မွေးကင်းစ ကလေးများတွင် ဘက်တီးရီးယား ရောဂါပိုးများကြောင့် မျက်ကြည်လွှာ ရောင်ရမ်းနာ ရောဂါ ဖြစ်ပွားနိုင်

ကျန်းမာရေး ဦးစီးဌာန၊ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါနဲ့ ကာလ သား ရောဂါကာကွယ် တိုက်ဖျက်ရေး စီမံချက်မှ ပြောကြားချက်အရ
မွေးကင်းစ ကလေးများမှာ ဂနိုရီးယား ရောဂါပိုးနဲ့  ကလာမိုင်းဒီးယား ဟုခေါ်တဲ့ ဘက်တီးရီးယား ရောဂါပိုး များကြောင့် မျက်ကြည်လွှာ
ရောင်ရမ်းနာ ရောဂါဖြစ်ပွား နိုင်တယ်လို့ သိရပါတယ်။ 

အဆိုပါ ရောဂါရဲ့ လက္ခဏာတွေ ဟာကတော့ မွေးကင်းစ ကလေး မျက်လုံးများ နီရဲနေခြင်း၊ မျက်ခွံ ရောင်ရမ်းခြင်းနဲ့ ပြည် ထွက်ခြင်း များ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ရောဂါလက္ခဏာ များဟာ မွေးဖွားပြီး ရောဂါပိုး ကူးစက်ခံရတဲ့ ကလေးငယ် များမှာ ၁ ရက်မှ ၄ ရက် အတွင်း

ရောဂါ လက္ခဏာများ ဖြစ်ပေါ် တတ်ပါတယ်။ တစ်ခါတစ်ရံမှာ နှစ်ပတ်ခန့်ကြာမှ ရောဂါ လက္ခဏာများ ပေါ်တတ် တယ် လို့လည်း သိရပါတယ်။ အဆိုပါ မျက်ကြည်လွှာ ရောင်ရမ်းနာ ရောဂါ ဖြစ်ပွားပါက ကလေးများဟာ မျက်လုံး ကွယ်တဲ့ အထိ ဖြစ်ပွားနိုင်တဲ့ အတွက် ထိရောက်တဲ့ ကုသမှုများကို အချိန်မီ ပြုလုပ်ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။ 

အဲ့ဒီလို ဆေးကုသ ရာမှာလည်း ကလေးကို သာမက မိဘများကိုပါ တစ်ပြိုင်နက် စစ်ဆေး ကုသ ပညာပေးဖို့ လိုအပ် တယ်လို့ သတင်း ရရှိပါတယ်။

0 မှတ်ချက်များ for "မွေးကင်းစ ကလေးများတွင် ဘက်တီးရီးယား ရောဂါပိုးများကြောင့် မျက်ကြည်လွှာ ရောင်ရမ်းနာ ရောဂါ ဖြစ်ပွားနိုင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++