ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်
မြန်မာနိုင်ငံကို ဖြတ်ပြီး ဖောက်လုပ်နေတဲ့ တရုတ်ရေနံနဲ့ သ ဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ ဒေသခံတွေရဲ့ လယ်ယာမြေတွေ နစ်နာသလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက် ပျက်စီးနေတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ တွေက စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူကနေ မြန်မာနိုင်ငံ အထက်ပိုင်း ကိုဖြတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကနေ တရုတ်နိုင်ငံ ယူ နန်အထိ ဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့ လိုင်းဟာ
မြန်မာနိုင်ငံ နေရာတော်တော်များများက သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်ပျက်စီးနေတယ်လို့ မန္တလေး အခြေ စိုက် စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က တာဝန်ရှိသူ တဦးက ပြောပါ တယ်။
“သဘာဝဘေးမဲ့တော၊ ရွှေစက်တော် ဘေးမဲ့တောတွေ ပါသွားတယ်။ တချို့ ဥပမာ နွားထိုးကြီး နယ်စပ်မှာရှိတဲ့ တရာသီလုံး သုံးလို့ ရတဲ့ သုံးရေ၊ သောက်ရေ၊ တိရစ္ဆာန်တွေအတွက်လည်း သုံးရတဲ့ ရေကန်ကြီးတွေ၊ ဒါတွေ ကျတော့ အများပိုင်ဆိုတော့ လျော်စရာမလိုဘူးလေ။ အဲလို ရေကန်ကြီးတွေ ဖောက်ချသွား တယ်။
တပြားတချပ်မှလည်း မပေးဘူး။ ရေကန်ကြီးကို ကန်ဘောင်ကြီး ချိုးချသွားတဲ့အခါမှာ အဲ့နားက ဒေသခံတွေ စိုက် ခင်းမြေမှာလည်း ဒုက္ခရောက်သလို သောက်သုံးရေမှာလည်း ဒုက္ခရောက်ကုန်တယ်။ ဒီနှစ်မိုးခေါင်တော့ ပိုဆိုး တယ်။ ကန် ၂ ကန်၊ ၃ ကန် ကျနော်တို့ တွ့ ခဲ့တယ်။”
“နောက်တခါ ပေါက်ရောက် သစ်ပင်၊ စိုက်ပျိုးထားတဲ့ သရက်၊ မန်ကျည်းကို နည်းနည်းလျော်တယ်။ ဘာလို့ဆို
တော့ ဒါတွေက အများကြီးပျက်စီးသွားတာ။ သူတို့က ဖြစ်နိုင်ရင် အများပိုင်ပုံစံလုပ်လိုက်တယ်၊ ပြီးတော့ ဖျက် ချသွားတဲ့အခါမှာ ရှိနေတဲ့ ပေါက်ရောက် သစ်ပင်ကြီးတွေကို ဘာမှ ပြန်လည် အစားထိုး ဆောင် ရွက်ပေးသွား တာ မရှိဘူး။ လုပ်ချင်တာလုပ်သွားတယ်။ ဘယ်သူ့မှ လျော်ကြေးပေးစရာမလိုဘူး၊ အများကြီး သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်သွားပြီ။ ဒါက လက်ငင်း ပိုက်လိုင်းချတဲ့ နေရာမှာ ထိခိုက်တာ၊ ဂက်စ်စလွှတ်ပြီဆိုတာနဲ့ ဂက်စ်ကို pressure pump တွေနဲ့ ထိန်းကြမယ်။ လေထဲမှာ ခွဲကြမယ်။ ဖြစ်လာမယ့် ယိုစိမ့်မှုအန္တရာယ်တွေ ဘာတွေ ယ် လို ပြင်ထားလဲ၊ လုပ်ထားလဲ၊ သူတို့ အစီအစဉ်တွေဆိုတာ ပြည်သူလူထုနဲ့ အုပ်ချုပ်ရေးပိုင်းကို ဘာမှ ထင် သာမြင် သာရှိအောင် ပွင့်ပွင့်လင်းလင်းလုပ်ထားတာ ကျနော်တို့ မတွေ့ ရဘူး။ နောက်ဆက်တွဲ စိုးရိမ်စရာတွေ အများ ကြီးပဲ။”
တရုတ်နိုင်ငံကို သွယ်တန်း ဖောက်လုပ်နေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ မြေယာဆုံရှုံး နစ်နာတဲ့
တောင်သူတွေတင်မကဘဲ တနိုင်လုံးနဲ့ ပါ သက်ဆိုင်နေပြီဖြစ်တဲ့အတွက် လေ့လာရေးတွေ လုပ်နေပြီး နစ်နာ တာတွေကို ထုတ်ပြန်သွားမယ်လို့ ပြောသွားပါတယ်။
“စိမ်းရောင်စိုအနေနဲ့ ပိုက်လိုင်းဖြတ်သွားတဲ့ နေရာက ပြည်သူလူထုတွေရဲ့ ခံစားချက်တွေရယ်၊ ပိုက်လိုင်းဖြတ် သွားတဲ့ ကိစ္စဆိုတာဟာ မြေပါသွားတဲ့ လူတွေရဲ့ ကဏ္ဍတင်မဟုတ်တော့ဘူး။ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကဏ္ဍတခုလို့ ခံယူတယ်။ ဒါကြောင့် ကျနော်တို့ သဘောထားတခု စစ်တမ်းတွေ လုပ်နေပြီ။ ပိုင်ပိုင်နိုင်နိုင် မသိသေးဘဲ မပြော ချင်တဲ့အတွက် စစ်တမ်းတွေလုပ်တာ တော်တော် များများ သိလာတဲ့ အချက်တွေ ရှိလာပြီ။”
ထင်ရှားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ ဦးဝင်းမျိုးသူကတော့ တရုတ်နိုင်ငံပိုင် သဘာဝဓါတ်ငွေ့နဲ့ ရနံ ပိုက်လိုင်းကြောင့် ကုန်းမြေတင်မကဘဲ ရေပေါ်ရေအောက် ပတ်ဝန်းကျင် ထိခိုက်ရတာတွေကို အခုလို ရှင်းပြ ပါတယ်။
“ပိုက်လိုင်းကြီးတခု ဖြတ်သွားပြီဆိုရင်တော့ လူထုရော၊ ပတ်ဝန်းကျင်ရေးရာတွေရော အများကြီး ခံစားရမှာပေါ့။ ပင်လယ်ကြမ်းပြင်က စဖြတ်တယ်ဆိုရင် အဲ့ဒေသမှာရှိတဲ့ ရေလုပ်ငန်းတွေ၊ သန္တာကျောက်တန်းတွေ၊ ဒါတွေ ထိ ခိုက်လား မထိခိုက်လား ဆန်းစစ်ရ မှာပေါ့။ ဖြတ်သွားတဲ့ နေရာမှာရှိတဲ့ နဂို ပတ်ဝန်းကျင်ရေးရာကို ကြည့်မှသိ မှ
ဖြစ်မယ်။ ကျနော်တို့ ရထားတဲ့ သတင်းအချက်အလက်အရဆိုရင် ပိုက်လိုင်းဖြတ်သွားတဲ့ အတွက် ဒေသခံ လုပ် ငန်းတွေနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ တော်တော် ဒုက္ခရောက်တယ်ဆိုတာ ဗီဒီယို မှတ်တမ်းတွေမှာ တွေ့ ရတယ်။”
“မြေပေါ်ရောက်သွားတယ်ဆိုလည်း ဒီအတိုင်းပဲတွေ့ ရတယ်။ သူတို့ကတော့ ပတ်ဝန်းကျင် ထိခိုက်မှု အနည်း ဆုံးဖြစ်အောင် လုပ်တယ်လို့ ပဲပြောတယ်။ သူတို့ ထည့်မစဉ်းစားမိတဲ့အချက်၊ ကျနော်တို့ ကိုယ်တိုင်မစဉ်းစား မိတဲ့အချက် ပြီးခဲ့တဲ့ ၁ လက ဘာသွားတွေ့ လဲဆိုတော့ ပိုက်လိုင်းဖြတ်သွားတော့ လယ်က ၂ ခြမ်းကွဲသွားတယ်။
ရွာက ၂ ခြမ်းကွဲသွားတယ်။ ဟိုဘက်ဒီဘက်ကူးဖို့ ကလေးတွေ ကျောင်းသွားတတ်ဖို့ ဟိုဘက်ရွာကို ဖြတ်သွားဖို့ လယ်ကိုသွားအလုပ်လုပ်ဖို့ အဲလိုအခက်အခဲလေးတွေလည်းတွေ့ ရတယ်။ ဒါတွေကို ထည့်သွင်းစဉ်းစားထား ပုံမပေါ်ဘူးဗျ။”
မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုတွေကနေ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက် တဲ့ အချက်အလက်တွေကို အစိုးရအဖွဲ့အစည်းတွေဆီကနေ တရားဝင် မရနိုင်သေးတဲ့အတွက် နစ်နာဆုံးရှုံး တာနဲ့ပတ်သတ်ပြီး အခက်အခဲတွေ အများကြီး ရှိသေးတယ်လို့လည်း ဦးဝင်းမျိုးသူက ပြောဆိုသွားပါတယ်။

0 မှတ်ချက်များ for "ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်"