အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ လတ်တလော အခြေအနေအပေါ် ဘီဘီစီ အယ်ဒီတာ ဂျယ်ရမီရဲ့ သုံးသပ်ချက်

အီဂျစ်ရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့ အခုအခါ အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့တို့အကြားမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပါပြီ။ ဘီဘီစီအရှေ့အလယ်ပိုင်း အယ်ဒီတာ ဂျယ်ရမီဘိုဝင်ကတော့ ဖြစ်နေကျ ပုံစံအတိုင်း သတ်ဖြတ်မှုတွေ မရပ်မီ စကားပြောတာ ပြန်လုပ်ကြပြီလို့ ပြောပါတယ်။

၂၀ဝ၇ခုနှတုန်းက ပါလက်တိုင်း Hamas အဖွဲ့က သူ့ပြိုင်ဘက် Fatah အဖွဲ့ကနေ ဂါဇာကမ်းမြောင်ဒေသ အတွင်းပိုင်းကို ထိန်းချုပ်ဖို့တာဝန်ယူလိုက် ကတည်းက နယ်စပ်ဖြတ်ကျော် အကြမ်းဖက်တိုက်ခိုက်မှုတွေ အတော်အကြိမ်များများ ဖြစ်ပွားခဲ့ပါတယ်။ 


အဲဒီနောက် အပစ်အခတ်ရပ်စဲရေး လုပ်ကြတာချည်းပါဘဲ။ ပြီးတော့လည်း ပျက်ပြားခဲ့ကြပြီး အစ္စရေးနဲ့ ဟာမတ်စ်တို့ တဖက်နဲ့တဖက် အပစ်တင်လေ့ရှိကြပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုရင်တော့် အစ္စရေးဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရသူ သုံးတဲ့စကားမျိုးနဲ့ဆိုရင် အနာပေါ် ပလာစတာကပ်တဲ့ နည်းမျိုးနဲ့
ဖြေရှင်းကြလို့ပါဘဲ။ ဟာမတ်စ်နဲ့ အစ္စရေးတို့ဟာ စစ်ဖြစ်နေတဲ့ အခြေအနေမှာ အမြဲရှိနေတယ်ဆိုတာ ဖုံးကွယ်ထားကြပါတယ်။

တခါတခါလနဲ့ချီပြီး စစ်အေးပုံစံမျိုဖြစ်ပွားရကနေ အပြင်းအထန်ဖြစ်လာကြပြီး သေကြ ကြေကြပြန်ပါတယ်။ အစ္စရေးနဲ့ အထူးသဖြင့် ဂါဇာကပါလက်စတိုင်းတွေကြား နိုင်ငံရေးအရ ညီမျှမှုရှိမယ့် အရေးကြီးတဲ့ အပြောင်း အလဲ မလုပ်နိုင်ရင် အခု အပစ်ရပ်စဲရေးအသစ်ဟာလည်း တဖြည်းဖြည်း ထပ်ပျက်မယ့်သဘော ရှိပါတယ်။

ဒီတခေါက်တော့ နှစ်ဖက်စလုံးက အပစ်ရပ်ရာမှာ လိုက်နာရမယ့်အချက်တွေကို ထည့်ပြီး စစ်စည်း ကမ်းတွေ ကို ပြောင်းဖို့ကြိုး စားတာတွေ့လာရပါတယ်။ Hamas တို့လက်နက်မတပ်ဆင်ဘဲ နယ်စပ်ကို ကျော်မပစ်ဖို့ အစ္စရေးကပြောနေသလို ဟာမတ်စ်ကလည်း အစ္စရေးဖက်က လုပ်ကံသတ်ဖြတ်မှုတွေရပ်ဖို့ ဂါဇာကို မပိတ်ဆို့ဖို့ လိုလားပါတယ်။ 


ဒီအတိုင်းလိုက်နာကြရင်တော့ အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုအကောင်အထည်ဖေါ်ဖို့ကျပြန်တော့ လည်း နှစ်ဖက်စလုံးက ကိုယ့်ရန်သူကို ကိုယ်အများကြီး အလျှော့ပေး လိုက်ရတာမျိုးတွေ ရှိလာမယ်လို့ ဘီဘီစီ အရှေ့အလယ်ပိုင်း အယ်ဒီတာ ဂျယ်ရမီ ဘိုဝင်က သုံးသပ်ထားပါတယ်။

0 မှတ်ချက်များ for "အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ လတ်တလော အခြေအနေအပေါ် ဘီဘီစီ အယ်ဒီတာ ဂျယ်ရမီရဲ့ သုံးသပ်ချက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++