ထိုင်း-မြန်မာ နယ်စပ်မှာ မူးယစ် အဖွဲ့နဲ့ ထိုင်း လုံခြုံရေး ပစ်ခတ် မှုဖြစ်ပွား

ယနေ့ ဇူလိုင်လ ၁၆ ရက် ထိုင်းဒေသစံတော်ချိန် နံ နက် ၅ နာရီအချိန်ခန့်မှာ မြန်မာနိုင်ငံဘက်က အိမ်နီး ချင်း ထိုင်းနယ်စပ် မယ်ဆိုင် ခရိုင်အတွင်းကို မူးယစ်
ဆးဝါး သယ်ဆောင်လာသူအဖွဲ့နဲ့ ထိုင်းလုံခြုံရေးတို့ တိုက်ပွဲဖြစ် ပွားရာ မူးယစ်အဖွဲ့က ၈ ဦးကို အသေဖမ်း ဆီးမိကြောင်း ထိုင်း သတင်းတွေအဆိုအရ သိရပါ တယ်။

အဆိုပါ မူးယစ်ဆေးသယ်ဆောင်သူအဖွဲ့နဲ့  ထိုင်းရဲ တပ်ဖွဲ့တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရခြင်းကလည်း မူးယစ်ဂိုဏ်း သား တွေကို ပိတ်ဆို့ကာ အဖမ်းခံရန် ပြော ကြားခဲ့ကြောင်း၊ သို့သော် ၄င်းတို့က ငြင်းဆန်ခဲ့ပြီးနောက် မိနစ် အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်မှု များ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ The Nation နှင့် The Bangkok Post သတင်းတွေမှာလည်း ဖေါ်ပြ ထားပါ တယ်။

အသေ ဖမ်းဆီးမိခဲ့တဲ့ မူးယစ်သယ်ဆောင်သူ ၈ ဦးရဲ့ အနီးအနားမှာ ICE ခေါ် ခရစ်စတယ်အမှုန့် ကီလို ၇၀
ကျော်၊ မက်သာဖက်တမင်းဆေးပြား ၅ သိန်းခွဲကျော်၊ ၉ မီလီမီတာ ပစ္စတို တလက်၊ ပွိုင့် ၂၂ ပစ္စတို တ လက်၊AKA မောင်းပြန် ရိုက်ဖယ် ၃ လက်တို့ကို အတူတကွ ဖမ်းဆီးမိကြောင်း သတင်းများ မှာ ဖေါ်ပြ ထား ပါတယ်။ကျန် မူးယစ်သမားများဟာ တိုက်ပွဲဖြစ်ပွားစဉ်မှာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေး လွတ်မြောက် သွားကြောင်း လည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတန်ဘိုးဟာ ကာလပေါက်ဈေး ထိုင်းဘတ်ငွေ သန်း ၅၀၀ ကျော်ဖိုးရှိတယ်လို့ သိရ ပါတယ်။

0 မှတ်ချက်များ for "ထိုင်း-မြန်မာ နယ်စပ်မှာ မူးယစ် အဖွဲ့နဲ့ ထိုင်း လုံခြုံရေး ပစ်ခတ် မှုဖြစ်ပွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++