မြန်မာကို သံတမန် ဆက်သွယ် လိုတဲ့ နိုင်ငံ ၈ ခုရှိ
မြန်မာနိုင်ငံရဲ့ သံရေး
တမန်ရေး နဲ့ပတ်သက်ပြီး နိုင်ငံ ၈
နိုင်ငံက ဆက်သွယ်လာလို့ ပြည်ထောင်စု လွတ်တော် ကိုယ်စားလှယ်တွေဆီကို ဇွန်လ ၄ ရက်နေ့က နိုင်ငံခြား
ရေးဌာန ဒုဝန်ကြီးက တင်ပြခဲ့တာကို မြန်မာ့ သတင်းစဉ် မှာ ဖော်ပြထားပါတယ်။
သူ့တင်ပြချက်အရ မြန်မာရဲ့ ဖွဲ့စည်းပုံ အပြောင်းအလဲ ရှိ လာတာကြောင့် အခုဆိုရင် မြန်မာနဲ့ သံတမန်ဆက်သွယ်
ရေး လုပ်ချင်လို့ ကမ်းလှမ်းလာတာလို့ ဆိုပါတယ်။
အဲဒီ ကမ်းလှမ်းလာတဲ့ နိုင်ငံတွေ ကတော့ ဘော့စ်နီးယား
နှင့် ဟာဇီဂိုဗီးယားနိုင်ငံ၊ မာလာဝီသမ္မတနိုင်ငံ၊ ဘူတန်နိုင် ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ လတ်ဘီးယား သမ္မတ နိုင်ငံ၊ အက်စ်တိုးနီးယားသမ္မတ
နိုင်ငံနှင့် ဒိုမီနီကန်သမ္မတ နိုင်ငံ ဆိုတဲ့ နိုင်ငံပေါင်း ၈ ခု ရှိပါတယ်တဲ့။
လက်ရှိ မြန်မာနိုင်ငံအနေနဲ့ သံတမန် ဆက်သွယ်ရေး လုပ်ထားတဲ့ နိုင်ငံပေါင်းက ၁၀၃ နိုင်ငံ ရှိပါတယ်။ ဒီ ၈ နိုင်ငံပါ
ပေါင်းလိုက်ရင်တော့ မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံတဲ့ နိုင်ငံပေါင်း ကမ္ဘာပေါ်မှာ ၁၁၈ နိုင်ငံ အထိ ရှိလာမှာပါ။

0 မှတ်ချက်များ for "မြန်မာကို သံတမန် ဆက်သွယ် လိုတဲ့ နိုင်ငံ ၈ ခုရှိ"