လိပ်ခေါင်း ရောဂါအတွက်
အတွင်လိပ်ရှိတယ်။ အစပ်စားရင် သွေးတွေအများကြီးဆင်းတယ်။ အစပ်အပါအ၀င် အစားအသောက် ရှောင်ရလို့ စိတ်ပျက်မိတယ်။ ဆေးနည်းကောင်းလေး ရှိရင်ပေး ပါခင်ဗျာ။
ကိုကျော်ကျော်ရေ ဖြေလိုက်ပါတယ်.........
ဆေးနည်းမှာ.......
ဂွေးပင် ပင်စည်၏ အခေါက်အား ရေနွေးကြမ်းပန်းကန်လုံးတစ်လုံးစာမျှ ထောင်းလို့ ရနိုင်မည့် အရွယ်အ အစား

လောက်ခွာပါ။ ထိုအခေါက်အား
အပေါ်ယံချေး(ဂျီး)များ ပြောင်စင်သွားရုံလောက် ဓါးဖြင့် ခပ်ပါးပါး ခြစ်ပစ်
လိုက်ပြီး ငရုပ်ဆုံတွင် ညက်နေအောင် ထောင်းပါ။
ပြီးလျှင် ငါးရံ့တစ်ကောင်(တစ်ခါ ဝဝ စားနိုင်ရုံ) အား ပြုတ် ပြီး အသားထွင်ပါ။ အဆိုပါ ငါးရံ့အသားနှင့် ဂွေးခေါက်
ထောင်းအား အပူ အစပ်ဓါတ်များ လုံးဝ မထည့်ဘဲ စားကောင်းအောင် ကြော်လှော်ချက်ပါ။ ထို့နောက် ၎င်းဟင်းလျား အား ထမင်းနှင့် တဝကြီး အားရပါးရ စားပစ်လိုက်ပါ။
(ဤဆေးနည်းအား စေတနာအပြည့်ဖြင့် ပြောပြပေးခဲ့သော ခရမ်းမြို့ (၁၂)ရပ်ကွက်၊ စမ်းရွာပိုင်းမှ အဘ ဦးစိန်အေး အား ကျေးဇူး အထူးတင်ရှိပါသည်။ နေလင်းထွန်း......(ဒဂုံ) )

0 မှတ်ချက်များ for "လိပ်ခေါင်း ရောဂါအတွက်"