ပိုက်လိုင်းအိပ်မက် ဆိုး (သို့) ပိုက် လိုင်းကြောင့် ပြည် သူများ ခံစားနေရတဲ့ ဒုက္ခများ
ရခိုင်ကမ်းလွန်ပင်လယ်ပြင် ရွှေသဘာဝဓါတ်ငွေ့စီမံ ကိန်း၊ ရခိုင်ကမ်းရိုးတန်းမှ
တရုပ်ပြည်အထိ သွယ် တန်း ဖောက်လုပ်နေတဲ့ သဘာဝဓါတ်ငွေ့နဲ့ ရေနံ ပိုက်လိုင်း
စီမံကိန်းကြောင့် မြန်မာပြည် အရှေ့
မြောက်ပိုင်းဒေသ ပြည်သူများ ခံစားနေရတဲ့ဒုက္ခများ နဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ပိုက်လိုင်း အိပ်မက် ဆိုး အမည်ရှိ အစီရင်ခံစာကို တအာင်း ကျောင်း သားနဲ့ လူငယ် အစည်းအရုံးက ၂၀၁၂၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ထုတ်ဝေလိုက်ပါတယ်။
မြောက်ပိုင်းဒေသ ပြည်သူများ ခံစားနေရတဲ့ဒုက္ခများ နဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ပိုက်လိုင်း အိပ်မက် ဆိုး အမည်ရှိ အစီရင်ခံစာကို တအာင်း ကျောင်း သားနဲ့ လူငယ် အစည်းအရုံးက ၂၀၁၂၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ထုတ်ဝေလိုက်ပါတယ်။
ထို အစီရင်ခံစာတွင် မြန်မာပြည်
အရှေ့မြောက်၊ ရှမ်းပြည်မြောက်ပိုင်း မြို့နယ် ၆ မြို့နယ်၊ ကျေးရွာပေါင်း
၅၁ ရွာရှိ ဒေသခံပြည်သူများရဲ့ ပကတိအခြေအနေများကို ကွင်းဆင်း လေ့လာကာ
ဖော်ပြထားပါတယ်။
ထို အစီရင်စာနဲ့ ပတ်သက်ပြီး တအာင်းကျောင်းသားနဲ့ လူငယ် အစည်းအရုံး အထွေထွေ
အတွင်းရေးမှူး မိုင်အောင်ကိုအား ယနေ့မြန်မာက ဆက်သွယ် မေးမြန်းရာ
“ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းကြောင့် ဒေသခံ
တွေရဲ့ လယ်ယာမြေ အများကြီး သိမ်းဆည်းခံရတယ်။
တွေရဲ့ လယ်ယာမြေ အများကြီး သိမ်းဆည်းခံရတယ်။
လုပ်အားပေး စေခိုင်းခံရတယ်။ ပိုက်လိုင်း လုံခြုံရေးအတွက်
စစ်တပ်တွေ တိုးချဲ့ချထားတဲ့အတွက် လူ့အ ခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး
ဖြစ်ပေါ်လာတာပေါ့။ ဒ့ါကြောင့် ကျွန်တော်တို့က ပိုက်လိုင်း
အိပ်မက် ဆိုးဆိုတဲ့ အစီရင်ခံစာ ထုတ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်တာပါ
ခင်ဗျ။“ လို့ ပြောပြပါတယ်။
ထို့အပြင် သူက မြန်မာစစ်တပ်ဟာ တရုပ်အလုပ်သမားတွေရဲ့ ကြေးစားစစ်သား
ဖြစ်နေပုံနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ဘက်မှာ အဓိက အလုပ်သမားတွေဆိုရင်
တရုပ်ပြည်က တရုပ်အလုပ်သမားတွေနဲ့ ပိုက်လိုင်း လာ တူးတာ၊ လာ ဆောက်တာ
လုပ်တယ်။ ဒေသခံတွေ ၀င် လုပ်တာ မရှိသလောက် တွေ့ရှိရတယ်။
တရုပ်အလုပ်သမားတွေရဲ့ လုံခြုံရေးအတွက် ဒေသခံ ရဲ၊ စစ်တပ်တို့က
တာဝန်ယူပေးထားတာ ပေါ့။ ဒေသခံ စစ်သားဆိုရင် တရက်ကို ငါးထောင်ပေးပြီး
သူတို့ရဲ့ လုံခြုံရေးကို တာဝန်ယူခိုင်းတာ တွေ့ရတယ်။“ လို့ ရှင်းပြပါတယ်။
ပိုက်လိုင်း လုံခြုံရေးအတွက် မြန်မာအစိုးရစစ်တပ်များ
ဖြန့်ကျက်နေရာယူမှုကြောင့် ဖြစ်ပေါ်လာတဲ့ တိုင်း ရင်းသားလက်နက်ကိုင်များနဲ့
မြန်မာစစ်တပ်အကြား ပဋိပက္ခအကြောင်း မေးမြန်းရာမှာ “စီမံကိန်း စတဲ့ အချိန်က
စပြီးတော့ စစ်တပ်တွေ တိုးပွားလာတာကို တွေ့ရတယ်။ နမ္မတူက မန်တုံ၊
နမ်းခမ်းတလျှောက် စစ်တပ်စခန်းငယ်တွေက ပိုက်လိုင်းတလျောက် လုံခြုံရေး
ချထားတယ်။ အခု လက်ရှိက လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုတို့မှာ
ရှိနေတဲ့ တပ်ရင်းတွေ တက်လာပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို
ထိုးစစ်ဆင်ဖို့ စစ်အင်အား တိုးချဲ့လာတာ တွေ့ရတယ်။ ကျွန်တော်တို့ဘက်မှာ
နှစ်ရက်ခြား စစ်ပွဲတွေ ဖြစ်နေတာ တွေ့ရ တယ်။“ လို့ ပြောပြပါတယ်။
ဆက်စပ်သတင်းများအရ မြန်မာစစ်သားများရဲ့ လစာငွေ မလောက်ငမှုကြောင့်
ကြပ်ပြေးနေပြည်တော် အစိုးရ အုပ်ချုပ်မှုနဲ့ အလှမ်းဝေးနေတဲ့ ဒေသတွင်းရှိ
မြန်မာစစ်တပ်က အရာရှိ အရာခံ အကြပ်တပ်သားတွေ ရဲ့ စားဝတ်နေရေးကို
တာဝန်ကျရာဒေသတွင်းရှိ ပြည်သူများက တစိတ်တပိုင်း တာဝန်ယူရသလို
ဖြစ်နေ
ကြောင်း၊ အစိုးရ၀န်ကြီးအချို့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ လုပ်ကိုင်နေချိန် တိုင်း ရင်းသားလက်နက်ကိုင်တွေ ငြိမ်းချမ်းရေး ဆွေးနွေးလာအောင် မြန်မာစစ်တပ်က ဖိအားပေး တိုက်ခိုက်နေ တဲ့သဘော သက်ရောက်နေကြောင်း သိရပါတယ်။
ကြောင်း၊ အစိုးရ၀န်ကြီးအချို့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ လုပ်ကိုင်နေချိန် တိုင်း ရင်းသားလက်နက်ကိုင်တွေ ငြိမ်းချမ်းရေး ဆွေးနွေးလာအောင် မြန်မာစစ်တပ်က ဖိအားပေး တိုက်ခိုက်နေ တဲ့သဘော သက်ရောက်နေကြောင်း သိရပါတယ်။
အခု ထုတ်ပြန်လိုက်တဲ့ တအာင်း ကျောင်းသားနဲ့ လူငယ် အစည်းအရုံးရဲ့
ပိုက်လိုင်း အိပ်မက်ဆိုး အစီရင်ခံ စာတွင် ဒေသခံများအား လျှော်ကြေးပေးမှု
မညီမမျှ ဖြစ်နေပုံ၊ ဒေသခံအချို့ကို ငွေကြေးနဲ့ စည်းရုံးပြီး
ပိုက်လိုင်းစီမံကိန်း ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပုံ၊ မြန်မာစစ်တပ်နဲ့
တရုပ်အလုပ်သမား များကြောင့် ဒေသခံအမျိုးသမီးများ လုံခြုံမှု
ကင်းမဲ့ခဲ့ရပုံများကိုလည်း ဖော်ပြထားပါတယ်။
ထို အစီရင်ခံစာအရ
မြန်မာအာဏာပိုင်များရဲ့ ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း စီမံခန့်ခွဲမှုများဟာ
တိုင်းရင်း သားများအပေါ် အကျိုးကျေးဇူးထက် ဒုက္ခ ပို ရောက်စေကြောင်း
သိရှိရပါတယ်။


0 မှတ်ချက်များ for "ပိုက်လိုင်းအိပ်မက် ဆိုး (သို့) ပိုက် လိုင်းကြောင့် ပြည် သူများ ခံစားနေရတဲ့ ဒုက္ခများ"