မြောက်ကိုးရီယားက တောင်ကိုးရီးယားကို ရန်စမှု ပြုလုပ်နိုင်ဟု ဆို
မြောက်ကိုရီးယား နိုင်ငံသည် လာမည့် ဒီဇင်ဘာလ တွင် တောင်ကိုရီးယား နိုင်ငံ၌ ပြုလုပ်မည့် သမ္မတ ရွေး
ကောက်ပွဲ မတိုင်မီ၊ သို့မဟုတ် ရွေးကောက်ပွဲ ပြီးနောက် အချိန်တွင် ရန်စမှုများ ပြုလုပ်ရန် ကြိုးပမ်း လိမ့်မည်
ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ကင်ကွမ်ဂျင်းက နိုဝင်ဘာလ ၂၂ ရက် နေ့တွင်
ပြောကြား ခဲ့ပါသည်။

မြောက်ကိုရီးယား နိုင်ငံသည် စစ်ပွဲနှင့် ငြိမ်းချမ်းရေး အကြား ရွေးချယ်မှု တစ်ခု ပြုလုပ်ရန် အတွက် ရွေး
ကောက်ပွဲ မတိုင်မီ ရန်စမှုများ ပြုလုပ်လာ နိုင်ပြီး အစိုးရ သစ်အား စမ်းသပ်ရန် အတွက် ရွေးကောက် ပွဲပြီး နောက်ပိုင်းတွင် ရန်စမှုများ ပြုလုပ်ရန် ကြိုးပမ်း လုပ်ဆောင် လိမ့်မည် ဖြစ်ကြောင်း ကင်ကွမ်ဂျင်း ၏ ပြောကြား ချက်ကို ကိုးကား၍ ယွန်ဟက် သတင်းဌာနက ထုတ်ပြန် ခဲ့ပါသည်။

မြောက်ကိုရီးယား နိုင်ငံသည် နျူကလီး ယားနှင့် ဒုံးပျံ စမ်းသပ်မှု များ ပြုလုပ်ရန် အတွက် ကြိုတင် ပြင်ဆင်မှု များ ပြုလုပ်ထားပြီး ဖြစ်သည်ဟု ယူဆရကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးမှ မကြာသေးမီ အချိန်က ပြောကြား ခဲ့ပါသည်။

0 မှတ်ချက်များ for "မြောက်ကိုးရီယားက တောင်ကိုးရီးယားကို ရန်စမှု ပြုလုပ်နိုင်ဟု ဆို"