အဖျား တက်နေတဲ့ သားသားမီးမီး တွေကို ပြုစုခြင်း

ကလေးတွေရဲ့ ပုံမှန် ခန္ဓာကိုယ် အပူချိန်ဟာ ၃၆ ဒီဂရီ စင် တီ ဂရိတ် (၉၆.၈ ဒီဂရီ ဖာရင်ဟိုက်) မှ  ၃၇ ဒီဂရီ စင် တီဂ ရိတ် (၉၈.၆ ဒီဂရီ ဖာရင်ဟိုက်)အတွင်းလို့ သတ်မှတ်ထား ပါတယ်။ ၃၇.၇ ဒီဂရီ စင်တီစရိတ် (၁၀ဝ ဒီ ဂရီ ဖာရင် ဟိုက်) ထက် ကျော်လွန် သော မည်သည့် ခန္ဓာ ကိုယ် အ ပူချိန်ကို မဆို အဖျား ရှိနေပြီလို့ ပြောလေ့ ရှိပါ တယ်။ 

ခန္ဓာကိုယ် အပူချိန်ဟာ ကလေးငယ် ဘယ် လောက် လှုပ် လှုပ် ရှားရှား ရှိသလဲပေါ်မှာ မူတည်ပြီး ပြောင်း လဲ နိုင် သလို နေ့၏ အချိန်အခါ ပေါ်မူတည် ပါတယ်။ ဥပမာ နံ နက်ခင်းမှာ အပူချိန် အနည်းဆုံး အကျဆုံး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိပ်ပျော် နေစဉ် ကလေး တွေရဲ့ ကြွက်သားများ လှုပ်ရှားမှုဟာ အနည်းငယ်သာရှိတဲ့ အတွက်
ကြောင့် ဖြစ်ပါတယ်။
 
တစ်နေ့တာလုံး လှုပ်ရှားမှု များပြီး တဲ့နောက် ညနေခင်းပိုင်းအချိန် မှာတော့ သူတို့ရဲ့ ခန္ဓာကိုယ် အပူချိန်ဟာ အမြင့် ဆုံး ဖြစ်လေ့ရှိပါတယ်။ ဒီပြင် ပြေးလွှားခုန်ပေါက် ဆော့ကစား ထားတဲ့ ကလေးရဲ့ ကိုယ် အပူချိန် ကလည်း မြင့်တတ် ပါသေးတယ်။ နေထိုင် မကောင်းတာနဲ့ အတူ တွဲပြီး လာတတ်တဲ့ ကိုယ် အပူချိန် တက်ခြင်းဟာ ကူးစက် ရောဂါ တစ် မျိုးမျိုးကို ခန္ဓာကိုယ်က တုံ့ပြန်မှုကြောင့် ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် ခန္ဓာကိုယ်က ၄င်းရဲ့ ခုခံ ကာကွယ်ရေး စနစ် များကို အစီအစဉ် တကျ ထိန်းကျောင်း ကြပ်မတ်နေတယ် ဆိုတဲ့ လက္ခဏာ တစ်ခုလည်း ဖြစ်ပါတယ်။

ဒီအချက်ဟာ ကောင်းမွန်တဲ့ လက္ခဏာ တစ်ရပ် ဖြစ်ပါတယ်။ အရေးလည်း ကြီး ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
ကလေးအဖျား အများကြီး မတက်အောင် တားဆီး ပေးနိုင်လို့ပါပဲ။ ကလေးဟာ အဖျား သိပ်ကြီးရင် မသက်မသာနဲ့ ကသိကအောက် ဖြစ်တတ် ပါတယ်။ ထပ်၍ ဆိုရပါလျှင် အဖျား သိပ်ကြီး ပါက ကလေးငယ်တွေဟာ တက်သွား တတ်ပါတယ်။ ဒါကြောင့် အဖျား မကြီးအောင် ကလေးရဲ့ အပူချိန်ကို ချပေးဖို့ သိပ်ကို အရေးကြီး ပါတယ်။

-အဝတ် ထူထူထူမူများ၊ စောင်များ ဖယ်ရှားခြင်း
ကလေးကို ဝတ်ပေးထားတဲ့ အဝတ်အစားများနှင့် စောင်များကို ဖယ်ပစ်ပါ။ သို့မှသာ ကလေးရဲ့ ခန္ဓာကိုယ်မှ အပူ များ ဖြာထွက်လာကာ အေးလာပါလိမ့်မယ်။ ချည်ထည် ခပ်ပါးပါးလေး တစ်ထည် ဖြင့်သာ လွှမ်းခြုံပေးပါ။ အကယ်၍ အဖျားဟာ ၃၉ ဒီဂရီစင်တီဂရိတ် (၁၀၂ ဒီဂရီ ဖာရင်ဟိုက်) အထက် ဆိုပါက တီရှပ် ပါးပါး တစ်ထည် ဝတ်ထားပေး ပါ။ ဘောင်းဘီတို တစ်ထည် သာ ဝတ်ထားပေးပါ။

-ရေပတ် တိုက်ပေးခြင်း
ကလေးရဲ့ အပူချိန်ဟာ ၄၀ ဒီဂရီ စင်တီ ဂရိတ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) ကျော်လာတာ နာရီဝက် မက ကြာလာပြီ ဆိုပါက ကလေးမှာ ဝတ်ထားတဲ့ အထည်များကို ဖယ်ရှားပစ် ခြင်းနှင့် မလုံလောက် တော့ပါ။ ဒါဆိုရင် ရေပတ် တိုက်ပေးခြင်း ပြုလုပ် ရပါမယ်။ ပိုက်ရေကို သုံးပေးခြင်းဟာ ကလေး ငယ်အား မအေးစေပါ။ ပိုက်ရေဟာ အရေပြားရှိ သွေးကြောများကို ပွစေ ကျယ်စေတဲ့ အတွက် အပူချိန်ကို ကျစေပါတယ်။ ရေက သိပ်အေး ပါက အရေပြားရှိ သွေးကြောများကို ကျုံ့စေပြီး အပူကို မကျစေပါ။

(၁) ရေပုံး တစ်ပုံးမှာ ရေတစ်ဝက် ထည့်ပြီး သန့်စင်သော ဖလန်နယ်စ သို့မဟုတ် ရေမြှုပ်ကို ထည့်ပါ။ ခြောက်သွေ့တဲ့ တဘက် များကို ကလေးရဲ့ ပတ်ပတ်လည်မှာ ထားပေးပါ။ သို့မှသာ ခုတင်ရှိ အိပ်ရာဖုံးများကို မစိုစေတော့ပါ။

(၂) ရေစိမ်ထားတဲ့ ဖလန်နယ်စ သို့မဟုတ် ရေမြှုပ်ကို ရေညှစ်ပြီး ကလေး၏ ဦးခေါင်းမှ စပြီး ကလေးရဲ့ခန္ဓာကိုယ် တစ်ခု လုံးသို့ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ရေမြှုပ် နွေးလာပါက လဲပါ။ 
  (၃) ရေပတ်တိုက်ပြီး ၁၀ မိနစ်ခန့်တွင် အပူချိန် ထပ်တိုင်း ကြည့်ပါ။ 38ံC (၁၀ဝ.၄ံF) ဆိုပါက ရေပတ် တိုက်တာ ရပ်ပါ။ တကယ်လို့ အဖျား မကျပါက ရေပတ် ဆက်တိုက်ပါ။ အဖျားကို ၅ မိနစ် တစ်ကြိမ် ထပ်တိုင်းပါ။ အဖျား ကျလျှင် ရေပတ် တိုက်တာရပ်ပါ။

(၄) ရေပတ် တိုက်ပြီးတာနှင့် ခြောက်သွေ့တဲ့ ချည်ထည် အဝတ်များ လဲလှယ် ဝတ်ပေးပါ။ ကလေးအား အအေး မပတ် ရန် သတိထားပါ။ အဖျားထပ် တက်ပါက ရေပတ်ထပ် တိုက်ပေး နိုင်ပါတယ်။ အဲဒီလို လုပ်ရက်နှင့် အဖျား မကျဘူး ဆိုလျှင် ဆရာဝန်နှင့် ချက်ချင်းပြပါ။


-ဆေးတိုက်ကျွေးခြင်း
ကလေး၏ အဖျား ကျစေရန် အထိရောက်ဆုံး နည်းမှာ သူ့အား ဆေးတိုက် ကျွေးခြင်း ဖြစ်ပါတယ်။ ပါရာစီတမော ဆေး ရည်သည် သင့်ကလေး အတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။ ကလေး အဖျား ကျဆေးကို အရည် အဖြစ် ထုတ်လုပ် ထားတဲ့ အတွက် ငယ်ရွယ် လှသော ကလေးများ အတွက် ဆေးတိုက်ရတာ လွယ်ကူ ပါတယ်။

သင့်ကလေး ဖျားတဲ့အခါ ကလေး အဖျားကျ ဆေးပြား ဖြစ်စေ၊ အရည် ဖြစ်စေ တိုက်မည် ဆိုပါက သတ်မှတ် ညွှန်ကြား ထားတဲ့ ပမာဏထက် ပိုမတိုက်ရပါ။ ဆရာဝန် ညွှန်ကြားချက် မရှိဘဲ ပါရာစီတမောလ် ဆေး ရည်ကို ၂ ရက်ထက်ပို၍ မတိုက်ပါနှင့်။ အများအားဖြင့် ပါရာစီတမောလ် ဆေးရည် များဟာ ချိုတဲ့ အရသာရှိသည့် အတွက် ကလေးအား ဆေးတိုက်ပြီး  ပါက ပလုတ်ကျင်း ခိုင်းလိုက်ပါ။ ဒါမှမဟုတ်သွားတိုက် ခိုင်းလိုက်ပါ။
 
ဒေါက်တာရည်ညွန့်မေ

0 မှတ်ချက်များ for "အဖျား တက်နေတဲ့ သားသားမီးမီး တွေကို ပြုစုခြင်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++