စစ်တပ်ကပစ်ခတ်၍ ရခိုင် ၄ ဦးသေ၊ ၁၂ဦးဒဏ်ရာနဲ့၊ အမြောက်အများေ ပျာက်ဆုံးနေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန်
မြစ်တွင် သွားလာနေသောစက်လှေတစ်စီးအား စစ် တပ်က အဆက်မပြတ်ပစ်ခတ်မူကြောင့် လူငယ် ၄ ဦးသေဆုံးပြီး၊ ၁၂ ဦးဒဏ်ရာရရှိကာ အများအပြား
ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

သေဆုံးသူများမှာ ယခုအချိန်ထိ ကျောက်တော်
ဆေးရုံသို့ ရောက်ရှိနေပြီး ယနေ့ နံနက် ၁၁ နာရီ တွင် အလယ်ကျွန်းကျေးရွာမှ လူငယ်အလောင်း တစ်လောင်း ရောက်ရှိလာသည်ဟု ဒေသခံလူကြီးတစ်ဦးက ဆေးရုံမှ နေပြီး နိရဉ္စရာသို့ ပြောကြားသည်။

“ အခုဘဲ အလောင်းရောက်လာပါတယ်။ မောင်ဝင်းလိုင်လို့ခေါ်တယ်။ အလယ်ကျွန်းကျေးရွာကတဲ့။ အခုဘဲ ဆေးရုံကိုယူလာပါတယ်” ဟု ဆိုသည်။

ယနေ့နံနက်ကလည်း စစ်တပ်က ပစ်ခတ်၍ သေဆုံးသွားသူ ကိုထွန်းအေးသာ အလောင်းကိုလည်း
ကျောက်တော် ဆေးရုံသို့ ယူဆောင်လာခဲ့သဖြင့် ယနေ့ ရောက်လာသော အလောင်းမှာ (၂) လောင်း ဖြစ်သည်ဟု သူက ပြောသည်။

“ အခု စစ်တပ်က တောင်ဘွေ ကျေးရွာ အနီးမှာ ပစ်ခတ်တဲ့ အတွက် သေဆုံးသူ ၄ ဦး ရှိသွားပါပြီ၊ ဒဏ်ရာ ရသူ ၁၂ ဦး၊ ပျောက်ဆုံးနေသူအများအပြားရှိနေပါတယ်” ဟု ပြောသည်။

သေဆုံးသူမှာ ကိုဦးထွီးလှစိန် (၂၈) နှစ်၊ ဦးကျော်လှ (၂၃ နှစ်)၊ ကိုထွန်းအေးသာနှင့် မောင်ဝင်းလိုင်တို့ ဖြစ် ကြပြီး သူတို့မှာ တင်းမကျေးရွာ၊ လက်ဖြူကျေးရွာ၊ သာစည်ကျေးရွာနှင့် အလယ်ကျွန်း ကျေးရွာတို့ က ဖြစ်သည်။

အဆိုပါ စက်လှေသည် အောက်တိုဘာလ ၂၅ ရက် ညနေ ၄ နာရီခန့်တွင် ကျောက်တော်မြို့ အထက်ပိုင်း ကုလားတန်မြစ် အတွင်း သွားနေစဉ် စစ်တပ်မှ  တောင်ဘွေ ကျေးရွာအနီး ကမ်းပေါ်မှ နေပြီး တရစပ် အချက်ပေါင်း မြောက်မြားစွာ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ စစ်တပ်က ဘာကြောင့်ပစ်ခတ်တယ်ဆိုတာ မပြောနိုင်ဘူး။ သူတို့က မွတ်ဆလင်ရွာကို တိုက်ခိုက်ဖို့ လာ တယ်ထင်ပြီး ပစ်တယ်လို့ ယူရပါတယ်။ ဒါပေမယ့် ရေထဲမှာ သွားနေတဲ့ စက်လှေကို ကုန်းပေါ်ကနေ အနီး ကပ် ပစ်တာဖြစ်တဲ့အတွက် လူတွေ အထိအခိုက်အကျအဆုံးများသွားတာ ဖြစ်ပါတယ်။ စက်လှေပေါ်မှာ လူပေါင်း ၃၀ ကျော်လောက် ပါလာတယ်။ အခုအချိန်ထိ အကုန်လုံးလိုလို ပျောက်နေပါတယ်” ဟု ပြော သည်။

ဒဏ်ရာရသူ ၁၂ ဦးထဲမှ ၄ ဦးအား စစ်တွေဆေးရုံကြီးသို့ ယမန်နေ့က ယူဆောင်သွားပြီး ယနေ့တွင် ဒဏ်ရာ ပြင်းထန်သဖြင့် နောက်ထပ် ၆ ဦးကို စစ်တွေသို့ ယူဆောင် သွားသည်ဟု သိရသည်။ လူနာ ၁၀ ဦးထဲမှ ကိုသန်းရွှေ ဆိုသူမှာ ဒဏ်ရာပြင်းထန်သဖြင့် ယနေ့တွင် ရန်ကုန် ဆေးရုံကြီးသို့ လေယာဉ်ဖြင့် ယူဆောင် သွားကြောင်း သတင်း ရရှိသည်။

ကျောက်တော်မြို့နယ်တွင် ယခုအချိန်ထိ သေဆုံးသူ (၈) ဦးရှိသွားပြီ ဖြစ်ပြီး ထိုအထဲမှ ၄ ဦးမှာ ပိုက်သည်ရွာ လက်ဆောင်ကောက် မွတ်ဆလင်ရွာတွင် စစ်တပ်နှင့် ဘင်္ဂလီရွာသားများ၏လက်ချက်ဖြင့် ကျဆုံးခဲ့ခြင်း
ဖြစ်ပြီး နောက် ၄ ဦးမှာ တောင်ဘွေတွင် စစ်တပ်မှ ပစ်ခတ်၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်ထိ မြန်မာတပ်မတော်မှ ပစ်ခတ်သတ်ဖြတ်မူကြောင့်  သေဆုံးသွားသူများမှာ ရသေ့တောင် တွင် (၂) ဦး၊ မင်းပြား ပန်းမြောင်းတွင် (၂) ဦး၊ မြောက်ဦး ပရိန်နှင့် ယဉ်သေတွင် ၄ ဦး၊ ကျောက်တော်တွင် (၆) ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

တစ်ခြားနေရာများတွင်လည်း ရှိနိုင်သေးကြောင်း သတင်းများက ဆိုသည်။

စစ်တပ်ပစ်ခတ်မူကြောင့် ဒဏ်ရာရသူများမှာ ရသေ့တောင်မြို့နယ်တွင် ၁၂ ဦး၊ ကျောက်တော်မြို့နယ်တွင် ၁၅ ဦးခန့်နှင့် တခြားမြို့နယ်များတွင် လူပေါင်း ၃၀  အထက်ရှိနိုင်ကြောင်း သိရသည်။ http://www.narinjara.com/burmese/?p=2839

0 မှတ်ချက်များ for "စစ်တပ်ကပစ်ခတ်၍ ရခိုင် ၄ ဦးသေ၊ ၁၂ဦးဒဏ်ရာနဲ့၊ အမြောက်အများေ ပျာက်ဆုံးနေ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++