အမေရိကန်-တောင်ကိုးရီယား ပူးတွဲ စစ်ရေးဆိုင်ရာ အစည်းအဝေး ကျင်းပြ

အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ မာတင် ဒမ်ဆေးနှင့် တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ် ဥက္ကဋ္ဌ ဂျွန်ဆောင်ဂျို တို့သည် အောက်တိုဘာလ ၂၃ ရက်နေ့ က ပြုလုပ်ခဲ့သည့် အမေရိကန် တောင်ကို ရီးယား စစ်ရေးဆိုင်ရာ ကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ အကြား မိတ်ဖက်တည် ရှိ နေမှုနှင့် ပတ်သက်၍ ထပ်လောင်း အတည်ပြု
ပြောကြားခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု Xinhua သတင်းတစ်ရပ်အရ သိရှိရသည်။

ကိုရီးယား ကျွန်းဆွယ်နှင့် ဒေသတွင်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရ လျက်ရှိရာ တောင်ကိုရီးယား နိုင်ငံအား ကာကွယ်ပေးရန် ယခင်က ထားရှိ ပြီးဖြစ်သော နှစ်နိုင်ငံ မိတ်ဖက် ဆက်ဆံရေးများ တိုးမြှင့်ရန် လိုအပ်ကြောင်း ၎င်းတို့က ပြောကြားခဲ့ပါသည်။

 မြောက်ကိုရီးယား နိုင်ငံအား ဦးတည်ပြီး ပူးတွဲကြေ ညာချက် တစ်ရပ်အား ချမှတ်ရန် ဆွေးနွေး ခဲ့ကြကြောင်းနှင့် မည်သည့် ကျူးကျော် မှု၊ သို့မဟုတ် စစ်ရေးရန်စမှုကို မဆို သည်းခံ ခွင့်လွှတ် လိမ့်မည် မဟုတ်ကြောင်းနှင့် ပူးပေါင်း ကိုင်တွယ်ဖြေရှင်းရန် အတူတကွ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 တောင်ကိုရီးယားနှင့် အမေရိ ကန် နိုင်ငံတို့သည် ဟန့်တား ကာကွယ်ရေး စွမ်းရည်များ တိုးတက်စေရေး အတွက် မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်ရန် သဘော တူညီခဲ့ကြပြီး စစ်ပွဲ ကာလအတွင်း စစ်ဆင်ရေး ကွပ်ကဲကြီးကြပ်မှု (OPCON) အား တောင်ကိုရီး ယား နိုင်ငံသို့ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် နောက်ဆုံးထား လွှဲပြောင်းပေးရန် သဘော တူညီခဲ့ကြ ပါသည်။

အဆိုပါ အစည်းအဝေးသည် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ပင်တဂွန် စစ်ဌာနချုပ်သို့ အလည်အပတ် ခရီးစဉ်မတိုင် မီ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

0 မှတ်ချက်များ for "အမေရိကန်-တောင်ကိုးရီယား ပူးတွဲ စစ်ရေးဆိုင်ရာ အစည်းအဝေး ကျင်းပြ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++