တိုက်တန်းနစ် ရုပ်ရှင်နှင့် သမိုင်းကြောင်း
၁၉၁၂ ခုနှစ် ဧပြီလက နှစ်မြှုပ်ခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောဟာ ကမ္ဘာကျော်သင်္ဘောဖြစ်ပါတယ်။ ယင်းသင်္ဘောကိုအခြေခံပြီး ရိုက်ကူးတဲ့ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ရုံတင် ရုပ်ရှင် တိုက်တန်းနစ် ကလည်း ကမ္ဘာကျော် ရုပ်ရှင်ကးကောင်းဖြစ်ခဲ့ပါတယ်။ ဒါရိုက်တာ ကင်မရွန်းရဲ့ လက်စွမ်းကြောင့်ပဲ သမိုင်းတစ်လျှောက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သို့ပေမယ့် ၂၀၀၉ ခုနှစ် က ကင်မရွန်းကိုယ်တိုင်ပဲ ရိုက်ကူးတဲ့ Avator ရုပ်ရှင်က နံပါတ် ၁ ဖြစ်သွားပါတယ်။တိုက်တန်းနစ် ရုပ်ရှင်ဟာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်ကျခံ ရိုက်ကူးထားပြီး Box office မှာ ဒေါ်လာ သန်း ၂ထောင်ကျော် (၂၁၈၅၃၇၂၃၀၂) နဲ့ ဝင်ငွေစံချိန်ချိုးနိုင်ခဲ့ပါတယ်။ သမိုင်းတစ်လျှောက် ပထမဆုံး ဝင်ငွေ ဘီလျံနဲ့ချီပြီး ရရှိတဲ့ ရုပ်ရှင်လို့လည်း မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှစတင်ပြီး ကမ္ဘာတစ်လွှာမှာ တိုက်တန်းနစ် (Titanic) ကို 3D ရုပ်ရှင်အနေနဲ့ အသက်သွင်းပြီး ပြန်လည် ရုံတင်ပြသခဲ့ပါတယ်။ ရုံတင်ပြသတဲ့ ဧပြီလအတွင်းမှာလည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ အမေရိကန်ဒေါ်လာ သန်း ၃၄၂.၁သန်း ကျော် ဝင်ငွေပြန်လည်ရရှိခဲ့ပါတယ်။ ဒါကြောင့် 3D ရုပ်ရှင်မှာတောင် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြန်လည်အောင်မြင်မှု ရရှိတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ တိုက်တန်းနစ်ရုပ်ရှင်ကို 3D version ဖြစ်အောင် အပတ် ၆၀ အချိန်ယူရပြီး အမေရိကန်ဒေါ်လာ ၁၈ သန်း ပြန်လည်အ ကုန်ကျခံ ထားပါတယ်။
အကောင်းဆုံ ဓာတ်ပုံဆု၊ ဒါရိုက်တာဆုများအပြင် အခြား ထူးချွန်ဆုများ စုစုပေါင်း အကယ်ဒမီဆု ၁၄ခု ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ကား ကြီး ဖြစ်ပါတယ်။
ရုပ်ရှင်ရိုက်ကွင်းရိုက်ကွက်များကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီး ယားပြည်နယ်က စတူဒီယိုတစ်ခုမှာပဲ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ သင်္ဘောပုံစံငယ်ကိုလည်း စကေးကျကျပြန်လည်တည်ဆောက်ထားပါတယ်။ သင်္ဘောနှစ်မြှုပ်တဲ့ ဇာတ်ဝင်ခန်းကတော့ Computer Generated Imagery (CGI) နည်းပညာကို အသုံးပြုဖန်တီးထားခြင်း ဖြစ်ပါတယ်။
ဖြစ်ရပ်ကတော့ ၁၉၁၂ ခုနှစ် ဧပြီလက အမှန်တကယ်နှစ်မြှုပ်သွားတဲ့ သင်္ဘောကို အခြေခံထားပါတယ်။ သူ့ခေတ်သူ့အခါက ကမ္ဘာ့ အကြီးံဆုံး အဆင့်မြင့် ခရီးသွားသင်္ဘောကြီး RMS Titanic ဖြစ်ပါတယ်။ အမေရိကန် သူဌေး ဂျေမီမော်ဂန်က ရှယ်ယာအများဆုံး ထည့်ဝင် တည်ဆောက်ထား တဲ့ ဗြိတိန် ကြယ်ဖြူသင်္ဘောလိုင်း (White Star Line) ပိုင် သင်္ဘောဖြစ်ပါတယ်။ ကုမ္မဏီရဲ့ အိုလံပစ်အဆင့် သင်္ဘော သုံးစီးထဲက ဒုတိယမြောက်သင်္ဘောဖြစ်ပါတယ်။
သူ့ခေတ်အရ ကမ္ဘာ့ခရီးသည်အများဆုံး တည်ဆောင်နိုင်တဲ့ သင်္ဘောဖြစ်ပါတယ်။ သင်္ဘောသား ၈၉၂ ဦး ခရီးသည် ၂၄၃၅ဦး တင်ဆောင်နိုင်ပြီး ပထမဆုံး ခရီးစဉ်မှာ ခရီးသည်နဲ့ သင်္ဘောသားပေါင်း ၂၂၂၄ ဦး ပါဝင်ခဲ့ပါတယ်။ ယင်းခရီသည်တွေထဲမှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များ ပါဝင်ပြီး အင်္ဂလန်ကနေ အမေရိကန်ကို ပြောင်းရွှေ့နေထိုင် ဘဝသစ်ထူမယ့် လူများလည်း ပါဝင်ပါတယ်။ ခရီးစဉ်ကတော့ အင်္ဂလန်၊ ဆောက်တင်သန် ကနေ အမေရိကန် နယူးယောက်မြို့ သို့ ဖြစ်ပါတယ်။ ဧပြီလ ၁၀ ရက်နေ့က စတင်ခရီးနှင်ပြီး ၄ ရက်မြောက်နေ့ က Newfounland မှ ရေခဲတုံးကြီးအား ဝင်တိုက်မိခဲ့ပါတယ်။ ဒါကြောင့် လူပေါင်း ၁၅၀၂ ဦးဟာ အန္တလတိတ် သမုဒ္ဒရာရေခဲပြင်မှာ နှစ်မြှုပ်သေဆုံးခဲ့ ပါတယ်။
Titanic က ရေနွေးငွေ့အင်ဂျင်သုံး စက်တက် သင်္ဘောဖြစ်ပါ တယ်။ လောင်စာအနေနဲ့ ကျောက်မီးသွေးက အသုံးပြုရပါတယ်။ ရေလုံခန်း ၁၆ ခန်း ကန့်ထားပေမယ့် ရေခဲနဲ့ တိုက်မိချိန်မှာ ၅ ခန်း တစ်ဆင့်ပြီးတစ်ဆင့် ပျက်ဆီးခဲ့ပါတယ်။ ယင်းအကျိုးဆက်ကြောင့် ၂ နာရီ မိနစ် ၄၀ အတွင်းမှာပဲ သင်္ဘောဟာ ရေထဲနှစ်မြှုပ်ခဲ့ရ ပါတယ်။ နှစ်မြှုပ်ချိန်ကတော့ ဧပြီလ ၁၅ ရက်မနက် ၂နာရီ ၂၀ မိနစ်ဖြစ်ပါတယ်။
သင်္ဘောအတွက် သက်ကယ်လှေ အစီး ၂၀ သာပါဝင်ပြီး လူပေါင်း ၁၁၇၈ ဦးအတွက်သာ လုံလောက်ပါတယ်။ သို့ပေမယ့် ၂ နာရီကျော်အတွင်းမှာ သက်ကယ်လှေအလျင်မှီ မချနိုင်တဲ့အတွက် ၇၀၅ ဦးသာ ကယ်ဆယ်နိုင်ခဲ့ ပါတယ်။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ခရီးသည်ဆိုပြီးလည်း အဆင့်ခွဲထားပြီး ပထမတန်းအများစုကိုသာ ဦစားပေးကယ်ဆယ်ခဲ့ပါ တယ်။ ရေကြောင်းရဲ့ စည်းမျဉ်းစည်းကမ်းအရလည်း အမျိုးသမီးနဲ့ ကလေးငယ်များကို ဦးစားပေးခဲ့ပါတယ်။
နာရီပိုင်းအတွင်း နှစ်မြှုပ်မှုကို အနီးတစ်ဝိုက် သင်္ဘောတစ်စီးက ကယ်ဖို့အခွင့် အရေး ရှိခဲ့တယ်လို့ သိရပါတယ်။ သို့ပေမယ့် ယင်းသင်္ဘောဟာ ဆက်သွယ်ရေး ရေဒီယို ပိတ်ထားတဲ့အတွက် နှစ်မြှုမှုကို သိတောင်မသိခဲ့ပါဘူး။
နှစ်မြှုပ်မှုကြောင့် သင်္ဘောလောကကို များစွာ ပြောင်းလဲစေခဲ့ပါတယ်။ တည်ဆောက်ရေးအနေနဲ့ Rivet လို့ခေါ်တဲ့ စို့နဲ့ တည်ဆောက်တဲ့ သင်္ဘောတွေကို ဝယ်ဒင်ဆော် သတ္တုဂဟေဆော် သင်္ဘောဖြစ်သာ တည်ဆောက်စေဖို့ သတ်မှတ်ခဲ့ပါတယ်။သင်္ဘောကိုယ်ထည်ရေစိမ့် ဝင်နိုင်မှုက စို့နဲ့ဆိုရင်ပိုမိုလွယ်ကူတဲ့အတွက် ဖြစ်ပါ တယ်။ နောက်တစ်ချက် ကတော့ ရေကြောင်းသွား ဘယ်သင်္ဘောမဆို ဆက်သွယ်ရေး ရေဒီယိုမှာ လူတစ်ယောက်အနည်းဆုံး အချိန်ပြည့်စောင့်ကြည့်နေ ဖို့ ဖြစ်ပါ တယ်။ နောက်တစ်ချက် ကတော့ သက်ကယ်လှေအလုံအလောက် တင်ဆောင်ရန် ဖြစ်ပါတယ်။ ၁၀ ရှိရင် ၁၀ ယောက်စာ လုံလောက်တဲ့ သက်ကယ်လှေ တင်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ရေကြောင်းသွား သင်္ဘောများ ကြံ့ခိုင်ရေး စစ်ဆေးမှုကို ယခင်ကထက် ပိုမို တင်းကြပ် စွာ ပြုလုပ်လာခဲ့ပါတယ်။ ဘယ်တော့မှ မမြှုပ်နိုင်လို့ အမွမ်းတင်ထားတဲ့ တိုက်တန်းနစ် သင်္ဘောနှစ်မြှုပ်မှုဟာ သမိုင်းတစ်လျှောက်လူအများ ဆုံး သေတဲ့ နှစ်မြှုပ်မှုထဲမှာ ပါဝင်ခဲ့ပါတယ်။
ယင်း တိုက်တန်းနစ် သင်္ဘောနစ်မြှုပ်မှုကို အခြေခံပြီး ရုပ်ရှင်ပေါင်းများစွာ ထွက်ရှိခဲ့ဖူးပြီး တိုက်တန်းနစ်ကတော့ အအောင်မြင်ဆုံး ဖြစ်ပါတယ်။ တက်သစ်ဆ မင်းသား လီယိုနာဒို ဒီကာပရိုနဲ့ မင်းသမီး ကိန်းဝင်းဆလက် တို့အတွက် အနုပညာလမ်း လင်းလက်စေခဲ့တဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ ကိန်းဝင်စလက် အကယ်ဒမီရပေမယ့် လီယိုနာဒို အကယ်ဒမီ မရခဲ့ပါဘူး။ သို့ပေမယ့် ယင်းဇာတ်ကားကြောင့် ဝင်ငွေစံချိန်တင်ရရှိတဲ့ မင်းသား တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။
ရုပ်ရှင်ထဲမှာ ကိန်းဝင်းဆလက်က ပထမတန်းစား ခရီးသည်များထဲမှ ၁၇ နှစ်အရွယ် သူဌေးသမီး Rose အဖြစ် သရုပ်ဆောင်ရပြီး လီယိုနာဒိုကတော့ တတိယတန်းစား ခရီးသည်များထဲမှ သာမန် ပန်းချီဆရာ Jack အနေနဲ့ သရုပ်ဆောင်ရပါတယ်။ ဘဏ္ဍာရေး ပြဿနာကြောင့် သူဌေးသမီး Rose ဟာ အသိမ်းခံရတော့ မိန်းကလေးတစ်ဦးဖြစ်ပါတယ်း သူသာ လက်ထက်လိုက်မယ်ဆိုရင် သူ့မိသားစုရဲ့အကြွေးတွေကို ပယ်ဖျက်ပေးမယ်ဆိုတဲ့ သဘောတူညီချက်ကြောင့် ဖြစ်ပါတ်။ မမျော်လင့်ပဲ သင်္ဘောပေါ်မှာ ရိုးသားတဲ့ တတိယတန်းစား ခရီးသည် Jack နဲ့ တွေ့ဆုံပြီး အချိန်တိုလေးတွင်းမှာ ချစ်ကြိုက်သွားပါတယ်။ လေးရက်အတွင်းမှာ သံယောဇဉ်တွယ်သွားကြတဲ့ သူတို့ချစ်ခြင်းဟာ အမှန်တကယ် စစ်မှန်ကြောင်းကို သင်္ဘောနှစ်မြှုပ်ချိန်မှာ Jack က သက်သေပြခဲ့ပါတယ်။ လူတစ်ယောက်စာသာ အလေးချိန် တင်ဆောင်နိုင်တဲ့ သစ်သားပြားပေါ် ချစ်သူ Rose ကိုတင်ပြီး Jack ဟာ ရေထဲမှာပဲအသက်အသေခံခဲ့ပါတယ်။
အသက်ပေးချစ်တဲ့ Jack ရဲ့ချစ်ခြင်းကြောင့် ရုပ်ရှင်ကြည့်ရှုသူများ မျက်ရည်ကျခဲ့ရပါတယ်။ အမှန်တော့ ယင်း အချစ်ဇာတ်လမ်းဟာ စိတ်ကူး ပုံဖော်ထားခြင်းသာ ဖြစ်ပါတယ်။ တိုက်တန်းနစ် သင်္ဘောနှစ်မြှုပ်မှုကို အသက်သွင်းဖို့အတွက် အချစ်ဇာတ်လမ်းတစ်ပုဒ် ထည့်သွင်းခြင်းမျှ သာ ဖြစ်ပါတယ်း သို့ပေမယ့် ယင်းအချစ်ဇာတ်လမ်းဟာ ယနေ့တိုင် ကမ္ဘာကျော်အချစ် ဇာတ်လမ်းဖြစ်နေခဲ့ပါတယ်။


0 မှတ်ချက်များ for "တိုက်တန်းနစ် ရုပ်ရှင်နှင့် သမိုင်းကြောင်း "