အစ္စရေးသမ္မတ ရှီမွန် ပဲရစ်က ပါလက်စတိုင်း သမ္မတကို ငြိမ်းချမ်းရေးအတွက် ကြိုဆို ဂုဏ်ပြု
အစ္စရေး နိုင်ငံနှင့် သဘောထားကွဲလွဲ နေသည့် ၁ဝ စုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သော အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံထူထောင်ရေးအစီအစဉ်ကို မိမိ ထောက်ခံကြောင်းဖြင့် နိုဝင်ဘာ ၃ ရက်တွင် ပါ လက်စတိုင်း သမ္မတမာမွတ် အဘတ်စ်က ထုတ်ဖော်
ပြောကြားပြီးနောက် အစ္စရေး သမ္မတရှီမွန် ပဲရစ်က လည်း ပါလက်စတိုင်း သမ္မတကို ငြိမ်းချမ်းရေးအ တွက် ရဲရင့်စွာ ဆောင်ရွက်သူတစ်ဦး အဖြစ် ကြိုဆို ဂုဏ်ပြု ခဲ့သည်။
ပြောကြားပြီးနောက် အစ္စရေး သမ္မတရှီမွန် ပဲရစ်က လည်း ပါလက်စတိုင်း သမ္မတကို ငြိမ်းချမ်းရေးအ တွက် ရဲရင့်စွာ ဆောင်ရွက်သူတစ်ဦး အဖြစ် ကြိုဆို ဂုဏ်ပြု ခဲ့သည်။
ယခု သီတင်းပတ်က အစ္စရေး ရုပ်/သံ အင်တာဗျူး တစ်ခု၌ ပါလက်စတိုင်း သမ္မတ အဘတ်စ်က အစ္စရေး နိုင်ငံ စတင်ထူထောင် ခဲ့သည့် ၁၉၄၈ ခုနှစ် မတိုင်မီ ၎င်း မြေပေါ်တွင် နေထိုင် ခဲ့သော ပါလက်စတိုင်း လူမျိုးများသည် ယခင် မိမိတို့ နေထိုင် ခဲ့သည့် နေရာ များ သို့ ပြန် လာရန် အခွင့်အရေး မရှိကြောင်း အရိပ် အမြွက် ပြောကြား ခဲ့သည်။ အဘတ်စ် ထင်မြင်ချက်အား ၎င်း၏ ပြိုင်ဘက် ပါလက် စတိုင်း အဖွဲ့ များက ဒေါသတကြီး တုံ့ပြန် ပြောဆို လာကြသည်။
အဘတ်စ်၏ ရဲရင့်သော စကားလုံး များက အစ္စရေး နိုင်ငံသည် ငြိမ်းချမ်းရေး အတွက် အမှန်တကယ် လုပ်ဆောင် နေသည့် နိုင်ငံ ဖြစ် သည်ကို သက်သေပြ နေကြောင်းဖြင့် ကြေညာချက် တစ်ရပ်တွင် အစ္စရေး သမ္မတ ရှီမွန် ပဲရစ်က ပြောကြား ထားသည်။
သို့သော်လည်း ပါလက်စတိုင်းတို့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ မဖြစ် လာစေရေး ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တောင်းဆိုရန် အမေ ရိကန်နှင့် အစ္စရေး တို့၏ အစီ အစဉ်ကို ပါလက်စတိုင်း သမ္မတ အဘတ်စ်က ငြင်းပယ် ခဲ့သည်။
ကုလသမဂ္ဂတွင် မဲခွဲ ဆုံးဖြတ် ပြီးနောက် ပါလက် စတိုင်းတို့ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာ ပါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များသို့ ချက်ချင်း ပြန်လာ မည်ဟု အဘတ်စ်က ကတိပေး စကား ပြောကြား ခဲ့သည်။
အစ္စရေးနှင့် ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များမှာ ၂ဝ၁ဝ ပြည့် နှစ်က ရပ်ဆိုင်း ခဲ့ရသည်။ အကြောင်း မှာ အစ္စရေး တို့က အနောက် ဘက်ကမ်းနှင့် အရှေ့ ဂျေရုဆလင် တို့တွင် အခြေချ အိမ်ရာများ ဆောက်လုပ် နေမှုကို ရပ်ဆိုင်းခြင်း မရှိခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။


0 မှတ်ချက်များ for "အစ္စရေးသမ္မတ ရှီမွန် ပဲရစ်က ပါလက်စတိုင်း သမ္မတကို ငြိမ်းချမ်းရေးအတွက် ကြိုဆို ဂုဏ်ပြု "