တခြားဘာသာကို ဆဲဆိုတဲ့မှတ်ချက် မရေးကြဖို့ ဦးဇာဂနာ မေတ္တာ ရပ်ခံ
ဖေ့စ်ဘုတ်ခ်ပေါ်မှာရှိတဲ့ ကိုယ့်ရဲ့စိတ်ခံစားချက်အတွက် နိုင်ငံရေး၊ လူမျိုး
ရေး၊ ဘာသာရေးမှတ်ချက်ရေး နေကြတာတွေမှာသည် မှတ်ချက်တွေကို တခြားနိုင်ငံတွေက ကိုယ့်နိုင်ငံကို ဖိအားပေးဖို့ လက်နက်တစ်ခုလို အသုံးပြုနေကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးဇာဂနာက “ဖေ့စ် ဘုတ်ခ်မှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး မှတ်ချက် ရေးနေကြတာတွေ ကို ကျွန်တော်တို့က မလုပ်နဲ့ဆိုပြီး တားဆီးပိုင်ခွင့်မရှိဘူး။ ဒါပေမယ့် ကျွန်တော် မေတ္တာရပ်ခံချင်တာတစ်ခုက စိတ်ထဲမှာရှိတဲ့ စိတ်ခံစားချက်
တွေကို မရေးဖို့တောင်းဆိုချင်ပါတယ်။ အခုလိုလုပ်နေရင် ကျွန်တော်တို့ တစ်နိုင်ငံလုံးကို နိုင်ငံတကာက ဖိအားပေးဖို့ ဒီမှတ်ချက်တွေကို လက်နက်တစ်ခုလို သုံးနေတာကို အားလုံးသိစေချင်တယ်” လို့ပြောပါတယ်။
ပြည်တွင်းကဘယ်သူတွေမှန်း မသိတဲ့သူတွေက တခြားဘာသာဝင်တွေကို ဖေ့စ်ဘုတ်ခ်ကနေ နစ်နစ်နာ နာ ပြောပြီးဆဲဆိုတဲ့ မှတ်ချက်တွေကို အိုအိုင်စီလိုအဖွဲ့အစည်းက စနစ်တကျစုပြီး ကမ္ဘာ့ကုလသမဂ္ဂကို တိုင်စာပို့ထား ပါတယ်။

အခုလိုစုပြီး ပို့ထားတဲ့အခါကျတော့ ဖေ့စ်ဘုတ်ခ်မှာရှိတဲ့ မြန်မာလိုရေးနေကြတာကို ကြည့်ပြီး သူတို့ ဘာသာဝင်တွေ အပေါ် စေတနာမမှန်ဘူး၊ လူမျိုးပြုတ်စေချင်တဲ့ စိတ်တွေ ရှိနေပါတယ်ဆိုပြီး အိုအိုင်စီ အဖွဲ့အစည်းက တိုင်ကြားတာဖြစ်တယ်လို့ ဦးဇာဂနာထံမှ သိရပါတယ်။
ဒါတွေကလည်း ယူအင်န်မှာ စဉ်းစားစရာတစ်ချက် ရသွားတာပေါ့။ အကယ်၍ သည်မှာ ဘာမှ မရေးကြဘူး ဆိုရင် ထောက်ပြစရာ အချက်က ရှိလာမှမဟုတ်ဘူး။ ကမ္ဘာ့အလယ်မှာ ထောက်စရာအချက်တစ်ချက် ရှိလာတာကြောင့် သူ တို့တွေမေးရင် ကော်မရှင် အနေနဲ့လည်း ရှင်းရခက်တယ်။ အစိုးရအဖွဲ့အနေနဲ့လည်း ရှင်းရခက်တယ် လို့သူကဆိုပါတယ်။
ဘက်ပေါင်းစုံရဲ့ဒဏ်ကို ပြည်တွင်းမှာခံနေရတဲ့အချိန်မှာ ဖေ့စ်ဘုတ်ခ်က ကိုယ့်ရဲ့စိတ်ခံစားချက် မှတ်ချက်
တွေကို မီဒီယာတိုက်ကွက်တစ်ခု အနေနဲ့ အသုံးချလာတဲ့အခါမှာ ကိုယ့်ဘက်မှာ ဘာအင်အားမှမရှိဘူးဆို တာကို မှတ်ချက်ရေးတဲ့ သူတိုင်းကို အသိပေးချင်ပါတယ် လို့ ဦးဇာဂနာကဆိုပါတယ်။

0 မှတ်ချက်များ for "တခြားဘာသာကို ဆဲဆိုတဲ့မှတ်ချက် မရေးကြဖို့ ဦးဇာဂနာ မေတ္တာ ရပ်ခံ"