ထိုင်းအစိုးရ အဖွဲ့သစ် ကျမ်းသစ္စာ ကျိန်ဆို

ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ် ထရာ၏ အစိုးရ အဖွဲ့သစ်တွင် ခန့်အပ် ခြင်းခံရသူများသည် ထိုင်းဘု ရင် ဆေးကုသမှုခံယူနေသည့် Siriraj ဆေးရုံ သို့ နိုဝင်ဘာ ၁ ရက်က သွားရောက်၍ ဘုရင်၏
ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း အင်တာနက်သတင်း တစ်ပုဒ်အရ သိရသည်။
 
ထိုင်း အစိုးရအဖွဲ့ ဒုတိယအကြိမ် အပြောင်းအလဲ ပြု လုပ်မှုတွင် ရာထူး နေရာ ၂၃ နေရာပါဝင်သည်။ ဝန်ကြီးချုပ်ရင်လပ် ဦးဆောင်သောအစိုးရ အဖွဲ့သစ်တွင် ခန့်အပ်ခြင်း ခံရသူများသည် ဘုရင်စနစ်အပေါ် သစ္စာ စောင့်သိသွားမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ နှင့်ပြည်သူတို့၏ ကောင်းရာ ကောင်းကျိုးအတွက် ၎င်းတို့၏ ဝန်ကြီးတာဝန်များကို ရိုးသား ဖြောင့်မတ်စွာ ထမ်းဆောင်သွားမည် ဖြစ်ကြောင်းကို ကျမ်းသစ္စာကျိန်ဆို၍ ကတိပြု ခဲ့ကြောင်းသိရသည်။ 

အစိုးရအဖွဲ့သစ်တွင် ပါဝင်သောဝန်ကြီးများသည် အစိုးရအိမ်တော်၌ နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီ က ပြုလုပ်သည့် အထူး အစည်းအဝေးသို့ တက်ရောက်ပြီး စတင်တာဝန် ထမ်းဆောင်ခဲ့ကြသည်။
 
တစ်ချိန်တည်းမှာပင် အထက်လွှတ်တော် အမတ် ၂၅ ဦးသည် အစိုးရအဖွဲ့သစ်တွင် ဝန်ကြီးချုပ် ရုံးဝန်ကြီး အဖြစ် ခန့်အပ်ခြင်းခံရသော arathep Rat- tanakorn အနေဖြင့် ဝန်ကြီးချုပ် ရုံးဝန်ကြီးရာထူးကို လက်ခံရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ ဆိုသည်နှင့်ပတ်သက်၍ အထက်လွှတ်တော် ဥက္ကဋ္ဌ Nikhom Wairatpanich မှတစ်ဆင့် ဖွဲ့စည်းပုံအ ခြေခံဥပဒေတရားရုံးသို့ မေးမြန်းအဆိုပြု ခဲ့ကြကြောင်း သိရသည်။
 
ဝန်ကြီး ချုပ်ဟောင်းသက်ဆင် လက်ထက်တွင် ဘဏ္ဍာရေး ဒုတိယဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သော Varathep သည် နှစ်လုံးနှင့် သုံးလုံးထီ ကိစ္စတွင် ဥပဒေနှင့် မညီ ညွတ်ဘဲ ပါဝင်ပတ်သက် နေသည့် အတွက် ပြစ်မှုဆိုင်ရာ တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ သည့် အတွက်ကြောင့် ၎င်းအနေဖြင့် အဆိုပါ ဝန်ကြီးချုပ်ရုံးဝန်ကြီး ရာထူး နေရာအတွက် သတ်မှတ်အရည်အချင်း ပြည့်မီ နိုင်ဖွယ် မရှိကြောင်း Prasarn Maruekapithak ဦးဆောင် သော အထက်လွှတ်တော် အမတ်များက ပြောကြား ခဲ့သည်။ 

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၇၄(၅) အရ အစိုးရ အဖွဲ့ဝင် တစ်ဦးသည် ထောင်ဒဏ် ကျခံဖူး သူမဖြစ်ရ ဟူသောအချက် ပါဝင်သည်ဟု Prasarn Ma- ruekapithak က ပြောကြားခဲ့ကြောင်းသိရသည်။

0 မှတ်ချက်များ for "ထိုင်းအစိုးရ အဖွဲ့သစ် ကျမ်းသစ္စာ ကျိန်ဆို "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++