ဘန်ကောက် သွားမည့် သူများကို ရန်ကုန်လေ ဆိပ်တွင် ဖုန်းကတ် အလကားပေး
ရန်ကုန်လေဆိပ်တွင် ဘန်ကောက်သို့ သွားမည့်ခရီးသည်များ ကို ထိုင်းနိုင်ငံတွင် အသုံးပြုသည့် ဆင်မ်ကတ် (SIM Card) များ အခမဲ့ ပေးဝေလျက်ရှိသည်။
ထို ဆင်မ်ကတ်ကို True Move ကုမ္မဏီက ဖြန့်ဝေနေခြင်းဖြစ် သည်။
အသုံးပြုလိုပါက ထိုင်းနိုင်ငံအနှံ့တွင်ရှိသော Seven Eleven စ တိုင်းဆိုင်များ၊ တယ်လီဖုန်းအရောင်ဆိုင်များသို့ သွားရောက်
ပြီး ငွေဖြည့် အသုံးပြုနိုင်သည်ဟု ကြော်ငြာ ထားသည်ကို တွေ့ ရသည်။ အနည်းဆုံး ဘတ် ၃ဝဝ ဖိုး ထည့်သွင်းရမည်ဟု ဆိုသည်။ ထိုပမာဏသည် အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာနှင့် ညီမျှသည်။
ကြော်ငြာတွင် ဖော်ပြထားချက်အရ တခြား ကုမ္မဏီများနည်းတူ ခေါ်ဆိုခ သက်သာကြောင်း သိရသည်။
ဘန်ကောက်မြို့ မြန်မာသံရုံးတွင်လည်း True Move ကုမ္မဏီက ဆင်မ်ကတ် ဖြန့်ဝေနေသည် ကို တွေ့ရသည်။ မြန်မာ သံရုံးသည် မြန်မာပြည်သားများနှင့် နေ့စဉ်လိုလို စည်ကားနေသဖြင့် စားသုံးသူထံ တိုက်ရိုက်ရောက်ရှိသော ဖြန့်ဝေ နည်း ဖြစ်သည်။
အခွန်ဆောင်ရန်၊ ပတ်စ်ပို့ နှင့် ထောက်ခံချက်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် သံရုံးသို့ ရောက်လာသော မြန်မာပြည် သား အရေအတွက်မှာ နေ့စဉ် ရာနှင့်ချီ ရှိသည်ကို တွေ့နေရသည်။
မြန်မာပြည်သားတို့ကို ပစ်မှတ်ထားသော True Move ဆင်မ်ကတ် ကြော်ငြာသည်လည်း မြန်မာ ဘာသာဖြင့်ပင် ရေးသား ထားကို တွေ့ရသည်။ True Move ကုမ္မဏီတွင် မြန်မာဝန်ထမ်းကို ခန့်ထားသဖြင့် မြန်မာဘာသာဖြင့် ဆက်သွယ် စုံစမ်း
မေးမြန်းနိုင်သည်ဟု ကြော်ငြာက ဆိုသည်။
0 မှတ်ချက်များ for "ဘန်ကောက် သွားမည့် သူများကို ရန်ကုန်လေ ဆိပ်တွင် ဖုန်းကတ် အလကားပေး"