ဘာရိန်း အစိုးရမှ တားမြစ်ထား သော်လည်း ဆန္ဒပြမှုများ ဖြစ်ပွား
ဆော်ဒီအာရေဗျမှ ကျောထောက် နောက်ခံပြု ထားသော ဘာရိန်း တပ်ဖွဲ့ဝင် များသည် မျက်ရည်ယို ဗုံးများနှင့် ရော်ဘာ ကျည်ဆံများကို အသုံးပြု၍ ပါရှန် ပင်လယ်ကွေ့ကျွန်း အနောက် မြောက်ပိုင်းနှင့် အရှေ့ မြောက်ပိုင်းရှိ အစိုးရ ဆန့်ကျင်သည့် ဆန္ဒပြ သူများကို တိုက်ခိုက် ခဲ့ကြောင်း သိရှိရ ပါသည်။
ဆန္ဒပြ သူများသည် ၂ဝ၁၁ ခုနှစ်မှ စ၍ အစိုးရ အပေါ် ဆန့်ကျင်သည့် ဆန္ဒပြမှု များတွင် အစိုးရ ၏ နှိမ်နင်းမှုကြောင့် သေဆုံး ခဲ့သော မိသားစုဝင် များအား ထောက်ခံ ကြောင်းပြသရန် အတွက် Muqabah ကျေးရွာ အပါအဝင် အရှေ့ မြောက်ပိုင်းရှိ Sitra ကျေးရွာနှင့် အနောက် မြောက်ပိုင်းရှိ Diraz ကျေးရွာ များတွင် ချီတက် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြ ပါသည်။
နိုင်ငံ တစ်ဝန်းလုံး လူထုစုရုံးမှု များနှင့် ဆန္ဒပြမှုများ အားလုံးကို ဘာရိန်း အစိုးရမှ တားမြစ်ထား သော်လည်း ဆန္ဒပြမှုများ ဖြစ်ပွား လျက်ရှိ ပါသည်။
နိုဝင်ဘာလ ၉ ရက်နေ့တွင် အစိုးရ၏ နှိမ်နင်းမှုကြောင့် လူငယ်တစ်ဦး သေဆုံးမှု အပေါ် ပြစ်တင် ရှုတ်ချရန် အတွက် လမ်း များပေါ်သို့ စုဝေးရာမှ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် Diraz ကျေးရွာသည် အစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြမှုများ ပြုလုပ်ရာ နေရာ တစ်ခု ဖြစ်လာ ခဲ့ကြောင်း သိရှိရ ပါသည်။


0 မှတ်ချက်များ for "ဘာရိန်း အစိုးရမှ တားမြစ်ထား သော်လည်း ဆန္ဒပြမှုများ ဖြစ်ပွား"