မြန်မာအစိုးရ စစ်ကြောင်း ပစ်ခတ်၍ ရွာသားတဦး ဆေးရုံ တင်ထားရ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင်မူ ပြောင်းဖူး
ကောက်နေသော ရွာသားများအား မြန်မာစစ်
ကြောင်းက ပစ်ခတ်သဖြင့် ရွာသားတဦးဆေးရုံ တင်ထားရကြောင်း နိုင်ငံရေးပါတီဝင်လူငယ် တဦး ကပြောသည်။

“မိုင်းယင်အုပ်စု ဟော်နားရွာဘက်ကို မြန်မာစစ်
ကြောင်း ရောက်တယ်။ ပြောင်းဖူးကောက် တဲ့ခြံ
ဘေး ဖြတ်လာတော့ စိုင်းအောင်ဆိုတဲ့ပြောင်းခြံ လုပ်သားက ပေါ် တာ ဆွဲမှာကိုကြောက်ပြီး ထွက်ပြေးဖို့လုပ် တော့ သေနတ် ပစ်ထဲ့လိုက်တော့ တာဘဲ” - ဟု နမ္မတူမြို့ပေါ် ရောက် မိုင်းယင် ရွာသားတဦးကပြောပါ သည်။
နိုဝင်ဘာ ၆ ရက် နေ့ နမ္မတူမြို့နယ် မိုင်းယင် ကျေးရွာအုပ်စုဘက် နမ့်လန် အခြေစိုက်အစိုးရတပ် ခလရ ၂၄၃ က သွားရောက်လှုပ်ရှားကြောင်း၊ အသက် ၃၅ နှစ်အရွယ် ပြောင်းခြံလုပ်သား စိုင်းအောင်က မြန်မာ စစ်သားအားကြောက်ရွံ့သောကြောင့် တိမ်းရှောင်ရန် ကြိုးစားစဉ်အစိုးရတပ်က ပစ်ခတ်သော ကြောင့် ရင်ဘတ်၊ လက်၊ ပေါင်တို့ ၌ ဒဏ်ရာရရှိကြောင်း၊ ၄ နှစ်အရွယ် ၎င်းင်း၏ကလေးလဲ နှဖူး၌ ကျည်စထိမှန်
ကြောင်း၊ လက်ရှိစိုင်းအောင်ဆိုသူသည် နမ္မတူဆေးရုံသို့ ရောက်ရှိနေကြောင်း ကြားသိရပါသည်။
“ဟုတ်တယ်။ ကျမလဲ လူလွတ်ပြီးသတင်းသွားမေးခိုင်းထားတယ်။ ကျားဖြူပါတီကို တိုက်ရိုက်လာတိုင် တာတော့မရှိသေးဘူး”- ဟု ပြည်နယ်လွှတ်တော်အမတ်နန်းခမ်းအေးက ပြောပါသည်။
သေနတ်ပစ်ခံရသူ စိုင်းအောင်သည် ဇနီး ၊ ၄ နှစ်သားအရွယ် သားတဦးနှင့်အတူ ပြောင်းဖူးကောက် နေစဉ် ယခုကဲ့သို့ ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း - နီးစပ်သူတဦးကပြောပါသည်

http://www.burmese.panglong.org/news
0 မှတ်ချက်များ for "မြန်မာအစိုးရ စစ်ကြောင်း ပစ်ခတ်၍ ရွာသားတဦး ဆေးရုံ တင်ထားရ"