တောင်ကြီးတွင် ကျင်းပ ပြုလုပ်သော အာဇာနည်နေ့  အခမ်းအနား

ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီး မူးကျင်းပသော အာဇာနည်နေ့ ဆွမ်းကပ်အမျှဝေ ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်အဖွဲ့ချုပ်ပြည်နယ် ရုံးတွင် ကျင်းပခဲ့ရာ နံနက်  ၈ နာရီ ခန့်တွင် အမျိုး သားဒီမို ကရေစီအဖွဲ့ချုပ်မှ ကလောမြို့နယ်  ရွေး
ကောက်ပွဲလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ
ဒေါ်သန်းငွေ ပြည်နယ်ညီလာ ခံပေါ်ပေါက်ရေးကော် မရှင် အတွင်းရေးမူး ဒေါ်ခင်မိုးမိုး ၊ ခရိုင်ညီလာခံပေါ် ပေါက်ရေး ကော်မရှင်အတွင်းရေးမူး ဦးခင်မောင်တိုး မှ ဆွမ်းကပ်လှူ ခဲ့ပြီး   ၈၈ ရပာန်းပျို ဥက္ကဌဆရာ တော် ဦးခေမာနန္ဒ မှ အာဇာနည်နေ့ တွင်ကျဆုံးခဲ့သော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေခြင်း ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ် အတ္ထု ပ္ပတိ များနှင့် သမိုင်းကြောင်းများကို အကျယ်တဝင့် ပောာကြားခဲ့ပါသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ် ၈၈ ကျောင်းသားပောာင်း ခေါင်းဆောင်များဖြစ်သော ဆရာ ဦးနေမျိုး၊ ကိုညီညီ မိုး တို့မှ တက်ရောက်ခဲ့ပါသည်။

နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် တောင်ကြီးမြို့ မြို့လယ်ဓမ္မာရုံတွင် ရှမ်းပြည်နယ်  အစိုးရအဖွဲ့မှ ကြီးမူး ကျင်းပသော အာဇာနည်နေ့ ဆုတောင်းမေတ္တာပို့ အမျှဝေခြင်း  အခန်းအနားကို ကျင်းပခဲ့ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် စိုင်းအောင်မြတ် နှင့် တကွ ဌာနဆိုင်ရာအကြီးအကဲများ နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ကလောမြို့နယ် ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာဒေါ် သန်းငွေ ပြည်နယ်ညီလာခံပေါ်ပေါက်ရေးကော်မရှင် အတွင်းရေးမူး ဒေါ်ခင်မိုးမိုး၊ ခရိုင်ညီလာခံပေါ်ပေါက်ရေး ကော်မရှင် အတွင်းရေးမူး ဦးခင်မောင်တိုး ၊တောင်ကြီး မြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင်ဥက္ကဌ 
ဦးသန်းမြင့် နှင့် တကွ ဒီချုပ်အဖွဲ့ဝင် ၁၁ ဦးခန့် အခမ်းအနားသို့ တက်ရောက် ခဲ.ပါသည်။

တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်အား ပါတီဝင်များအနေဖြင့် မိမိတစ်ဦးခြင်း အနေဖြင့်သာ
သွားရောက်အလေးပြုခဲ့ကြောင်းသိရှိရပါသည်။

                                                      နေလင်းသိုက်(ခ) ကျော်ကျော်ဦး
                                       ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီ ပြည်နယ် သတင်းနဲ့ ပြန်ကြားရေး

0 မှတ်ချက်များ for "တောင်ကြီးတွင် ကျင်းပ ပြုလုပ်သော အာဇာနည်နေ့  အခမ်းအနား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++