သူတို့ကို စာသင်ခန်းထဲသို့ ပို့ပေး ကြရအောင်

ကျွန်တော်တို့ ကလေးငယ်လေးတွေရဲ့ အကြောင်းတွေကို ကျွန်တော်တို့တွေ သေချာသိရဲ့လား ...................

သူတို့ဘဝလေးတွေရဲ့ ငိုသံလေးတွေကိုရော ကြားရရဲ့လား...................
သူ့တို့ဘဝလေးတွေရဲ့ ခက်ခဲမှုတွေကိုရော မြင်ရဲ့လား....................
ကြင်နာမှု ဂရုနာအပြည့်နဲ့ ရှုမြင်နားထောင်ပေးပါလားခင်ဗျာ....................

အရွယ်နဲ့ မမျှအောင် လှုပ်ရှားရုန်းကန်နေရတဲ့ သူတို့ဘဝလေးတွေကို ကယ်တင်တဲ့အနေနဲ့ ကျွန်တော်တို့ တစ်တွေ သူတို့ကို အလုပ်ခွင်ထဲကနေ စာသင်ခန်းထဲ ပို့ပေးလိုက်ကြရအောင်လားဗျာ.။ ကျွန်တော်တို့ မြန်မာ ကမ္ဘာကနေ အသိအမှတ်ပြု ကြရမယ့် ပညာရှင်တွေ ပညာတက်တွေ ဖြစ်လာကြရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ.။

ကျွန်တော်တို့ ဝိုင်းဝန်းကြိုးပမ်း ကြမှုကြောင့် စာဖတ် စာအံ​သံတို့ အစဉ်သဖြင့် ညံတက်နေတော့​မည့် စိမ်းလန်ြးေ​မပရ ဟိတပညာဒါ​နစာသင်ကျော​င်း လေးဟာ ထွက်ပေါ်လာခဲ့ပါပြီ။ လိုအပ်ချက်တွေကတော့ အများကြီးရှိနေပါသေး တယ်။ ကျွန်တော်တို့ စိမ်းလန်းမြေ ပရဟိတအဖွဲ့လေးကို အောက်ပါ အခြေခံမူ ၃ရပ်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။


၁။ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်သူများအတွက် ထိရောက် သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးရန်၊

၂။ ပညာကို လိုလားပါလျက် မတတ်နိုင်သူများအတွက် ကောင်းမွန်သော ပညာရေးစောင့်ရှောက်မှုများ ပေးရန်၊
၃။ "ဥတုရာသီ တောကိုမှီ" သဖြင့် သစ်ပင်များကို ထိန်းသိမ်းခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများ ပြုလုပ်ကြရန်။ ဆိုပြီး အချက်လေးတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။

ကျွန်တော်တို့တွေ မျှော်လင့်၊ တောင့်တ အိပ်မက်ခဲ့ကြတဲ့ စိမ်းလန်းမြေပရဟိတပညာဒါနစာသင်ကျောင်းလေး တကယ် ကို အကောင်အထည် ပေါ်လာခဲ့ပါပြီ။ ကိုယ်ပိုင်မြေကွက်၊ ကိုယ်ပိုင်ကျောင်းဆောင်တွေကို ကျွန်တော်တို့ မပိုင် ဆိုင်နိုင်သေးပေမယ့် မလျော့သောဇွဲ၊ လုံ့လတို့နှင့် ကြိုးစားမှု၊ ထားရှိသော စေတနာစိတ် မှန်ကန်မှုတို့ကြောင့် အခက်အခဲသိပ်အများကြီးမရှိပဲ ကျွန်တော်တို့ မျှော်လင့်ခဲ့တဲ့ကျောင်းလေး တစ်ဆင့်ချင်း ရုပ်လုံးပေါ်လာခဲ့ပါပြီ။ စက်မှုဇုန် ၃လမ်းနှင့် ၄လမ်းကြား ၊ ရွှေမောင်းဆောင်ရှေ့၊ မိတ္ထီလာမြို့။ သာမာန်ပဲ ကြည့်ရင် သာမာန်လိပ်စာလေးတစ်ခုပါ။

ကျွန်တော်တို့အတွက်ကတော့ စိမ်းလန်းမြေပရဟိတပညာဒါန စာသင်ကျောင်းလေးရဲ့ အစပထမ ဘူမိနက်သန်နေ ရာလေးပါ။ မိတ္ထီလာမြို့မှာ အဲဒီနေရာလေးကို အသက်သာဆုံးဈေးနှုန်းဖြင့် ကျွန်တော်တို့ ငှားရမ်းအသုံးပြုခွင့်ရခဲ့ပြီး၊ တစ်လလျှင် ၆သောင်းနှုန်းဖြင့် တစ်နှစ်တိတိစာအတွက် ကိုအောင်မျိုးပိုင်က စိုက်ထုတ်ပြီး ဒါနပြုလှူဒါန်းခဲ့ပါတယ်။

မေလ ၁ ရက်နေ့၊ ၂၀၁၂ ခုနှစ်။ ကမ္ဘာက အလုပ်သမားနေ့အဖြစ် သတ်မှတ်ထားတဲ့ ဒီနေ့လေးမှာ စိမ်းလန်းမြေ ပရဟိ တပညာဒါနစာသင်ကျောင်းရဲ့ အမှတ်စဉ်(၁)ကျောင်းသား၊ ကျောင်းသူများအဖြစ် တက်ရောက်ခွင့် ရရေး လျောက် ထား လာသူများကို လူတွေ့စစ်ဆေးခဲ့ပါတယ်။ စုစုပေါင်း ၃၇ ယောက် ပါဝင်ဖြေဆိုခဲ့ကြပါတယ်။ ၄င်းတို့အထဲမှ အမှန်တ ကယ် နွမ်းပါးပြီး၊ ကျောင်းဆက်တက်ရောက်ရန် အခက်အခဲရှိနေသည့် ကျောင်းသား၊ ကျောင်းသူ ၂၁ယောက်ကို ရွေး ချယ်ခဲ့ကြပါတယ်။ ကျောင်းသား ကျောင်းသူ ၂၁ ဦးအတွက်လည်း တစ်နှစ်ပတ်လုံး စိတ်အေးချမ်းသာ စွာ ပညာသင် ကြားနိုင်အောင်လည်း အလှူရှင်များက ဝိုင်းဝန်းပြီး လှူဒါန်းခဲ့ ကြပါတယ်။

၂၄၊ ၅၊ ၂၀၁၂ ရက်နေ့မှာ ညီငယ်၊ ညီမငယ် တို့အား အ.ထ.က ၅ ရှမ်းတဲတွင် ကျောင်းအပ်ပေးခဲ့ပါပြီ။ ၂၇၊ ၅၊ ၂၀၁၂ ခုနှစ်တွင် ကျွန်တော်တို့ မျှော်လင့်၊တောင့်တခဲ့ရသည့် စိမ်းလန်းမြေ ပရဟိတ ပညာဒါန စာသင်ကျောင်း၏ ဆိုင်းဘုတ် တင် ဖွင့်လှစ်ပွဲကို ကျင်းပပြီးစီးခဲ့ပါပြီ။

ကျွန်တော်တို့ ဆက်ပြီးတော့ အနာဂတ်မဲ့နေကြတဲ့ ကလေးငယ်များ အတွက် အနာဂတ်ဘဝလေးတွေ လှပအောင် သူတို့ ဘဝလေးတွေကို စာသင်ခန်းထဲကို ပို့ပေးလိုက်ကြရအောင်လားဗျာ.။ ကျွန်တော်တို့ စိမ်းလန်းမြေ ပရဟိတအဖွဲ့လေး ကို ပါဝင်ကူညီအားဖြည့်လိုတဲ့ ကျွန်တော့် မိတ်ဆွေ ညီအစ်ကို မောင်နှမများ အားလုံးကို လည်း ကျွန်တော် ဒီနေရာလေးကနေ ဖိတ်ခေါ်ပါရစေခင်ဗျာ။

ကျွန်တော်တို့ စိမ်းလန်းမြေ ပရဟိတ အဖွဲ့လေးနဲ့ ဆက်သွယ်ရန်အတွက် အောက်မှာ ကျွန်တော် လိပ်စာလေးတွေ ထည့်ပေးထားပါတယ်။ ကျွန်တော်တို့အားလုံးပဲ ငိုနေကြတဲ့ မျက်ရည်လေးတွေကို တိတ်သွားအောင် ဝိုင်းဝန်းကူညီ ကြပါစို့လားဗျာ။

စိမ်းလန်းမြေ ပရဟိတအဖွဲ့သို့


Facebook Page သို့
ကျွန်တော်တို့ အားလုံး ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါတယ်။ ပရဟိတကို စိတ်ပါဝင်စားသော ကျွန်တော့် မိတ်ဆွေ ညီအစ်ကို မောင်နှမများကိုလည်း ကျွန်တော် ဒီနေရာလေးကနေ ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ် ခင်ဗျာ.။ အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး လိုရာဆန္ဒ တွေ ပြည့်ဝနိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ.။

0 မှတ်ချက်များ for "သူတို့ကို စာသင်ခန်းထဲသို့ ပို့ပေး ကြရအောင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++