နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးေ အာင်ကြီးကိုေ နပြည်တော် သို့ ခေါ်သွားပြီ
မောင်တောမြို့ အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူး ကြီး အောင်ကြီးကို
နေပြည်တော်မှ စစ်ဆေး ရန် ခေါ်ယူ သွားပြီ ဖြစ်ကြောင်း နစက သတင်းရပ်ကွက်အရ
သိရသည်။
မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုနှင့် ပတ်သတ်ပြီး
စွပ်စွဲချက် အများအပြား ထွက်လာပြီး
နောက် ပိုင်းတွင် ယခုကဲ့သို့ နေပြည်တော်မှ စစ်ဆေး ရန် ခေါ်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း နစက တပ်ဖွဲ့ တစ်ဦး က ပြောသည်။
နောက် ပိုင်းတွင် ယခုကဲ့သို့ နေပြည်တော်မှ စစ်ဆေး ရန် ခေါ်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း နစက တပ်ဖွဲ့ တစ်ဦး က ပြောသည်။
“ ဗိုလ်မှူးကြီးကို ဒီကနေ ဇူလိုင်လ ၇ ရက်နေ့ကနေ ခေါ်သွားပါတယ်။ သူ့ကို
နေပြည်တော်မှာ စစ် ဆေးဖို့ ခေါ်သွား တာလို့ သိရပါတယ်။ မောင်တောမှာဖြစ်သွားတဲ့
အကြမ်းဖက်မှုတွေမှာ အကြမ်းဖက် လူပ်ရှားသူတွေဆီက ပိုက်ဆံ ယူတယ်ဆိုပြီး
စွပ်စွဲချက်တွေ အကြီးအကျယ် ထွက်ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ သူခုလို
အခေါ်ခံရတာ ဖြစ်တယ်။” ဟု နစက တပ်ဖွဲ့ဝင်က ပြောသည်။
ယခုကဲ့သို့ ခေါ်ယူသွားသည့် ကိစ္စနှင့်ပတ်သတ်ပြီး မောင်တောမြို့တွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တ ဦးက လည်း ယခုကဲ့သို့ ပြောသည်။
“ကျွန်တော်ကြားတာက အခုသူ့ကို (ဗိုလ်မှူးကြီးအောင်ကြီး) နေပြည်တော်ကို
ခေါ်သွားပြီလို့ကြား တယ်။ မောင်
တော ကိစ္စနဲ့ပတ်သတ်လို့ သူ့ကို စစ်ဆေးနေတယ်လို့ကြားတယ်” ဟု ပြောသည်။
တော ကိစ္စနဲ့ပတ်သတ်လို့ သူ့ကို စစ်ဆေးနေတယ်လို့ကြားတယ်” ဟု ပြောသည်။
မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ရခိုင်
ကျေးရွာ အများအပြား မီးရှို့ ခံရပြီး အကြမ်းဖက် ဆူပူသူများကို
ထိထိရောက်ရောက်မနှိမ်နှင်း နိုင်ခဲ့ခြင်းမှာ နစကမှူး ဗိုလ်မှူးကြီး
အောင်ကြီး၏ အားနည်း ချက်ကြောင့်
ဖြစ်သည်ဟု ပြည်သူများသာမက အစိုးရ၀န်ထမ်းများကပါ မြင်နေကြသည်ဟု သူက ဆိုသည်။
ဖြစ်သည်ဟု ပြည်သူများသာမက အစိုးရ၀န်ထမ်းများကပါ မြင်နေကြသည်ဟု သူက ဆိုသည်။
“ မောင်တောမြို့ထက်မှာ ဖြစ်နေတုန်း လုံးထိန်းတပ်ရင်း ၂ က သေနတ်ပစ်ပြီး
လူစုခွဲတာကို နစက က လာပြီး ပြဿ နာရှာတယ်။ မောင်တော မြောက်ပိုင်း လောင်းဒုံ
နတလရွာမှာ ဖြစ် တုန်း ကလည်း ဗိုလ်မှူးကြီး အောင်ကြီးက လုံးဝ ပစ်ခွင့်
မပေးဘူး။ နယ်မြေမှူး ခန္ဓာပေါ် ခဲတွေကျလို့ မခံနိုင်တဲ့ အတွက် သေနတ်
ပစ်ခတ်လိုက် တော့မှ လူစုကွဲ သွားတယ်။ ဒီတွက် သူရဲ့ လုပ်ပုံ ကိုင်ပုံတွေကို
ဌာနဆိုင်ရာက အရာရှိတွေပါ မကျေမနပ် ဖြစ်နေကြပါတယ်”ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်မှ
ပြောသည်။
မကြာသေးမီက မောင်တောမြို့ခံများက နိရဉ္စရာသို့ ပို့ပေးသည့်စာတွင်လည်း
ဗိုလ်မှူးကြီး အောင်ကြီး သည် အကြမ်းဖက်မှု ဖြစ်ကို စတင် ဖြစ်ပွားစေသော
အခြေခံ အကြောင်း အရင်း ဖြစ် သည့် ငြိမ်းချမ်းစွာ ဆုတောင်းပွဲကို
ကျပ်ငွေသိန်းပေါင်း ၃၅၀ဝ နှင့် ခွင့်ပြုခဲ့သည်ဟု စွပ် စွဲ ဖေါ်ပြသည်။
ယခုအခါ မောင်တော နစက ဌာနချုပ်တွင် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်က တိုက်ရိုက် ကိုင်တွယ်နေသည်ဟု သိရသည်။


0 မှတ်ချက်များ for "နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးေ အာင်ကြီးကိုေ နပြည်တော် သို့ ခေါ်သွားပြီ"