ပြည်သူ့ စစ်ခေါင်ဆောင်ကို ဘတ် ၂ သန်းဖြင့် ထိုင်းတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်
သျှမ်းပြည်အရှေ့ပိုင်း တာချီ လိတ်မြို့နယ် နမ့်ပုံပြည်သူ့ စစ်ခေါင်းဆောင် ဦးယီ့ဆေးအား မူးယစ်ဆေးဝါး မှုဖြင့် ထိုင်းမူးယစ် နှိမ်နှင်းရေးတပ်ဖွဲ့မှ ဘတ်ငွေ ၂ သန်းတိုးကာ ဖမ်းဝရမ်း ထုတ်ထားကြောင်း ထိုင်း ASTV သတင်းက ဖော်ပြထားသည်။
ဦးယီ့ဆေးအဖွဲ့ဝင်၏ အဆက်များဟု သတင်းရထားသော ထိုင်းယာဉ်ထိန်းရဲတဦးအား ဖမ်းမိပြီးနောက် ယီ့ဆေးအား ဘတ်ငွေ ၁ သန်းမှ ၂ သန်းအထိတိုးမြင့်ကာ ဖမ်းမိန့်ထုတ်လိုက်ခြင်းဖြစ်ကြောင်း ဆိုပါသည်။
ယာဉ်ထိန်းရဲ မာနတ် ဆေဖိုး (အသက် ၄၂ နှစ်) အား ထိုင်းနိုင်ငံအတွင်း ယာဘအပြားပေါင်း ၁ သန်း ၂ သိန်းကျော်နှင့် အိုက်စ် ၅ ကီလိုဂရမ် သယ်ဆောင်မှု၌ပါဝင်သူတဦးအဖြစ် ယခုလ ၂၅ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်းမြို့နယ် မူးယစ်နှိမ်နင်းရဲ တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။
အဆိုပါယာဉ်ထိန်းရဲ၏ထွက်ဆိုချက်ကြောင့် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု သယ်ယူပို့ဆောင်မှု၌ သတင်းရထားသူ ထိုင်းနိုင်ငံသား ၉ ဦးကိုလည်း ထပ်မံဖမ်းမိန့်ထုတ်လိုက်ကြောင်း ထိုင်းရုပ်မြင်သံကြားသ တင်းများ၌လည်းဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်းဝင်၍ ဦးယီ့ဆေးအား လိုက်လံဖမ်းဆီးရန် ထိုင်းအစိုးရ၏ မူးယစ်ဌာနက မြန်မာအာ ဏာပိုင်များထံ ခွင့်ပန်စာ ပေးပို့ထားသည်ဟုလည်း အဆိုပါ ASTV သတင်းက ဖော်ပြထား၏။
ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ်လည်းဖြစ် မူးယစ်ဆေးနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သော ဗိုလ်ချုပ်ကြီး ချလိန် ယူဘမ်း ရုန်းက ဧပြီလ ၂၀ ရက်နေ့က အလိုရှိမူးယစ်ရာဇာစာရင်း ၂၅ ဦးထုတ်ပြန်ရာ စိုင်းနော်ခမ်းအား ဘတ်ငွေ ၂ သန်းဖြင့် လည်းကောင်း၊ ကလိုထူးဘော DKBA ခေါင်းဆောင် ဗိုလ်ချုပ် နှုတ်ခမ်းမွှေးနှင့် တာချီလိတ်မြို့ နမ့်ပုံ ပြည်သူ့စစ်ခေါင်း ဆောင် ဦးယီဆေးအား ဘတ်ငွေ တသန်းစီ ဖြင့် ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။

http://www.burmese.panglong.org/news/92-2008-08-03-06-48-25/3597-2012-10-26-12-40-14.html

0 မှတ်ချက်များ for "ပြည်သူ့ စစ်ခေါင်ဆောင်ကို ဘတ် ၂ သန်းဖြင့် ထိုင်းတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်"