ကလေးသူငယ်များ အခြေအနေ လေ့လာ ဆန်းစစ်မှု အစီရင်ခံစာ ထုတ်ပြန်

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အ ဖွဲ့ (ယူနီဆက်-မြန်မာ) တို့ပူးပေါင်း၍ ၂ဝ၁၂ ခုနှစ်
မြန်မာနိုင်ငံ ကလေးသူငယ်များအခြေအနေ လေ့ လာဆန်းစစ်မှု အစီရင်ခံစာကို ရေးဆွဲထုတ်ပြန် လိုက်ကြောင်း ယူနီဆက်၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

"ကလေးသူငယ်များ အခြေအနေ လေ့လာဆန်း စစ်မှု အစီရင်ခံစာထုတ်ပြန်တဲ့ အခမ်းအနားအ လုပ်ရုံ ဆွေးနွေးပွဲကနေတစ်ဆင့် မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေအတွက် လိုအပ်တဲ့ ကွာဟချက်တွေကို
ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ နိုင်ငံဟာ ဆင်းရဲမွဲတေမှုနှုန်းကို ၂ဝ၁ဝ ပြည့်နှစ်မှာ ၃၂ ရာခိုင်နှုန်းကနေ ၂၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ပြီး လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ၁၆ ရာခိုင်နှုန်းအထိ လျှော့ချဖို့ မျှော်မှန်းထားပါတယ်" ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာကံဇော်က အစီရင်ခံစာ ထုတ်ပြန်ခြင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ အစီရင်ခံစာမှာ ၂ဝဝ၉-၂ဝ၁ဝ အုပ်စုလိုက် ဘက်စုံအညွှန်းကိန်းစစ်တမ်း၊ နိုင်ငံတကာနှင့် ပြည် တွင်းမှ ထုတ်ဝေသည့် စာတမ်းများ၊ စစ်တမ်းများကိုအခြေပြု၍ လက်ရှိမြန်မာနိုင်ငံတွင် ဦးစားပေး ဆောင် ရွက်ရမည့်လုပ်ငန်းများ၊ အနာဂတ်တွင်ရေးဆွဲမည့် မူဝါဒများအတွက် စိန်ခေါ်မှုများကိုဖော်ပြရန်၊ လုပ်ငန်း အစီအစဉ်များနှင့် လိုအပ်သည့်လုပ်ဆောင်ချက်များကို အကြံပြုရန်အတွက် ရေးဆွဲပြုစုခဲ့ခြင်း ဖြစ်သည်။
အထက်ပါ လေ့လာဆန်းစစ်မှု အစီရင်ခံစာသည် ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက်များ၊ ကလေး သူငယ်အခွင့်အရေးများကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရန် အထောက်အကူပြုပြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် လူမှုရေး၊ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ယခုလေ့လာဆန်းစစ်မှု အစီရင်ခံစာက သုံးသပ်ထားသည်။

"လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အမျိုးသမီးနဲ့ ကလေးတွေရဲ့ အခြေအနေကို အခုအစီရင်ခံစာ သုံးသပ်ထားပါတယ်၊ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကရတဲ့ သတင်းအချက်အလက် တွေ ပုံမှန်ထုတ်ပြန်တဲ့ အစီရင်ခံစာတွေ၊ စစ်တမ်းအသီးသီးက ရရှိတဲ့အချက်အလက်တွေပေါ်မှာ အခြေပြုပြီး ကလေးသူငယ်အခွင့်အရေးကို အကောင်းအထည်ဖော်ဖို့အတွက် အသုံးဝင်တဲ့ အထောက် အထား အချက်အလက်တွေကို ဖော်ပြပေးထားပါတယ်" ဟု ယူနီဆက်မှ မြန်မာဌာနေကိုယ်စားလှယ် မစ္စတာရာမက်(ရှ်)ရှ ရသာကပြောသည်။

အဆိုပါ အစီရင်ခံစာကို "မြန်မာနိုင်ငံရှိ ကလေးသူငယ် အခွင့်အရေးအပေါ် အကျိုးသက်ရောက်မည့် အခြေခံအကြောင်းတရားများ စာတမ်း"၊ "ကျန်းမာရေး၊ အာဟာရ ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်သန့် ရှင်း ရေးကဏ္ဍတွင် ကလေးသူငယ်များ၏ ရပိုင်ခွင့် အခွင့်အရေးစာတမ်း"၊ "ကလေးသူငယ်များ ပညာသင်ယူခွင့် ရရှိရေးစာတမ်း"၊"ကလေးသူငယ်များ အိပ်(ခ်ျ) အိုင်ဗီရောဂါ ကူးစက်မှုမှ ကင်းစင်ရေး အခွင့်အရေးစာတမ်း" တို့အား ဖတ်ကြားဆွေးနွေးခြင်းကို အခြေခံပြီး ရေးဆွဲထားခြင်း ဖြစ်သည်။

0 မှတ်ချက်များ for "ကလေးသူငယ်များ အခြေအနေ လေ့လာ ဆန်းစစ်မှု အစီရင်ခံစာ ထုတ်ပြန်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++