နိတုံ- အတ္တရံ ကားလမ်း ဖောက် လုပ်ရာတွင်ေ ကျးရွာများ ရေ မနစ်မြုပ်စေလို
မွန်ပြည်နယ်၊
ကျိုက်မရောမြို့နယ်တွင်
ဇေကမ္ဘာ ကုမ္ပဏီမှ လမ်းဖောက်လုပ်တည်ဆောက်ခြင်းစီမံကိန်းအား နိတုံ ရွာခံများ
သစ္စာရေသောက်ကာ ၀ိုင်းဝန်းကန့်ကွက် လျက် ရှိကြောင်း သိရှိရသည်။
ကုမ္မဏီမှဖောက်လုပ်နေသော ကားလမ်းသည် နိတုံ
တောင်ခြေမှ အတ္တရံမြစ်ကမ်းမအထိ (၇) မိုင်ကျော် ရှည် လျားသည့် ကားလမ်းတည်ဆောက်မည်ဆိုပါက အတ္တ ရံမြစ် ထဲသို့ ရေစီးဆင်းရန် အခက်ခဲသွား မည်ဖြစ် ပြီး
ကျေးရွာ အချို့ ရေလှောင်တမံကဲသို့ဖြစ်သွားမည်ကို စိုးရိမ်ပူပန်နေခြင်းကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း နိတုံရွာမှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးခင်အောင်က မြစ်မခသို့ ပြောသည်။
အဆိုပါ
လမ်းတည်ဆောက်ရန် စီမံကိန်းအား အကောင်အထည်ဖော်ရွက်ခြင်း
မပြုလုပ်နိုင်စေရန်အတွက် မြေနေရာ များ ဆက်လက်ရောင်းချခြင်း
မပြုနိုင်စေရန် မွန်ဘုန်းတော်ကြီးများက သစ္စာရေတိုက်၍ ကတိတောင်း
ဆိုထား ခဲ့ခြင်းဖြစ်သည်။
“လက်ရှိ
အနေအထားမှာ လမ်းဆောက်ဖို့ လိုက်ဝယ်နေတဲ့ မြေနေရာတွေကို မရောင်းဖို့
သစ္စာရေတိုက်ထား တယ်။ ရွာအတွက်ဆိုတော့လည်း အားလုံးက သဘောတူပြီး
လိုလိုချင်ချင် သောက်ထားကြတယ်။”ပာု နိတုံရွာဦးဘုန်တော် ကြီး
ကျောင်းသစ်ကျောင်းမှ ဦးသြဘာသက မိန့်ကြားသည်။
အဆိုပါ
ကားလမ်းတည်ဆောက်မည်ဆိုပါက နိတုံ၊ ကွမ်ငမ်း၊ မယ်ကသံ၊ ကွပ်တွပ်၊ ကွပ်ကလပ်၊
ဦးလေး၊ ငါးပြည်မ စသည့် မြေအနိမ့်ပိုင်း၌ တည်ရှိသော ရွာ(၉)ရွာ
ရေမြုပ်သွားနိုင်ကြောင်းကိုလည်း သိရှိရသည်။
“ဒီလမ်းတည်ဆောက်ပြီးရင်
ရေလှောင်တမံလို ဖြစ်သွားမယ်။ အဲ့ဒါဆို တောင်ကျရေတွေက မြစ်အတွင်းသို့ 
မစီးနိုင်တော့ဘူး။ အဲဒါဆို ရွာတွေ အများကြီး ရေမြုပ်နိုင်တယ်” ပာု
ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဖြစ်သူ ဦးခင်အောင်က ပြောသည်။
နိတုံကျေးရွာသည်
နှစ်စဉ်မိုးရွာသီရောက်တိုင်း တောင်ကျရေများကြောင့်ရေလွှမ်းမိုးမှုများနှင့်
ကြုံတွေ့နေရပြီး ဒေသခံ ရွာသားများ ကားလမ်းမတည်ဆောက်ခြင်းကြောင့်
ရေနစ်မြုပ်မှုများဖြစ်ပေါ်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
“ကျွန်တော်တို
့ရွာ ရေမြုပ်ပုံက ဇူလိုင်ကနေ သြဂုတ်လထိ ရေမြုပ်တယ်။ မြုပ်ရင်လဲ အနည်းဆုံး
ဒူးလောက် ကနေ ရင်လောက်ထိမြုပ်တယ်။ လမ်းပြီးရင် အိမ်တွေပါ
ရေမြုပ်နိုင်တယ်။”ပာု ဒေသခံဦးစိုးအောင်က ပြောသသည်။ အဆိုပါ ကုမ္မဏီမှဖောက်လုပ်နေသော ကားလမ်းမှာ ဘိလပ်မြေစက်ရုံနှင့် အတ္တရံမြစ်ကမ်းပါးသို့ ဆက်သွယ်ဖောက် လုပ်နေဆဲ လမ်းကြောင်းတစ်ခုဖြစ်ပြီး ဧက(၂၀၀)ကျယ်သော ဘိလပ်မြေစက်ရုံမှာ နိတုံတောင်ခြေတွင် တည်ရှိသည်။
ရွာများ ရေမမြုပ်နိုင်ရန် လမ်းတည်ဆောက်ဖော်လုပ်ရာတွင် ရေနုတ်မြောင်းများ ထည့်သွင်းတည်ဆောက်ပါက အဆင်ပြေနိုင်မည်ဖြစ်ကြောင်း အင်ဂျင်နီယာဟောင်းတစ်ဦးက အကြံပေး ပြောကြားထားသည်။ ဒေသခံ ရွာသား များမှလည်း ရွာများရေမမြုပ်အောင်ကားလမ်းတည်ဆောက်ကပါ ၎င်းတို့အနေဖြင့် ကန့်ကွက်စရာအကြောင်း မရှိ သဘောတူလက်ခံကြောင်း ရွာသားများက ဆိုသည်။
Ref: မြစ်မခ သတင်းမီဒီယာ
0 မှတ်ချက်များ for "နိတုံ- အတ္တရံ ကားလမ်း ဖောက် လုပ်ရာတွင်ေ ကျးရွာများ ရေ မနစ်မြုပ်စေလို"