အင်တာပို ၀က်ဆိုက် အလိုရှိသည့် စာရင်းမှာ ရှာကြည့်ရင် ဦးခွန်ဆာကို တွေ့ရ
ဘိန်းဘုရင် ခွန်ဆာ ၂၀၀၇ အောက်တိုဘာလကုန်ပိုင်းက ရန်ကုန်မှာ ကွယ်လွန်သွားပြီ ဆိုတဲ့သတင်း ထွက်ခဲ့ပါ တယ်။ အစိုးရက တရားဝင် ထုတ်ပြန်ကြေညာတာ၊ သတင်းစာမှာ နာရေးကြော်ငြာ ပါလာတာမျိုး မရှိခဲ့ပါဘူး။
သူ့ရဲ့ နာရေးအခမ်းအနားဆိုင်ရာ ဓာတ်ပုံတွေလည်း အွန် လိုင်းကို ရောက်မလာပါဘူး။
သို့သော်လည်း သူ သေဆုံးပြီ ဆိုတဲ့ သတင်းကို သတင်း ဌာနအများအပြားက တဆင့် သိကြရသူတွေကတော့ သူသေဆုံးပြီလို့ နားလည်ထားကြပါတယ်။
သူသေဆုံးပြီ ဆိုတာကို မယုံကြည်သူများလည်း ရှိနေပါတယ်။ အန္တရာယ်တွေကို စိုးရိမ်လို့ သေဆုံးတယ် သတင်း လွှင့်ပြီး ကိုယ်ရောင်ဖျောက်သွားတယ်လို့ ယူဆသူတွေ ရှိကြမှာပါ။ ဒါလည်း ဖြစ်နိုင်ချေတခုပါပဲ။
သူ့နာရေးသတင်းကို မယုံကြည်သူတွေထဲမှာ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) နဲ့ အမေရိကန် မူးယစ်ဆေးဝါး တိုက် ဖျက်ရေးအာဏာပိုင်အဖွဲ့တို့ ပါဝင်နေပါတယ်။

အင်တာပိုဝက်ဆိုက် အလိုရှိသည် စာရင်းမှာ ရှာကြည့်ရင် ဦးခွန်ဆာကို တွေ့ရမှာပါ။ဒါကတော့ အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံတကာ မူးယစ်ဆေး နဲ့ လုံခြုံရေးဌာနရဲ့ ကြော်ငြာ ဖြစ်ပါတယ်။ ခွန်ဆာကို အလိုရှိသည် တဲ့။
လိပ်စာက - http://www.state.gov/www/global/narcotics_law/chang_chi-fu.html
ခွန်ဆာကို ဖမ်းမိရေး သတင်းပေးနိုင်ရင် ဒေါ်လာ ၂ သန်း ပေးမယ်လို့ ဆိုထားပါတယ်။
by.irrawaddy

0 မှတ်ချက်များ for "အင်တာပို ၀က်ဆိုက် အလိုရှိသည့် စာရင်းမှာ ရှာကြည့်ရင် ဦးခွန်ဆာကို တွေ့ရ"