ယူအေအီးက အသက် ၆၄ နှစ် အမျိုးသားက အသက် ၁၈ နှစ်ကလေးကိုယူဦးမည်
ယူအေအီးနိုင်ငံရဲ့ လူစွမ်းကောင်း သားသမီးများစွာ တို့  ရဲ့ ဖခင် အမျိုးသားတစ်ဦးဟာ ၂၀၁၅ ခုနှစ်မတိုင်မီ သား သမီးအယောက် ၁၀၀ ပြည့် နိုင်ဖို့ ရည်ရွယ် ချက်ဖြင့်
နောက်ထပ် မိန်းမထပ်ယူရန် စီစဉ်ထားပြီးဖြစ် ပါတယ်...

ခြေထောက် တစ်ဖက်သာရှိသည့်  သားသမီး ၈၈ ယောက် တို့ ရဲ့ ဖခင်ဖြစ်သူ အသက် ၆၄ နှစ်ရှိ ဒါတ်မူရက် အဗ္ဗဒူရာ မန်ဟာ အသက် ၁၈ နှစ်မျှသာရှိသေးသည့်  အိုင်ရှာက
လေးနှင့် လာမည့် အစ်ပွဲတော်အပြီး နိုဝင်ဘာလ ၁၇ ရက်
န့ မှာ ဂျိုင်ပူရ် မြို့ မှာ လက်ထပ်တော့  မှာဖြစ်ပါ တယ်...

အဲမရိတ်၂၄သတင်းစာမျက်နှာကို ရာမန် ကပြောကြားခဲ့ ရာမှာ " လက်ထပ်ပွဲကို ၎င်းရဲ့ အိန္ဒိယ ဆရာဝန်က စီစဉ်တာ ဖြစ်ပြီး သတို့ သားကနေ သတို့ သမီးဖခင်ကို တင်တောင်းတဲ့ ငွေကတော့  ယူအေအီးငွေ ဒါဟန်း ၂ သောင်း ( ဒေါ် လာ ၅၄၃၄ ) ဖြစ်ပါတယ်...လက်ထပ်ပွဲကို ဂျိုင်ပူရ်မြို့ မှာပြုလုပ်မှာဖြစ်ပါတယ်..." လို့ ဆို ခဲ့ ပါတယ်...
ယူအေအီးနိုင်ငံ၊ အဂျမန်ပြည်နယ် ( အဂျမန်မြို့ ) နှင့် မနာမာ မြို့ များမှာနေထိုင်တဲ့ ရာမန် မှာ သားယော ကျာင်္းလေး ၅၀ နှင့် သမီးမိန်းကလေး ၃၈ ယောက်တို့ ရှိခဲ့ ပြီးဖြစ်ပါတယ်...
လွန်ခဲ့ တဲ့ နှစ်အနည်းငယ်က ဖြစ်ပွားခဲ့ တဲ့ မတော်တစ်ဆမှုတစ်ခုမှာ သူ့ ရဲ့ ခြေထောက်တစ်ချောင်းဆုံးရှုံးခဲ့ 
ရပါ တယ်...
သူ့ ရဲ့ သားအကြီးဆုံး တာရစ် ကအသက် ၃၉ နှစ်ရှိပြီး အငယ်ဆုံးကလေးကတော့ လအနည်းငယ်မျှအရွယ်
ပဲရှိပါသေးတယ်...
ပဲရှိပါသေးတယ်...
" သားသမီး အယောက် ၁၀၀ ရယင်တော့ မိန်းမထပ်မယူတော့ ပါဘူး...အခုယူမယ့် မိန်းမနဲ့ အယောက်
၁၀၀ ပြည်အောင် ( ကလေး ၁၂ ယောက် ) မွေးနိုင်လိမ့် မယ်လို့ ထင်ပါတယ်..." လို့ သူက ဆိုခဲ့ ပါတယ်...
( ရက်စက်လှချေလားဗျာ...)

အသက် ၆၀ ကျော် သက်ကြားအိုတဏှာရူးကြီးဟာ သူ့ ရဲ့ သတို့ သမီးအသစ်ကလေးအကြောင်းပြောတော့ 
သူ့ ရဲ့ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ခဲ့ ပါဘူး....
" ကျူပ်ကတော့ အခုလုပ်မယ့် မင်္ဂလာပွဲကို တော်တော်ရင်ခုန်နေတာ...သူကလေးက သိပ်လှတဲ့ မိန်းကလေး
ဖြစ်ပါတယ်....သူ့ ကိုဓါတ်ပုံထဲမှာမြင်ဘူးတယ်လေ...ပြီးတော့ သူ့ ကိုဖုံးထဲကနေလည်းစကားပြောခဲ့ ရသေး
တယ်...

လက်ထပ်ပွဲလုပ်ဖို့ အိန္ဒိယကိုသွားဖို့ ကျူပ် ဗီဇာလျှောက်ပြီးပြီ....အစ် ပြီးတာနဲ့ အိန္ဒိယကို သွားဖြစ်မှာသေချာ
သလောက်ပါပဲ..."
" ကျူပ်မိသားစု အိမ်မှာတော့ ကျူပ်မင်္ဂလာဆောင်တိုင်းဟာ ပွဲတော်ပါပဲ...ကလေးတွေက အင်္ကျီအ၀တ်အ
စားအသစ်တွေ၊ သကြားလုံးတွေ၊ လက်ဆောင်တွေ ရကြတယ်လေ...သိုးကလည်း အနည်းဆုံး လေးကောင်
လောက်သတ်ရဦးမှာ...

လက်ထပ်ပြီး ရက်သတ္တပါတ်အနည်းငယ်အတွင်း သတို့ သမီးကို အဂျမန် ကိုခေါ်လာခဲ့ မှာဖြစ်တယ်.." လို့ 
သူက ထပ်ပြီးပြောပြခဲ့ ပါတယ်...ရာမန်ကတော့ သတင်းဌာနေတွေက သူ့ ရဲ့ အကြောင်းဖော်ပြတာကို ဂုဏ်ယူဝင့် ကြွားနေပါတယ်...
၂

၀၀၇ခုနှစ်မှာ သူ့ ရဲ့ အကြောင်းကို အဲမရိတ်ယနေ့ သတင်းစာမှာဖေါ်ပြခဲ့ ပြီး နောက်ပိုင်းမှာတော့  တိုးပွား
လာနေခဲ့ တဲ့ သူ့ ရဲ့ မိသားစုအကြောင်းကိုတော့  နိုင်ငံတကာရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့  "ဧရာမ မိသား
စုကြီးများ" မှာ တင်ဆက်ဖေါ်ပြခဲ့ ပါတယ်....

" ကျူပ်အကြောင်းကို သူကလေးက တီဗီအစီအစဉ်တွေမှာ မြင်တွေ့ ပြီးကတည်းက ဇနီးအသစ်ကလေးက
ကျူပ်ကို အထင်ကြီးနေတာ....ရုပ်သံလိုင်းတော်တော်များများကလူတွေကလည်း အိမ်ကိုလာပြီး ကျူပ်ကို
အင်တာဗျူးကြ၊ မိသားစုဝင်တွေကို ရိုက်ကူးကြနဲ့ လုပ်ကြပါတယ်..." လို့ သူကပြောကြားခဲ့ ပါတယ်....
" ကျူပ်တို့ ကတော့ အစ်ပွဲတော်တစ်ခု လုပ်ပြီးပြီး၊ နောက်ထပ်အစ်ပွဲတော်အတွက် မိသားစုကလည်းကျင်း
ပဖို့ အဆင်သင့် ပါပဲ....သတို့ သမီး၊ ဇနီးအသစ်ကလေးကတော့ ပွဲတော်ရာသီဆင်ယင်ကျင်းပမယ့် မိသား
စုအတွက် နောက်ထပ်ရောက်လာမယ့် ပျော်ရွှင်စရာ တစ်ခုဖြစ်ပါတယ်...." လို့ သူကထပ်ပြောပြပါတယ်....
ရာမန်ဟာ ယူအေအီးတပ်မတော်က ပင်စင်စားတစ်ဦးဖြစ်ပြီး၊ အစိုးရထံမှ ငွေကြေးထောက်ပံ့ မှုများ၊ နေ
ထိုင်စရာ အိုးအိမ်စတဲ့ အထောက်အပံ့ များကိုလည်း အခမဲ့ ရရှိနေပါတယ်...
မိသားစုဝင် ၁၂၇ ယောက်ရှိတဲ့ သူ့ ရဲ့ မိသားစုကြီးဟာ ယူအေအီးနိုင်ငံရဲ့ ပြည်နယ်တွေအနှံ့ အပြားမှာ အိမ်
ထောင်စု ၇ စုနေထိုင်ကြတာဖြစ်ပါတယ်...

သူ့ ရဲ့ သားသမီးအများစုဟာလည်း ယူအေအီး စစ်တပ်၊ ရဲ တပ်ဖွဲ့ စတဲ့ အစိုးရအလုပ်အကိုင်၊ ရာထူးကောင်း
များမှာ အလုပ်ရနေကြပြီး တစ်ဦးကတော့ ယူကေ ( အင်္ဂလန် ) မှာ စီးပွားရေးသမားတစ်ဦးဖြစ်နေပါတယ်...
သူဟာ လက်ထပ်ခဲ့ တာ ၁၅ ကြိမ်ရှိခဲ့ ပေမယ့် လောလောဆယ်မှာတော့ သူ့ မှာမိန်းမသုံးယောက်ပဲရှိပြီး ကျန်တာတွေက ကွာရှင်းပြတ်ဆဲခဲ့ ပြီးဖြစ်တယ်လို့ ဆိုပါတယ်...

ဒါပေမယ့် လည်း သူ့ ရဲ့ ဇနီးမယားဟောင်းတစ်ချို့ ဟာ သူနဲ့ အတူနေကြပါသေးတယ်တဲ့ ....
@kopeter
@kopeter
You might a

0 မှတ်ချက်များ for "ယူအေအီးက အသက် ၆၄ နှစ် အမျိုးသားက အသက် ၁၈ နှစ်ကလေးကိုယူဦးမည်"