နှစ်(၂၀)အတွင်း အပိတ်ခံရသော ရန်ကုန် နည်းပညာ တက္ကသိုလ် ပြန်ဖွင့်ပြီ

မြန်မာနိုင်ငံ၏လက်ရှိအခြေ အနေအရ ပညာရေး အ ဆင့်အ တန်းအား မြှင့်တင်ရန် ကြိုးစား နေ လျက်ရှိ ရာ ယခုတွင် နည်းပညာ တက္ကသိုလ်များ အဆင့်မြှင့် တင် ရန်အတွက် ပထမအဆင့်အနေ ဖြင့် ယခင်က အပိတ်ခံထားရသော နည်းပညာကျောင်း တစ်
 ကျောင်းဖြစ်သည့် ရန်ကုန်နည်းပညာ တက္ကသိုလ် YTU အားပြန်လည် ဖွင့်လှစ်ခွင့်ရပြီဖြစ်ကြောင်း သိပ္ပံ နှင့် ပညာရေးဝန်ကြီးဌာနမှသိရ သည်။

အဆိုပါ ရန်ကုန်နည်းပညာ တက္ကသိုလ်သည် ကမ္ဘာ ကအသိအ မှတ်ပြုသည့်ကျောင်းတစ်ကျောင်း ဖြစ်ပြီး လူတော်လူကောင်းမြောက် များစွာနှင့် အတတ်ပညာရှင်များကို မွေးထုတ်ပေးနေသည့် ၎င်းကျောင်း သည် ယခုပြန်လည် ဖွင့်လှစ်ရာ တွင်လည်း ယခင်နည်းစနစ်များ အတိုင်းသင်ကြားသွား မည်ဖြစ် ကြောင်း ကျောင်း သားခေါ်ယူ သည့်နေရာမှာ လည်းအခြားနည်း ပညာတက္ကသိုလ်များနှင့်အတူ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြား သည်။

“ ဒီရန်ကုန်နည်းပညာ တက္ကသိုလ်မှာတော့အခြားကျောင်း တွေနဲ့မတူ ဘာသာရပ် (၁၂)ခုကို သင်မယ်။
ကျောင်းသားခေါ်ယူ တဲ့နေရာမှာလည်း အမှတ်(၄၅၀) နှင့်အထက် ကျောင်းသားကျောင်း သူဦးရေ (၂၅၀)ကို သာခေါ်ယူ သွားမှာဖြစ်ပါတယ်။ သင်ကြား သည့်နေရာမှာလည်း နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်းတမ်းများ သင်ကြားမှုစနစ်များဖြင့် အင်ဂျင် နေရာပုံစံကျကျ သင်ကြားပေး သွားမည်ဖြစ်ပါတယ်””ဟု သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 အဆိုပါကဲ့သို့ ကမ္ဘာအသိအမှတ် ပြုသည့် ကျောင်းအား ပြန်လည် ဖွင့်လှစ်ပေးခြင်းကြောင့် နည်း ပညကျောင်း သားများ၏ ပညာ ရည်အဆင့်အတန်းသည်ယခင် ထက်ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း နည်းပညာကျောင်း သားတစ်ဦးဖြစ် သူ ကိုကြည်ဟိန်းညွန့်မှပြောကြား သည်။

 ““အခုလို ကမ္ဘာကအသိအ မှတ်ပြုခံရတဲ့ ဒီလိုကျောင်းကြီးကို ပြန်ဖွင့်ပေးတော့ အရမ်းကိုဝမ်း သာပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုကျောင်းကြီးကိုတက်ခွင့်မရတဲ့ အခါ နောင်တလည်းရပါတယ်။    ဒီကျောင်းမှာက သင်
 ထောက်ကူ ပစ္စည်းက အစုံအလင်ရှိသလို သင်ကြားတဲ့ ဆရာ ဆရာမတွေ ကလည်း အရမ်းတော်တဲ့ ဆရာ ဆရာမတွေကိုစုထားတဲ့ကျောင်း တစ်ကျောင်းဖြစ်ပါတယ်။ ကျွန် တော်ကျောင်းတက်တုန်းက ကျွန် တော့်
 ကျောင်းမှာမရှိတဲ့စာအုပ်တွေ ကို ဒီမှာပဲလာရှာရတယ်။ ဒီကျောင်း  ကြီးပြန်ဖွင့်တာအရမ်းကိုဝမ်းသာ ပါတယ်။ နည်းပညာကျောင်းသား တွေအတွက်တော့ နည်းနည်း အခက်အခဲရှိတယ်။ ဘာလို့လည်း ဆိုတော့ ဒီလိုကမ္ဘာ က အသိ အမှတ်ပြုတဲ့ရန်ကုန်နည်းပညာ တက္ကသိုလ်ကြီးကို ပြန်ဖွင့်လိုက်ပြီ ဆိုတော့ အခြားနည်းပညာ တက္က သိုလ်က ဘွဲ့ရထားတဲ့ကောင်တွေ သေရော၊ ဘွဲ့ခြင်းတူတာတောင် ဒီလိုကျောင်းကြီးနဲ့ ဂုဏ်ခြင်းမတူ ပါဘူး” ဟုနည်းပညာကျောင်းသား တစ်ဦးဖြစ်သူ ကိုကြည်ဟိန်းညွန့် မှပြောကြားခဲ့သည်။

 အဆိုပါ ရန် ကုန်နည်းပညာတက္ကသိုလ် YTU သည် ရုရှားနိုင်ငံမှ တည်ဆောက် ပေးခဲ့သော ကျောင်း တစ်ကျောင်း ဖြစ်ပြီး သင်ကြားသည့် ဆရာ၊ ဆရာမများသည်လည်း နာမည် ကျော်ဆရာ၊ ဆရာမများဖြစ်ပြီး သင်ထောက်ကူပစ္စည်းများသည် လည်း အစုံအလင်ရှိသည့်ကျောင်း တစ်ကျောင်းဖြစ်ကြောင်း သိရ သည်။

0 မှတ်ချက်များ for "နှစ်(၂၀)အတွင်း အပိတ်ခံရသော ရန်ကုန် နည်းပညာ တက္ကသိုလ် ပြန်ဖွင့်ပြီ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++