ရုရှားတောင်ပိုင်းတွင် ရေလွှမ်းမိုးမှုများကြောင့် အနည်းဆုံးလူ ၁၄၀ ကျော်သေဆုံး

 ရုရှားတောင်ပိုင်း Krasnodar ဒေသတစ်လျှောက် တွင် ရေလွှမ်းမိုးမှုများကြောင့် အနည်းဆုံးလူ ၁၄၁ ဦး သေဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကား၍ နိုင်ငံပိုင်သတင်းဌာန RIA Novosti သ တင်းအေဂျင်စီက ဇူလိုင်လ ၈ ရက်တွင် ထုတ် ပြန် ခဲ့သည်။ 

ယင်းဖြစ်စဉ်မှာ ယင်းဒေသအတွက် ဆယ်စုနှစ် များ စွာအတွင်း အဆိုးရွားဆုံး သဘာဝဘေး တစ်ခုဖြစ် ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၆ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ယင်းကဲ့သို့ ရေလွှမ်းမှုဖြစ်ခဲ့ခြင်းဖြစ်ကာ Krymsk ခရိုင်တွင် သေဆုံးသူ ၁၃၀ ဦး၊ Gelendzhil ခရိုင်တွင် သေဆုံးသူ ကိုးဦး၊ ပင်လယ်နက်ဆိပ်ကမ်းမြို့ Novoro ssiisk တွင် သေဆုံးသူနှစ်ဦး အသီးသီးရှိခဲ့ကြောင်း နိုင်ငံပိုင် Itar-Tas သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ ၇ ရက်တွင် သမ္မတ ဗလာဒီမာပူတင်သည် ရေလွှမ်းခံရသော ဒေသများသို့ သွားရောက်ခဲ့ပြီး ရဟတ်ယာဉ်ပေါ်မှနေ၍ စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။ Krymsk ခရိုင်တွင် တစ်ထပ်အိမ်များသာ ရှိပြီး ကျေးလက်ဆန်သော နေရာဖြစ်ကြောင်း Itar-Tas က သတင်းဖော်ပြခဲ့သည်။

ယင်းခရိုင်တွင် ညသန်းခေါင်အချိန်၌ ခုနစ်မီတာ (၂၃ ပေ) ခန့်အထိ ရေလွှမ်းခဲ့ပြီး လူအများစု အိပ်မော ကျနေချိန်ဖြစ်သည်ဟု သတင်းဌာနများက ဖော်ပြခဲ့သည်။ 

ယခုရေကြီးမှုမှာ တောင်ထိပ်ရှိ ရေဂိတ်တစ်ခု ဖွင့်ချရာမှ ယင်းကဲ့သို့ ရေကြီးခဲ့ခြင်းဖြစ်သည်ဟု  ရုရှားပြည်သူ တို့အကြား အင်တာနက်တွင်ပျံ့နှံ့ခဲ့သည်။ ယင်းသတင်းကို တာဝန်ရှိသူများက ငြင်းဆိုခဲ့ပြီး  ယင်းကဲ့သို့
ကောလာဟလများ ဖြန့်ဝေခြင်း ရပ် ဆိုင်းရန် Krasnodar ဒေသအုပ်ချုပ်ရေးမှူးက တောင်းဆိုခဲ့သည်။

0 မှတ်ချက်များ for "ရုရှားတောင်ပိုင်းတွင် ရေလွှမ်းမိုးမှုများကြောင့် အနည်းဆုံးလူ ၁၄၀ ကျော်သေဆုံး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++