လူမျက်နှာနှင့် တူသော ငါးကို အမေရိကန်တွင် ဖမ်းမိ

ဤအခြင်းအရာကို သင်တွေ့လိုက်ရတဲ့အချိန်မှာ သင့်ကို ရုတ်တရက် ထိတ်လန့်စေမှာလား ။ ဒါမှမဟုတ် မယုံနိုင်အောင် အံ့အားသင့်စေမှာ လား ဆိုတာသင်ကိုယ်တိုင်ပဲ သိလိမ့်မယ်။
 
အမေရိကန်နိုင်ငံ HARTSVILLE South Carolina ရေကန် မှာ ရှစ်နှစ် အရွယ်ကောင်လေးနဲ့ သူ့အဖိုးဖြစ်သူတို့ဟာ ရာစုနှစ်အတွင်း မည်သူ မျှတွေ့မြင်ဖူးခြင်းမရှိသော လူမျက်နှာနှင့်တူတဲ့ ငါးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
 
အဏ္ဏဝါဗေဒ ပညာရှင်ကတော့ တော်တော်ကြောက်ဖို့ကောင်းတဲ့ ဖန် ဆင်းမှုပဲလို့ဆိုပါတယ်။ ဒီလို အံ့သြဖွယ်ရာ နှာခေါင်း၊ပါးစပ်၊သွားတွေ အပြင် လူမျက်နှာနဲ့ တူတဲ့ငါးကို အရင်က တစ်ခါမှ မတွေ့ဖူးခဲ့ဘူးလို့ သူက ဆိုပါတယ်။ပြီးခဲ့တဲ့ရာစုနှစ်အတွင်း ဒီ တောင်အမေရိက နိုင်ငံမှာ မျိုးရိုးဗီဇ ပြောင်းလဲမှုနဲ့ သဘာဝမဟုတ်တဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှု ဆိုင်ရာဖြစ်ရပ်တွေ မတွေ့ဖူးခဲ့ပါဘူးလို့  နာမည်ကျော် ပုံမှန်မဟုတ်တဲ့ သားရိုင်းတိရစ္ဆာန် နဲ့ အဏ္ဏဝါဗေဒ ပညာဆိုင်ရာ သိပ္ပံပညာရှင် ဒေါက်တာ Gregory Hickens ကပြောဆိုခဲ့ပါတယ်။ ဒီလို ထူးဆန်းပြီးဘယ်သူမှမတွေ့ဖူးတဲ့ ငါးကို ဖမ်းမိတာကတော့ အဖိုးအဖွားတွေဆီကို ခေတ္တအလည်ရောက်လာတဲ့ Aaron Krendell ဆိုတဲ့ကောင်လေးငယ်
တစ်ယောက်ပဲဖြစ်ပါတယ်။

ဒီလိုငါးမျိုးကို အရင်တုန်းက တစ်ခါမှမတွေ့ဖူးပါဘူးလို့ကောင်လေးက ဆိုပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိတဲ့ အဖိုးဖြစ်သူ Clayton က ၇ လက်မခွဲ အရွယ်အစားရှိတဲ့ ငါးကို သူ့ရဲ့ငါးမျှားတံကနေ ကူညီပြီး ဆွဲပေးခဲ့ရပါတယ်။ သူတစ်ယောက်တည်း ငါးကို ကူညီပြီးတော့ ဆွဲပေးခဲ့တဲ့အချိန်မှာ ငါးရဲ့အရွယ် အစားကို ငါးအရွယ်အစား အနည်း ငယ်ကြီးမယ်ဆိုတာ သိလိုက်လို့ သူ့ကိုတောင် မင်း တော်တော် တော်တဲ့ တံငါသည် လေးပဲ လို့တောင် ပြောခဲ့သေး တယ်လို့ အဖိုးဖြစ်သူက ဆိုပါတယ်။ 

Aaron က ငါးကို မြှောက်ပြီး အဖိုးရေ....ကြည့်ပါဦး ။ ဒီငါးက အန်ကယ် Steve နဲ့တောင်တူတယ်လို့ ပြောပါတယ်။ အဲဒီ တုန်းက တော်တော်နောက်တဲ့ကလေးပဲလို့ သူ့ကိုထင်လိုက်သေးတယ်။ အဲဒီနောက် ငါးကို ကျွန်တော့ဘက် ဆွဲလှဲ့ လိုက်တဲ့ အချိန်မှာ အသက်ရှူမှားမတတ်ဖြစ်ပြီး ကြောက်ဖို့ကောင်းတဲ့ငါးကို လန့်ပြီးပစ်ချမိလိုက်ပါတယ်။
 
ကျွန်တော့ကို နှလုံးရောဂါရမတတ်ဖြစ်စေတဲ့အချက်ကတော့ အဲဒီငါးနှုတ်ခမ်းက စကားပြောတော့မလို လှုပ်ရှားနေ တာပါပဲ။ အဲဒီငါးကို ခြင်းထဲထည့်လိုက်တဲ့အချိန် ရင်တုန်ပန်းတုန်ဖြစ်ပြီးနောက်ဒီလို ငါးမျိုးဘယ်တော့မှ မတွေ့ပါစေနဲ့ လို့ဆုတောင်းမိလိုက်တယ်။ ပြီးတော့ ငါးကို ပြန်ယူသွားပြီး နားလည်တတ်ကျွမ်းတဲ့ သူတွေကို ပြသချင်တယ်။
 
ဖြစ်ချင်တော့  သူတို့မြို့က တက္ကသိုလ်မှာ ငါးနဲ့သားရိုင်းတိရစ္ဆာန် ပညာရှင် ပရော်ဖက်ဆာ Pal နဲ့ ဆက်သွယ်မိတယ်။ အဲဒီလို လူမျက်နှာနဲ့တူတဲ့ငါးမျိုးဖမ်းမိတယ်လို့ပြောရင် သူများတွေက ကောလဟာလ လို့ ပြောမှာစိုးလို့ ယူလာပြရ တာပါလို့ Gregory Hickens ကဆိုပါတယ်။
 
တစ်ခုဖြစ်နိုင်ခြေရှိတာကတော့ နြူးကလီးယားစမ်းသပ်မှုတွေနဲ့ ရေဒီယို သတ္တိကြွ စွန့်ပစ် ပစ္စည်းတွေကြောင့်
ဒီငါး မျိုးရိုးဗီဇပြောင်းလဲသွားတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

0 မှတ်ချက်များ for "လူမျက်နှာနှင့် တူသော ငါးကို အမေရိကန်တွင် ဖမ်းမိ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++