ရဲတဦးလက် ချက်ေ ကြာင့် ကျောင်းသား တဦး သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်း
ကျောင်း က ဒဿမတန်းကျောင်းသား မောင်ကောင်းဆက်ပိုင် (ခ) တ ရုတ်ကြီးကို ရဲဒုတပ်ကြပ်တဦးက ဆိုင်ကယ်ပေါ်မှ တွန်းချခဲ့ရာ သေဆုံး ခဲ့သည့် အမှုကို ၇ လကျော်ကြာသည့်တိုင် သက်ဆိုင်ရာ ရဲစခန်းက တရားခံကို ဖော်ထုတ် အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် တရားလိုမိဘဖြစ်သူများ နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး အပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီးသို့ အခုလ (၆) ရက်နေ့က စာရေးသားတိုင်ကြားခဲ့သည်။
ကျောင်း က ဒဿမတန်းကျောင်းသား မောင်ကောင်းဆက်ပိုင် (ခ) တ ရုတ်ကြီးကို ရဲဒုတပ်ကြပ်တဦးက ဆိုင်ကယ်ပေါ်မှ တွန်းချခဲ့ရာ သေဆုံး ခဲ့သည့် အမှုကို ၇ လကျော်ကြာသည့်တိုင် သက်ဆိုင်ရာ ရဲစခန်းက တရားခံကို ဖော်ထုတ် အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် တရားလိုမိဘဖြစ်သူများ နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး အပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီးသို့ အခုလ (၆) ရက်နေ့က စာရေးသားတိုင်ကြားခဲ့သည်။
“ကျနော့်သား
သေဆုံးခဲ့တဲ့ ဖြစ်စဉ်က တလပိုင်း (၃) ရက်နေ့ မနက် ပိုင်းမှာ သား
ကောင်းဆက်ပိုင်က ဝိုင်းကျူရှင်တက်ပြီး ဆိုင်ကယ်နဲ့ အပြန်မှာ
စည်တော်မင်္ဂလာရပ်ကွက်ထဲက မောင်ဇော်လင်းဦးကို ဝင်ခေါ်ပြီး ရထားလမ်းဘေး
လူသွားလမ်းအတိုင်း ဆိုင်ကယ်မောင်း လာတာကို နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လာတဲ့
ဒုတပ်ကြပ် သဲမောင်မောင်က သားဆိုင်ကယ်နောက်မှာထိုင်တဲ့ မောင်ဇော်လင်းဦးရဲ့
အင်္ကျီကို ဆုပ်ကိုင်ဆွဲချလို့ အရှိန်နဲ့ ပြုတ် ကျတယ်။ ပြီးတော့ သားဆိုင်ကယ်
လက်ကိုင်ဆွဲတယ် ဘေးဘက်ကို လှမ်းကန်လိုက်လို့ သားက ဆိုင်ကယ် နဲ့အတူ
လမ်းဘေးလဲကျသွားလို့ ဦးခေါင်းဒဏ်ရာ သွေးတွေထွက်ပြီး သတိလစ်သွားပြီး
အဲဒီဒဏ်နဲ့ပဲ သေသွားတာ။ သားသူ ငယ် ချင်း မောင်ဇော်လင်းဦးက ပြောပြတယ်။ သူလည်း
ဆေးရုံတက်ရတယ်ဗျာ” ဟု မောင်ကောင်းဆက်ပိုင်၏ဖခင် ဦးအေးဟုန်က ပြောသည်။
မောင်ကောင်းဆက်ပိုင် သေဆုံးခဲ့သည့် ကိစ္စအတွက် တလပိုင်း (၅) ရက်နေ့မှာ
ဦးလေးဖြစ်သူ ဦးလှဝင်းသိန်းက ပြည် အမှတ် (၂) ရဲစခန်းက စခန်းမှူးဖြစ်သူထံ
တိုင်ကြားခဲ့သော်လည်း စခန်းမှူးက အမှုဖွင့်ပေးခြင်းမရှိသည့်အတွက် တလ ပိုင်း
၁၀ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံး၊ တိုင်းရဲတပ်ဖွဲ့မှူးရုံး၊
ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းတပ်ဖွဲ့ နေပြည်
တော်နှင့် ပြည်မြို့နယ်
ရဲတပ်ဖွဲ့ရုံး စသည့် ဌာနအသီးသီးထံ စာရေးသားတိုင်ကြားခဲ့သည်။ အဆိုပါ
ဌာနဆိုင်ရာများ မှ မောင်ကောင်းဆက်ပိုင် သေဆုံးခဲ့သည့် အမှုကိစ္စကို တစုံတရာ
အကြောင်းမပြန်ခဲ့သည့် အတွက် မောင်ကောင်း ဆက်ပိုင်မိဘများက (၁၈၊ ၁၊ ၂၀၁၂)
ရက်နေ့တွင် နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံး အပါအဝင် သက်ဆိုင်ရာ ဌာန ၁၄ ခုသို့
ထပ်မံတိုင်ကြားခဲ့သည်။
ပြည်မြို့နယ်တရားရုံးသို့ (၂၃၊ ၁၊ ၂၀၁၂) ရက်နေ့တွင်
မောင်ကောင်းဆက်ပိုင်း၏ဖခင် ဦးအေးဟုန်က ဦးတိုက်ေ လျှာက်သည်ကို တရားသူကြီး
ဒေါ်အေးမွန်က လက်ခံပြီး ပုဒ်မ (၃၃၈) ချပေးသည်ကို မကျေနပ်သဖြင့်
ခရိုင်တရားရုံးသို့ ထပ်မံ ဦးတိုက်လျှောက်ထားရာ ပုဒ်မ ၃၀၄ (က)၊ ပုဒ်မ (၃၃၈)
နှင့် မြို့နယ်သို့ ပြန်ချပေးခဲ့သည်။
မြို့နယ်တရားရုံးက ဒုတပ်ကြပ်
သဲမောင်မောင်သည် ပြည်သူ့ဝန်ထမ်းဖြစ်သည့်အတွက်ဟု ဆိုကာ အာမခံပေးခဲ့သည်။
အဆိုပါ အာမခံပေးသည်ကို ကန့်ကွက်ပြီး တရားရုံး ပြောင်းရွှေ့စစ်ဆေးပေးရန်
ခရိုင်တရားရုံးသို့ တင်ပြရာ ခရိုင်တရားရုံးက (၂၃၊ ၆၊ ၂၀၁၂) ရက်နေ့တွင်
ရွှေတောင်မြို့သို့ ပြောင်းရွှေ့စစ်ဆေးရန် ချပေးခဲ့သော်လည်း
ရုံးချိန်းမသိရသေးကြောင်း ဦးအေးဟုန်က ပြောသည်။
“ကျနော်အနေနဲ့ သားဖြစ်သူသေဆုံးသွားလို့ အရမ်းကို နစ်နာလွန်းလို့ပါ။
ကျနော့်သားက အခုမှ ၁၅ နှစ်ပဲ ရှိပါသေး တယ်။ ဆယ်တန်း တက်နေတာဗျာ။ ဒုတပ်ကြပ်
သဲမောင်မောင်လုပ်လို့ ကျနော့်သားက သေတယ်၊ သားသူငယ် ချင်း ဇော်လင်းဦးက
ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုရတယ်။ အဲလိုဖြစ်တဲ့ကိစ္စကို အမှုဖွင့်တာ
ဖွင့်မပေးဘူး။ တရားရုံးကလည်း ပြည်သူ့ဝန်ထမ်းဖြစ်လို့ သဲမောင်မောင်ကို
ဥပဒေနဲ့အညီ ဖော်ထုတ် တရားစွဲဆိုတာ မရှိသေးဘူးဗျာ။ အဲဒီအတွက်
အမှုမှန်ဖော်ပြီး အရေးယူ ဆောင်ရွက်ပေးဖို့ နေပြည်တော်ထိ တိုင်ထားတာလည်း
အခုထိ အကြောင်းမပြန်သေးဘူး။ ဒါကြောင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ
ကွန်ယက် (ပြည်ဒေသ) ကိုလည်း နေပြည်တော်တိုင်တဲ့စာတွေကို မိတ္တူပို့ပြီး
အကူအညီ တောင်းထားတယ်ဗျာ” ဟု သူက ပြောသည်။
ပြည်မြို့ အမှတ် (၂) ရဲစခန်းမှ ဒုတပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ပေါ်မှ
တွန်းချခဲ့သည့်အတွက် ဦးခေါင်း ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် အသက် ၁၅ နှစ်အရွယ်
မောင်ကောင်းဆက်ပိုင် (ခ) တရုတ်ကြီးသည် ပြည်မြို့၊ ရတနာမာန်အောင်ကွက်သစ်၊
ရွာဘဲရပ်ကွက်နေ ဦးအေးဟုန်၊ ဒေါ်ကြည်ကြည်မြင့်တို့၏ သား ဖြစ်သည်။


0 မှတ်ချက်များ for "ရဲတဦးလက် ချက်ေ ကြာင့် ကျောင်းသား တဦး သေဆုံး"