စင်ကာပူသင်္ဘောကျင်းမှ မြန်မာလုပ်သားများ ခေါ်ယူ

စင်ကာပူနိုင်ငံ Keppel သင်္ဘောကျင်းတွင် အ လုပ်လုပ် ကိုင်ရန် မြန်မာလူမျိုး လက်သမား လုပ် သားများ လိုအပ်နေကြောင်း သုခစုစံ ပြည်ပအ လုပ်အကိုင် ရှာ ဖွေရေးအေဂျင်စီထံမှ သိရ သည်။ 

လုပ်သက်အတွေ့အကြုံပေါ် မူတည်၍ လစာရရှိ မည်ဖြစ်ပြီး အချိန်ပိုလုပ်အားခ အပါအဝင် တစ် လလျှင် မြန်မာကျပ်ငွေ သုံး သိန်းမှ ရှစ်သိန်း ဝန်း ကျင် ရရှိနိုင် မည်ဟု ဆိုသည်။

တစ်ပတ်လျှင် ခြောက်ရက်အလုပ်ဆင်းရမည်ဖြစ်ပြီး တစ်ရက်အလုပ်လုပ်ချိန် ရှစ်နာရီလုပ်ရမည်ဟု ဆိုသည်။

“မသွားခင် ကိုယ်လုပ်ရမယ့် ကုမ္ပဏီအကြောင်း သေသေချာချာမေးမြန်းပြီးမှ သွားစေချင်တယ်။
ဟိုရောက်မှ ခေါ်တုန်းက တစ်ခု၊ လုပ်ရတော့တစ်ခု ကြုံရမှာစိုးလို့”ဟု စင်ကာပူနိုင်ငံတွင် သုံးနှစ်ကျော် 
 သွားရောက်အလုပ်လုပ်ခဲ့ သူတစ်ဦးက ပြောသည်။

“ရာသီဥတု အရမ်းပူတဲ့အချိန်မျိုးဆိုရင် အလုပ်မဆင်းခိုင်းဘူး။ အဲဒီအချိန်အစား ညဘက်တော့ ဆင်းရတယ်။ ကျန်တဲ့ရက် တွေကတော့ ပုံမှန်ပဲဆင်းရမှာပါ”ဟု သုခစုစံကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အလုပ်ရှင်ဘက်မှ နေစရာအ ပြင် အလုပ်လုပ်နေစဉ် ကာလ ပတ်လုံး တစ်ရက်လျှင် ထမင်း သုံးနပ် တာဝန် ယူပေးသည်ဟု သိရသည်။ ကုမ္ပဏီက အေဂျင်စီဝန် ဆောင်ခအနေဖြင့် မြန်မာ့ကျပ်ငွေ ဆယ်သိန်းယူဆောင် မည်ဖြစ်ပြီး ယင်းဝန်ဆောင်ခတွင် လေယာဉ် လက်မှတ်ခအပါအဝင်ဖြစ်သည်ဟု သိရသည်။ သွားရောက်မ လုပ်ကိုင် ခင် ကုမ္ပဏီက သင်တန်းအခမဲ့ ပေးမည်ဖြစ်သည်။

0 မှတ်ချက်များ for "စင်ကာပူသင်္ဘောကျင်းမှ မြန်မာလုပ်သားများ ခေါ်ယူ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++