စားသုံးနေကြ သစ်သီးများဖြင့် အသားအရေ ထိန်းသိမ်းခြင်း

သံပုရာသီးမှာ ပါဝင်တဲ့ ဓာတ်က အက်စစ် အပျော့စားလေ။ ဒါကြောင့် မျက်နှာ ကို သန့်စင်စေပြီး မျက်နှာမှာရှိတဲ့ အဆီ အညစ်အကြေးတွေ၊ အမည်းစက်တွေ ပျောက်ကင်းစေတာပေါ့။

ပျားရည် ကျတော့ ချွေးပေါက်ကျယ်တာ၊ ကျဉ်းတာတွေအပြင် အသား အရေကို ချောမွတ်စေတာပေါ့။ နောက်ပြီး ကြက်သွန်နီကျတော့ သဇင် တို့လို လက်သည်း၊ ခြေသည်းပျော့တဲ့ သူတွေအတွက် လက်သည်း
ခြေသည်းတွေကို မာစေပါတယ်။

ပိုလည်း ဖြူစင်စေပါတယ်။ အဲဒီလို သံပုရာသီးနဲ့ ပျားရည်ကို မျက်နှာကို သန့်စင်ပြီးရင်တော့ ရေနဲ့ ပြန်သစ်ဖြစ်တယ်။တချို့ အာလူးကိုထောင်းပြီး အနှစ်၊ မန်ကျည်းအနှစ်တွေကို လိမ်းရတာတွေက အရမ်းကောင်းမွန်ပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်ဖို့ အတွက် အချိန်ပေးရတယ်လေ။

တခြား ရယ်ဒီမိတ်တွေနဲ့ အဆင်မပြေဆိုတော့ လွယ် လွယ်ကူကူ ရရှိနိုင်တဲ့ သံပုရာသီး၊ ပျားရည်နဲ့ အသားအရေကို ထိန်းသိမ်းဖြစ်ပေမယ့် ခရီးသွားလို့ ပြန်လာရင်ပဲဖြစ်ဖြစ်၊ သင်္ကြန်၊ ကမ်းခြေ၊ ရေကူးကန်တို့က ရေချိုးပြီး ပြန်လာရင်တော့ တခြားကုန်ပစ္စည်းတွေနဲ့ အဆင်မပြေတော့ဘူး။ အသားအရေ ပြန်ပျက်စီးဖို့ များတယ်လေ။ ရေကူး ကန်မှာ ရေချိုးရင် လည်း ဒီအတိုင်းပဲ ရေမချိုးခင် Loction လိမ်းပြီး ရေချိုးရင် ရေနဲ့ မထိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းက လေနဲ့ ထိပြီး ပြန် ပျက်စီးနိုင်သလို၊ ရေချိုးပြီးလို့ ရေကူးကန်ပေါ် တက်လာတဲ့အခါ မျက်နှာသုတ်ပဝါနဲ့ ပြန်မပတ်ရင် လေထိပြီး အသားအရေတွေ ပျက်စီးနိုင်တယ်။

ကမ်းခြေမှာကျတော့ ဆားငန်ရေတွေ လေတိုက်ပြီး အသားအရေတွေ ပိုပြီး ပျက်စီးစေတယ်လေ။ ဘယ်လောက်ကောင်း တဲ့ နေရောင်ခြည်ဒဏ်ခံနိုင်တဲ့ Cream တွေလိမ်းပါစေ သဘာဝကရရှိတဲ့ အသီးအနှံတွေရဲ့ အကျိုးအာနိသင်ကို ဘယ် လိုမှ မမီနိုင်ဘူးပေါ့။ သံပုရာသီးကျတော့ မျက်နှာအတွက် အများကြီး သန့်စင်စေသလို မျက်နှာမှာရှိတဲ့ ချေး၊ အဆီတွေ၊ အမည်းစက်တွေကို အများကြီး သန့်စင်စေသလို သံပုရာရည်ကို သောက်ရင်လည်း အဆီကျစေတာပေါ့။ ဒါပေမဲ့ ဆီဗစ်နဲ့ မတည့်တဲ့ သူတွေကတော့ သံပုရာသီးကို မသုံးစေချင်ဘူး။ ငယ်ငယ်တုန်းက ညီအစ်မတွေနဲ့အတူ ကြက်ဥအကာ၊ ဂျုံနဲ့ရောပြီး မျက်နှာကို ပေါင်းတင်တဲ့အခါ မျက်နှာက ဖြူဖွေးချောမွတ်ပြီး တင်းသွားတာပဲ။

နောက်ပြီး ထောပတ်သီးကို ဖျော်ပြီး လိမ်းပြီး အသားအရေကို ထိန်းသိမ်းဖြစ်တယ်။ မိန်းကလေး သူငယ်ချင်း မောင်နှ မတွေရှိရင် အသားအရေကို ထိန်းသိမ်းတဲ့အခါ ပိုအဆင်ပြေတယ်လေ။ တခြားအလှကုန် ဓာတုဆေးဝါးတွေကျတော့ တည့်တဲ့သူသာတည့်ပြီး ရာနှုန်းပြည့် မကောင်းနိုင်ဘူး။ တကယ်လို့ သုံးချင်တယ်ဆိုရင်လည်း အသီးအနှံ့နဲ့ ပြုလုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကိုသာ သုံးစေချင်ပါတယ်။ ဒါပေမဲ့ စိတ်ရှည်ပြီး အချိန်ပေးနိုင်မယ် ဆိုရင်တော့ သဘာဝကရရှိတဲ့ အသီးအနှံတွေနဲ့သာ အသားအရေကို ထိန်းသိမ်းစေချင်ပါတယ်။

0 မှတ်ချက်များ for "စားသုံးနေကြ သစ်သီးများဖြင့် အသားအရေ ထိန်းသိမ်းခြင်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++