စင်္ကာပူက ငွေလှမ်း ကူတဲ ဆိုက်ကား နှင်းသူ အမျိုးသမီး
နန္ဒဝန်ရပ်ကွက်က အမျိုးသမီး ကို facebook ပေါ် မှာ သူ့ ဘဝ ရုန်းကန် ရတဲ့ ဘဝ တစ်စိတ် တပိုင်း ကို တင်ပေး လိုက်တာ .....စင်္ကာပူ မှာ အလုပ် လုပ်နေတဲ့  မြန်မာ အမျိုးသားတစ်ဦးနဲ့  သူငယ်ချင်းတွေ က သနားလို့  ဆိုပြီး မုံရွာမှာရှိတဲ့  ကျတော့်  မိတ်ဆွေ ကိုဆက်သွယ်ပြီး ငွေ ၂ သိန်းခွဲ ကူလိုက်တာ ဒီနေ့  ဇူလိုင် ၉ ရက် မနက် ၉ နာ ရီ မှာ ငွေပေးအပ်ခဲ့ပါတယ်။ပေးအပ်တာ ကို မုံရွာ ရန်ကင်းရပ် ကိုလှ မိုး နေအိမ် မှာ ဖေ့  ဘုတ်တင်သူ ကို မုံရွာမောင်၊ကိုလှ မိုးနဲ့  ကျတော်တို့  သုံးဦး
ရှေ့  မှာ ပေးအပ်ခဲ့ ပါတယ်။ သူ့ခမျာ ဝမ်းသာလွန်းလို့  မျက် ရည်ကျနေ မိပါတယ်။
စင်္ကာပူ က ငွေလှမ်း ကူတဲ့  ကိုဝင်းထွဋ် နဲ့  သူငယ်ချင်း တွေ၊ ဖေ့ ဘုတ်တင်ပေးသူ ကိုမုံရွာမောင်၊ ကြားထဲက ဆက် သွယ်ပေးတဲ့  ကို လှမိုး တို့  ကို ဆိုက်ကားသမီး ကိုယ်စားကျေးဇူးတင်ကြောင်း ကျတော် ကပြောပြလိုက်ပါတယ်။
(အမျိုးသမီး ခင်ပွန်း ဆိုက်ကားသမား က ဆုံးပြီး ၉တန်း၊၁ တန်း၊သူငယ်တန်း ကလေး ၃ယောက်နဲ့  အိမ်ခန်းလေး တစ်ခုမှာ အိမ်လ ခ တစ်သောင်းကျော် ကို ဆိုက်ကားနင်း ရင်း ရုန်းကန်နေတဲ့ အမျိုး သမီး ဖြစ်ပါတယ်။)

0 မှတ်ချက်များ for "စင်္ကာပူက ငွေလှမ်း ကူတဲ ဆိုက်ကား နှင်းသူ အမျိုးသမီး"