ငွေကြေးအခက် အခဲကြောင့် ကြိုးဆွဲချ သေဆုံးသူ ကင်ဆာဝေ ဒနာရှင်များ

ကင်ဆာဝေဒနာရှင် ကြိုးဆွဲချသေဆုံးခဲ့သည့် အခန်း
ရန်ကုန် တိုင်းဒေသကြီး၌ အစိုးရ၀န်ထမ်း အိမ်ရာတွင်
နေထိုင်သူ အမျိုးသမီးတစ်ဦး ဆေးကုသရန် ငွေ ကြေး
အခက်အခဲကြောင့် ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ် အ ပါအ၀င် တစ်ပတ်အတွင်း ကြိုးဆွဲချသေဆုံးသည့်ဖြစ် စဉ် ခြောက်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

အဆိုပါကဲ့သို့ ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ်များမှာ တစ် ပတ်ကာလအတွင်း ဖြစ် စဉ်ခြောက်ခု ဖြစ်ပွား ခဲ့ပြီး သေဆုံး ခဲ့သူခြောက်ဦးသည် အသက်ရွယ်အားဖြင့် ၂၅ နှစ်မှ ၄၇ 
နှစ် အထိဖြစ်ပြီး သုံးဦးမှာ အမျိုးသမီးဖြစ် ပြီး၊ ကျန် သုံးဦးမှာ အမျိုးသားဖြစ်ကြောင်း သိရှိရသည်။

ယခုရက်ကာလအတွင်း ကြိုးဆွဲချသေဆုံးခဲ့သည့် ဖြစ်စဉ်ခြောက်ခုတွင် အစိုးရ၀န်ထမ်းမိသားစုဝင်နှင့် ပတ်သက်သည့်

နှစ်မှုပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါဖြစ်စဉ်များမှာ ၂၀၁၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၁း၄၅ နာရီ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ် သရက်တောမြောက်ရပ်ကွက် သစ်စက်ပင်မ ပစ္စည်း ဌာန၀င်းအတွင်း နေထိုင်သူ ဒေါ်စန်းစန်းမော် (၄၄ နှစ်) မှာ နေအိမ်လိုင်ခန်းအတွင်းဘက် မျက်နှာကျက်တန်းအား
လေးပေကျော်ခန့်ရှိ အစိမ်းရောင်နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးမှုကြောင့် ကြည့်မြင်တိုင် ရဲစခန်းသေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၂ အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များနှင့် ရင်းနှီးသူတစ်ဦးက ''သေသွားတဲ့သူက သားအိမ်ကင်ဆာရောဂါ ခံ စားနေရသူပါ။ ရောဂါဝေဒနာကလည်း ပြင်းထန်လာပြီး နာကျင်ကိုက်ခဲမှုတွေကို ပိုခံစားလာရတယ်လို့ သိရတယ်။
သေတဲ့နေ့ကသူ့ကိုပြုစုတဲ့ သူ့သမီးလေး အိမ်သာသွား နေတဲ့အချိန်မှာ ဖြစ်သွားတာပါ။ သေသွားတဲ့သူက သားအိမ် ကင်ဆာအခြေအနေ တော်တော်ဆိုးရွားနေပါတယ်။ ရောဂါဖြစ်တာက တစ်နှစ်ကျော် ကြာလောက်ရှိပြီ။ ကြာလာတော့ သားသမီးနဲ့ ယောက်ျားကို အားနာလာတယ်။ 

ဝန်ထမ်းမိသားစုတွေဆိုတော့ ရေရှည်မှာ ဆေးကုသစရိတ်တွေကလည်း ၀န်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ ကိုယ်အတွင်း ပိုင်းက နာကျင်မှုတွေလည်း ပိုပြင်းထန်လာတယ်။ ဆရာဝန်နဲ့ပြပြီး ကုတာရှိသလို ဆေးမြီး တိုတွေနဲ့လည်း  ကုပါ တယ်''ဟုပြောပြခဲ့သည်။
 
ထို့အတူ ဇွန်လ ၂၃ ရက်နေ့ နံနက် ၆း၂၀ နာရီ အချိန်တွင် လမ်းမတော်မြို့နယ် ၉ ရပ်ကွက်နေ သတင်းတပ်ဖွဲ့မှ ဒုရဲအုပ် တစ်ဦး၏ ဇနီးဖြစ်သူ မမြင့်မြင့်မော်  (၄၇ နှစ်) မှာ နေအိမ် လိုင်းခန်းအပြင်ဘက် အမြင့်ခြောက်ပေခန့်ရှိ အုတ်နံရံတွင် တန်းထားသော ၀ါးလုံးတွင် အရှည် ၂၆ ပေခန့်ရှိ တီဗီအင်တာနာကြိုးအား ခေါက်ချည်ပြီး အမြင့်တစ်ပေခန့်ရှိ ပလပ်စ တစ်ထိုင်ခုံပေါ်တက်ကာ လည်ပင်းကြိုးကွင်းဆွဲလျက် သေဆုံးနေမှုကြောင့် လမ်းမတော် ရဲစခန်း သေမှုသေခင်း အ မှတ်စဉ် ၅/ ၂၀၁၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
 
အဆိုပါဖြစ်စဉ်များနှင့်အတူ ဇွန်လ ၁၉ ရက်နေ့တွင် သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာတွင် ဦးမြင့်ဦး(၃၇ နှစ်) သန် လျင်မြို့နယ်နေသူမှာ ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေးကိစ္စ စကားများရာမှ ကြိုးဆွဲချ သေဆုံးသည့် ဖြစ် စဉ်ဖြစ်ပွား ခဲ့ကြောင်း သိရှိရပါသည်။
 
ဇွန်လ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဆိပ်ကြီးခနောင်တို ဆမာဒူးဝါးအပိုင်း ၄ ရပ်ကွက်နေ ဦးသိန်းဦး (၄၀ နှစ်) မှာ အရက် အလွန်အကျွံ သောက်သုံးသဖြင့် မိန်းမနှင့်စကားများပြီး နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် ကြိုးဆွဲချ သေ ဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
 
ဇွန်လ ၂၂ ရက်နေ့ နံနက် ၈း၁၅ နာရီအချိန်ကလည်း သုံးခွ မြို့ ၇ ရပ်ကွက်တွင်နေထိုင်သူ ကိုမြင့်ဇော်ဦး (၂၆ နှစ်) မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် ဇနီးဖြစ်သူ ဟင်းချက်မထားသည့်ကိစ္စဖြင့် တစ်ယောက်တစ်ခွန်းအပြန် အလှန် စကားများကြပြီး ဇနီးဖြစ်သူ နှင့်ကလေးနှစ်ဦးမှာ နေအိမ်မှထွက်သွားသဖြင့် တစ်ဦးတည်းရှိနေစဉ် ကြိုးဆွဲချသေဆုံး သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဇွန်လ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မှော်ဘီမြို့နယ် ကြက်ဖြူကန်ကျေးရွာနေ ကိုနန္ဒာဝင်းလွင်(၂၅နှစ်)မှာ အရက် အလွန်အကျွံ သောက်သုံးပြီး ကြိုးဆွဲချသေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ

သေဆုံးသူမှာ စိတ်မူမမှန်သူတစ်ဦးလည်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

0 မှတ်ချက်များ for "ငွေကြေးအခက် အခဲကြောင့် ကြိုးဆွဲချ သေဆုံးသူ ကင်ဆာဝေ ဒနာရှင်များ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++