ဗုဒ္ဓ ဘာသာဝင် တိုင်း သိထားသင့်တဲ့ --- ကွယ်သုံးကွယ်

ဆရာအောင်သင်း ရျဲို့းဆက်သစ်အတွက် ပိဋိကတ် မိတ် ဆက်စာအုပ်လေးထဲက ကွယ်သုံးကွယ် ဆိုတဲ့ ဗဟုသုတ
ဖြစ်စရာ အကြောင်းအရာလေး ကိုမှတ်သား တင်ပြလိုက်ပါ တယ် ဖတ်ကြည့် ကြပါနော်။

တို့တတွေဟာ ဗုဒ္ဓဘာသာ ၀င်ေ တွဖြစ်နေတာတော့ မှန်ပါရဲ့ ဒါပင်မယ့်မိရိုးဖလာ ဗုဒ္ဓဘာသာ တွေ ဖြစ်နေကြတယ်။ ဘုရားသွား ကျောင်းတက် မလုပ်ဘူး လား ဆိုတော့လည်း လုပ်သားပါပဲ။ ဒါပင်မယ့်ရှေး ဆရာ တော် ဘုရားကြီးများ
ဟောပြောဘူးတဲ့--ကွယ်သုံး ကွယ်ဆို တာ မိနေကြတယ်။

ဆရာတော်ဘုရားများ ဟောကြားခဲ့တဲ့ ကွယ်သုံးကွယ်ဆိုတာ ----
( ၁ ) ဘုရားကိုစေတီကွယ်တဲ့
( ၂ ) တရားကိုပိဋကတ်ကွယ်တယ်တဲ့
( ၃ ) သံဃာကိုဘုန်းကြီးကွယ်တယ်တဲ့---အလွန်လေးနက်တာ မို့သေချာ စဉ်းစား ဘို့ကောင်းတယ်။ တို့တတွေ ဘုရား သွားကြတယ် ရွှေတိဂုံဘုရားကို ဖူးကြတယ်။ ဘုရားရဲ့ ဂုဏ်တော် ကျေးဇူးတော် တွေရည်မှန်းမိ သလားပြန်ပြီး စဉ်းစား ကြည့်ပါလား။ ရွှေရောင်တ၀င်းဝင်း ဖြစ်နေတဲ့ စေတီ တော်ကြီးကိုသာ အာရုံပြု နေကြတယ်။

ဘုရားဆီကို ရောက်မသွားတော့ဘူး။ တို့များငယ်ငယ် ကတော့ဘုရားပေါ်တက်လိုက်တယ်ဆိုရင် ကောင်မလေး တွေ ကိုသာ လိုက်ကြည့် နေတော့တာ။ ဒီတော့ ဘုရားကို စေတီကွယ်တာ မကတော့ဘဲ ကောင်မလေးတွေပါ ကွယ် သွားတယ်လို့ ဆိုရမယ်ထင်တယ်။

တရားကိုပိဋိကတ် ကွယ်တယ် ဆိုတာကတော့ တရားဟောဒေသနာ ပိဋိကတ်တွေကို ကျက်မှတ်အံနေပြီး ပိဋိကတ် နှံစပ်တာ လောက်နဲ့ ကျေနပ် နှိမ့်သိမ့် နေလို့ တရားတော် အတိုင်း မဂ်ပေါက် ဖိုလ်ပေါက် ဖြစ်အောင် တရား အားထုတ် ဖို့ မေ့နေတာ မျိုးက ပြောတာပါ။

သံဃာကိုဘုန်းကြီး ကွယ်တယ် ဆိုတာ ကတော့ သံဃာဆိုတာ ဘုရားတပည့် သားတော်များ ဘုရားရှင်ရဲ့ အဆုံးအမ ကိုလိုက်နာပြီး တရားအားထုပ်ခြင်း တရားပြခြင်း စတဲ့ လုပ်ဆောင်တာတွေ လုပ်နေတဲ့ ရဟန်းတော် အားလုံး ကို
ခြုံပြီး ပြောတာပါ။ သို့သော်လည်း ကိုယ့်ဘုန်းကြီး သူ့ဘုန်းကြီး ဆိုတာမျိုးတွေ ဘယ်ဘုန်းကြီးက အဆောင် ပေးလိုက် တယ် ဘယ် ဘုန်းကြီးက ချဲဂဏန်း ပေးတာ မှန်တယ်။ ဗဒင် အဟော ကောင်းတဲ့ ဘုန်းကြီး ယတြာ အပေး ကောင်းတဲ့ ဘုန်းကြီး စသည် အားဖြင့် မူလ သဘောတရား ကြီးပျောက်သွားတာ ကိုပြောတာပါ။------

ပဓာန ထားပြီး ပြောချင်တာ ကတော့ တို့တတွေဟာ လုပ်နေရင်း ကိုင်နေရင်းကကိုပဲ ကိုယ်ဘာလုပ်နေတယ် ဘာကြောင့် လုပ်နေတယ်ဆိုတာ မျက်ခြေပြတ်လာတက်တဲ့ သဘောကို ရှေးဆရာတော်ကြီးများက ထောက်ပြ လိုက်တာလို့ပဲ ဆိုရ မှာပေါ့။

သူငယ်ချင်းတို့ရေ မှတ်သားသင့်တယ်နော် ငါတို့ ကိုးကွယ်တဲ့ ဗုဒ္ဓသာသနာတော် အရှည်တည်တန့်အောင် တို့လူငယ်တွေ အတွေးအခေါ်ကောင်းလေး တွေရှိသင့်တယ်နော်---ဆရာလုပ်တာတော မဟုတ်ပါဘူး လွဲနေရင် ပြင်ရအောင် ဖတ်သင့်တဲ့ စာလေးမို့ တင်ြပပေးလိုက်တာပါ

0 မှတ်ချက်များ for "ဗုဒ္ဓ ဘာသာဝင် တိုင်း သိထားသင့်တဲ့ --- ကွယ်သုံးကွယ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++