ကြက်ညာ ချောင်း ဆိုးရောဂါကြောင့် မျက်လုံးထဲ သွေး ယိုမှု ဖြစ်ပွား
ကယားပြည်နယ်
ဖာဆောင်မြို့နယ်တွင် ၅နှစ်အောက် ကလေးသူငယ်တွေကြား ကြက်ညာချောင်းဆိုးရော ဂါ ဝေဒနာတွေကြောင့်
မျက်လုံးတွေ ထဲ သွေးယို မှုဖြစ်ပွားတယ်လို့ နယ်လှည့်ဆေးမှူးကနေ တဆင့် သိရပါတယ်။
ကရင်နီးအဖွဲ့မှ
ကျန်းမာရေးလုပ်သားတွေဟာ ဖာ
ဆောင်မြို့နယ် မော်ချီးဒေသထဲကို နယ်လှည့်ဆေး ကုရာက ရွာ ၂ရွာမှာ မျက်လုံးသွေးယို ဝေဒနာ ခံစားနေရတဲ့ ကလေးတွေကို တွေ့ခဲ့ရတယ်လို့ ဆေး မှူး တဦးဖြစ်သူ ခွန်ဖိလစ်က ပြောပါတယ်။
ဆောင်မြို့နယ် မော်ချီးဒေသထဲကို နယ်လှည့်ဆေး ကုရာက ရွာ ၂ရွာမှာ မျက်လုံးသွေးယို ဝေဒနာ ခံစားနေရတဲ့ ကလေးတွေကို တွေ့ခဲ့ရတယ်လို့ ဆေး မှူး တဦးဖြစ်သူ ခွန်ဖိလစ်က ပြောပါတယ်။
ဤဖြစ်နေတဲ့ရောတွေကြောင့်
ကလေးတွေက ချောင်အဆက်မပြတ် ချောင်းဆိုးနေတော့ ၃၀ ကနေ ၅၀ အကြား အဲလောက် ချောင်းဆက်တိုက် ဆိုးနေတော့
သူ့မျက်လုံးက ဖိအားများလာတာဖြစ်တယ် လို့
ပြောရမယ်။ မျက်လုံးထဲက သွေးကြောတွေ ပေါက်ကုန်တယ်လေး၊ မျက်လုံးနီကုန်တယ် အဲ့လိုမျိုးဖြစ်တယ်။ ၄၀ ကျော်လောက်ဖြစ်တယ်။ အများအားဖြင့်က ၅နှစ်အောက်ကလေးများဖြစ်ပြီးတော့ အဲဒီမှာ ၈နှစ် ၉နှစ် အရွယ်လည်း လေးငါးယောက်လောက်တွေ့တယ်။ အများအားဖြင့်က ၅ နှစ်အောက်ကလေးတွေဘဲ ဖြစ် တယ်။

အဲဒီကလေးတွေရဲ့
ဝေဒနာကို သူတို့အဖွဲ့က အောက်တိုဘာလ (၂၈)ရက်နေ့ကျမှ တွေ့ခဲ့ရတာဖြစ်ပြီး ကလေးတွေဟာ ကြက်ညာ
ချောင်းဆိုးရောဂါကို လွန်ခဲ့တဲ့ ၂ပတ်လောက်က ခံစားခဲ့ရတာဖြစ်တယ်၊ ဖြစ်ဖြစ် ချင်း ဆေးဝါးကုသခွင့်ရမယ်ဆိုရင်
မျက်လုံးထဲ သွေးယိုတဲ့ အဆင့်ထိ ရောက်မည် မဟုတ်ကြောင်း.. ဒီထက် ပိုဆိုးလာရင် အသက်အန္တာရာယ်ပါ
ဆုံးရှုံးနိုင်ကြောင်း .. ဒါပေမယ့်လည်း သူတို့ နေထိုင်တဲ့ ပန်ခီးရွာနဲ့ ပန်ဟိုးရွာဆိုရင်
မော်ချီးတိုက်နယ် ဆေးရုံနဲ့ ၃နာရီနဲ့ ၅ နာရီကြား ခြေခြေခရီးလျှောက်ရပြီး တိုက်နယ်
ဆေးရုံမှာ ဆရာဝန် အမြဲတမ်းမရှိတဲ့အတွက် ရွာသားတွေက ဆေးရုံမသွားနိုင်ဘူးလို့ ခွန်ဖိလစ်က ဆက်ပြောပါတယ်။
ဆေးရုံမှာ ဆရာဝန် အမြဲတမ်းမရှိတဲ့အတွက် ရွာသားတွေက ဆေးရုံမသွားနိုင်ဘူးလို့ ခွန်ဖိလစ်က ဆက်ပြောပါတယ်။
ဝေဒနာခံစားနေရတဲ့
ကလေးတွေကို ပဍိဆေးဝါးတွေနဲ့ကုသထားတဲ့အတွက် လောလောဆယ် ဆက်ပြီး မကူးဆက်နိုင် ထိန်းသိမ်းထားနိုင်ပေမယ့်လည်း
နောက်နှောင် ကာကွယ်ဖို့ နည်းလမ်းတော့ မရှိသေး ဘူးလို့ သူက ဆက်ပြောပါတယ်။
ဒီလိုမျက်လုံးထဲ
သွေးယိုမှုတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လပိုင်းကလည်း ဖရူဆိုမြို့နယ် ဟိုယာကျေးရွာအုပ်စု
ထီ ဟိုရွာမှာ ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတုံးက ကလေးရောလူကြီးပါ လူပေါင်း (၉၀)ကျော်ဖြစ်ပွားခဲ့ရာမှာ
KNPP ကနေတဆင့် အစိုးရကျန်းမာရေး ဌာနတွေကို အကြောင်းကြားခဲ့ပါတယ်။ ဖြစ်ပွားပြီး ၁၅ ရက်
လောက် အကြာမှာမှ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမတဦးရောက်လာပါတယ်။
လောက် အကြာမှာမှ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမတဦးရောက်လာပါတယ်။
ဝေလံခေါင်ဖျားတဲ့ဒေသက ကျေးရွာတွေကို
အစိုးရကျန်းမာရေးဌာနက လာရောက်နိုင်ဖို့ လမ်းပန်းဆက် သွယ်ရေး အခက်အခဲရှိတယ်ဆိုရင် သူတို့လို
ဒေသခံနယ်လှည့် ကျောပိုးအိတ် ၀န်းထမ်းတွေနဲ့ ပူးပေါင်း
ဆောင်ရွက်နိုင်ကြောင်း သူတို့မှာလည်း ဆေးဝါးနဲ့ ဆေးပညာ ထောက်ပံ့မှုလိုအပ်တဲ့ အကြောင်းကိုလည်း ခွန်းဖိလစ်က ပြောပါတယ်။
ဆောင်ရွက်နိုင်ကြောင်း သူတို့မှာလည်း ဆေးဝါးနဲ့ ဆေးပညာ ထောက်ပံ့မှုလိုအပ်တဲ့ အကြောင်းကိုလည်း ခွန်းဖိလစ်က ပြောပါတယ်။

0 မှတ်ချက်များ for "ကြက်ညာ ချောင်း ဆိုးရောဂါကြောင့် မျက်လုံးထဲ သွေး ယိုမှု ဖြစ်ပွား"