ဖွံ့ဖြိုးရေးကော်လိပ် မှ တိုင်းရင်း သား ကျောင်းသား လူငယ်များ လမ်းလျှောက် ဆန္ဒပြ

မန္တလေးမြို့တွင် တက်ရောက်သင်ကြား ရသော
ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကျောင်းကို စစ်ကိုင်း (ရွာသစ်ကြီး) သို့ ကျောင်းပြောင်းရွှေ့ ရမည်ကို မလိုလားသောကြောင့် ၂၀၁၂ ခုနစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ည (၇) နာရီ မှ စ၍ ကျောင်းသား (၅၀၀) ခန့် သည် စစ်ကိုင်းရွာသစ်ကြီးကျောင်းမှ မန္တလေးသို့ လမ်းလျှောက် ချီတက်ခဲ့ကြသည်။ 

ယခု လက်ရှိတွင် လမ်းလျှောက်ဆန္ဒပြကြသော ကျောင်းသားများသည် စစ်ကိုင်းမြို့သစ်အ၀ိုင်းသို့
ရောက်ရှိနေပြီး မန္တလေးသို့ ဆက်လက် လမ်းလျှောက် လာမည်ဟု လမ်းလျှောက်ဆန္ဒပြပွဲတွင် ပါဝင်သူ တစ်ဦး မှ ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနစ်၊ နိုဝင်ဘာလ (၂၃)ရက် နေ့ တွင်လည်း သတင်းစာရှင်းလင်းပွဲတစ်ခု ဆက်လက်ပြီး မန္တလေးကျောင်းတွင် ဆက်လက်ပြုလုပ်မည့် အစီအစဉ် ရှိကြောင်း ပြောသည်။

''ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က မန္တလေးမှာပဲ ဆက်ပြီး ကျောင်းတက်သွားချင်တယ် ကျွန်တော်တို့ က ဆန္ဒပြတာမဟုတ်ဘူး လမ်းလျှောက်ချီတက်တာပါ'' ဟု လမ်းလျှောက် ချီတက်ပွဲတွင် ပါဝင်သူ ပြည်
ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် မှ ကျောင်းသားတစ်ဦးက ပြောပါသည်။

ကျောင်းပြောင်းရွှေ့ရမည့် ကိစ္စ နှင့်ပတ်သက်ပြီး ၂၀၁၂ ခုနစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ တွင်လည်း ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် မှ ကျောင်းသားများမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။

၎င်းကိစ္စနှင့် နိုင်ငံတော်သမ္မတကြီးထံ အသနားခံစာကို နှစ်ကြိမ်တိတိ ပို့ထားကြောင်းသိရသည်။ ပထမ အကြိမ် ၅.၁၀.၂၀၁၂ က တစ်ကြိမ်၊ ၁၅.၁၀.၂၀၁၂ က တစ်ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။

0 မှတ်ချက်များ for "ဖွံ့ဖြိုးရေးကော်လိပ် မှ တိုင်းရင်း သား ကျောင်းသား လူငယ်များ လမ်းလျှောက် ဆန္ဒပြ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++