ဗိုလ်ချုပ် မောင်ေ အးနဲ့ ပါတ်သက် လို့  ဂျာနယ် ၂ စောင် သတိပေးခံရ

အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ပတ်သက်တဲ့ သတင်းကို စာပေစိစစ်ရေး ခွင့်ပြုချက် မရှိဘဲ ဖော်ပြခဲ့တဲ့ ရန်ကုန်တိုင်းမ် ဂျာနယ် နဲ့ ဗီးနပ်စ် သတင်းဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေး ညွှန် ကြားရေးမှူးက မနေ့က ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး လေဖြတ် ဝေဒ နာ ခံစားရပြီး စင်္ကာပူ နိုင်ငံမှာ ဆေးကုသမှု
ခံယူနေရတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေး ညွှန်ကြားရေးမှုး ဦးမျိုးမြင့်မောင်က ခေါ်ယူ သတိပေးခဲ့တာပါ။

နိုင်ငံတော် အကြီးအကဲ တစ်ဦးရဲ့ သတင်းကို ခွင့်ပြုချက်မရှိဘဲ ထည့်သွင်းဖော်ပြတာဟာ စည်းကမ်း ချိုး

ဖောက်မှုကြီး ဖြစ်ကြောင်း၊ နောက်နောင် စာပေစိစစ်ရေး ခွင့်မပြုတဲ့  သတင်းတွေကို ဆက် လက် ထည့် သွင်း ဖော်ပြမယ်ဆိုရင် ဂျာနယ်ထုတ်ဝေခွင့်ကို အပြီးအပိုင် ရုတ်သိမ်းမှာဖြစ်ကြောင်း နဲ့ စာပေစိစစ်ရေး ဆိုတာ ရှိနေသေးကြောင်း၊ ၁၉၆၂ ပုံနှိပ် အက်ဥပဒေ အသက်ဝင် နေသေးကြောင်း သတိပေး
ပြောဆိုခဲ့ တယ်လို့လည်း သိရပါတယ်။

0 မှတ်ချက်များ for "ဗိုလ်ချုပ် မောင်ေ အးနဲ့ ပါတ်သက် လို့  ဂျာနယ် ၂ စောင် သတိပေးခံရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++