အာရှအကောင်းဆုံး ဘောလုံးသမား ၁၁ ဦးတွင် မြန်မာ မှ ကြည်လင်း ပါဝင်

နာမည်ကြီးဘောလုံးအားကစား ၀က်ဘ်ဆိုက်တစ် ခုဖြစ်သော Goal.com ၏ အောက်တိုဘာလအတွက်
အာရှအကောင်းဆုံးဘောလုံးသမား ၁၁ ဦး စာရင်း တွင် မြန်မာ့လက်ရွေးစင် ကစားသမားကြည် လင်း ပါဝင်ခဲ့ကြောင်းသိရသည်။

အဆိုပါဝက်ဘ်ဆိုက်မှ ရွေးချယ်ခဲ့သော ကစားသမား ၁၁ ဦး စာရင်းတွင် ကြည်လင်းသည် ဂျပန်လက်ရွေး စင်ဂိုးသမားကာဝါရှီမာ၊ အင်တာမီလန်အသင်းမှ ဂျပန်လက်ရွေးစင် နောက်ခံလူ နာဂါတိုမို၊ ဟမ်းဘတ်အသင်းမှ တောင်ကိုရီးယားကစားသမား ဆွန်ဟောင် မင် စသည့် နာမည်ကြီးကစားသမားများနှင့်အတူ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

၃း၎း၃ ကစားကွက်ပုံစံဖြင့် ရွေးချယ်ထားသော အဆိုပါ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် ကြည် လင်းသည်ညာတောင်ပံကစားသမားနေရာမှ ရွေးချယ်ဖော်ပြခြင်းခံရခြင်း ဖြစ်သည်။ 

ကြည်လင်းကို ရွေးချယ်ရခြင်းနှင့်ပတ်သက်၍ဆူဇူကီးဖလားခြေစစ်ပွဲတွင် မြန်မာအသင်း ခြေစစ်ပွဲ အောင်မြင်
ရးအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး သွင်းဂိုးသုံးဂိုး သွင်းယူပေးနိုင်ခဲ့ကြောင်း၊ ဆူဇူကီးဖလား နောက်ဆုံး အဆင့်ပြိုင်ပွဲတွင် ကြည်လင်းသည် ခြေစွမ်းပြကစားနိုင်ပါကအရှေ့တောင်အာရှ ကလပ်အသင်းကြီးများ၏ စိတ်ဝင်စားမှုကို ခံရနိုင်ကြောင်း Goal.com က သုံးသပ်ဖော်ပြထားသည်။

ကြည်လင်းသည် လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းမှ အားထားရသော အဓိကကစားသမားတစ်ဦးလည်း ဖြစ်သည်။

0 မှတ်ချက်များ for "အာရှအကောင်းဆုံး ဘောလုံးသမား ၁၁ ဦးတွင် မြန်မာ မှ ကြည်လင်း ပါဝင် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++