်နက်တပ်ဆင်ပေး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++