တရုတ် ခေါင်းဆောင်သစ်များနှင့် အကျိုးပြုသော ဆက်ဆံရေးများ တည်ထောင်ရန် ဂျပန်ဆန္ဒရှိ
ဂျပန်နှင့် တရုတ် နှစ်နိုင်ငံ တို့သည် ရေပိုင်နက် အငြင်းပွားမှုနှင့် စပ်လျဉ်း၍ အခြေအနေ တင်းမာနေသည့် ကြားမှ တရုတ် နိုင်ငံ ၏ ခေါင်းဆောင်သစ် များနှင့် နှစ်နိုင်ငံ အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေးများ တည်ထောင် သွားရန် မျှော်လင့် ထားကြောင်း ဂျပန် နိုင်ငံက နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရသည်။
နှစ်နိုင်ငံ အကြား ဆက်ဆံရေးသည် ဂျပန်နှင့် တရုတ် နှစ်နိုင်ငံ အတွက်သာ မက တစ်ကမ္ဘာလုံး အတွက် အလွန်အရေး ပါကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ သတင်း ထုတ်ပြန်ရေး ဒုတိယ အတွင်းရေးမှူး နာအိုကိုဆိုင်ခီက တိုကျို မြို့တွင် ပြောကြား ခဲ့သည်ဟု သိရသည်။
ထိုကဲ့သို့ အဓိက ကျသော မဟာ ဗျူဟာမြောက် အကျိုး စီးပွားကို အခြေခံ သည့် နှစ်နိုင်ငံ အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေး သည် တရုတ်နိုင်ငံ၏ ခေါင်းဆောင် သစ်များနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု များကို တိုးမြှင့် လုပ်ဆောင် နိုင်လိမ့်မည်ဟု မိမိတို့ မျှော်လင့် ကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။
လာမည့် ဆယ်စုနှစ် အတွင်းတွင် တရုတ် နိုင်ငံအား အုပ်ချုပ်ရန် အတွက် တရုတ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်သစ် ရှီကျင်ဖျင့် ဦးဆောင်သော အမြဲတမ်း ကောင်စီဝင် အဖွဲ့ဝင်သစ် ခုနစ်ဦးကို ရွေးချယ် ခဲ့ကြောင်း တရုတ် ကွန်မြူနစ် ပါတီက ထုတ်ဖော် ကြေညာ ခဲ့ပြီးနောက် ပိုင်းတွင် ၎င်းက ထုတ်ဖော် ပြောကြား ခဲ့ခြင်းဖြစ်သည်။
တရုတ်နှင့် ဂျပန် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးမှာ တစ်နှစ်လျှင် အမေရိ ကန်ဒေါ်လာ ဘီလီယံ ၃ဝဝ ကျော် ရှိ ကြောင်း သိရသည်။

0 မှတ်ချက်များ for "တရုတ် ခေါင်းဆောင်သစ်များနှင့် အကျိုးပြုသော ဆက်ဆံရေးများ တည်ထောင်ရန် ဂျပန်ဆန္ဒရှိ "