တင်ထားပေးသော 443 proxy များအကြောင်းနှင့် ယနေ့ ပြုလုပ်ကြသည့် 443 proxy အသစ်များ

ဆိုက်ညာဖက်ခြမ်းတွင် တင်ထားသော proxy များသည် ၂၄ နာ ရီအတွင်း အသစ်စက်စက်ပြုလုပ်ထားသည့် proxy များဖြစ်ကြ ပါသည်။ သုံးမရသော proxy များကို လုံးဝတင်ပေးမည် မဟုတ် ဘဲ လက်ရှိအသုံးပြုလို့ ရသည့် proxy အသစ်များကိုသာ တင်ပေး ထားသည် ဖြစ်ပါသဖြင့် proxy ၀ယ်မသုံးနိုင်သူများအနေဖြင့် စိတ်ချလက်ချ အသုံးပြုနိုင်ပါသည်။

user များသွားလို့ speed ကျသွားမလားလို့လည်း စိတ်မပူ ပါနဲ့
နေ့စဉ် ၂၄ နာရီအတွင်း တကမ္ဘာလုံးရှိ နိုင်ငံများအားလုံးထဲမှာ ပြုလုပ်နေသည့် proxy များကို တင်ပေး မှာ ဖြစ် ပါတယ်. ၂၄ နာရီတစ်ကြိမ်ပြောင်းပေးပါ့မယ့်. proxy အဟောင်းများကိုလဲ မဖျက်ဘဲနှင့် တင်ပေးသွားမှာ ဖြစ် ပါတယ်။

ယခု proxy များကို ပုံဖြင့် ဥပမာ ပြသထားပြီး နောက်ရက်များတွင်တော့ Proxy ip, Port, Country, အဲ့သုံး မျိုးကိုပဲ ဖော်ပြပေးပြီးတော့ ဆိုက်ညာဖက်ခြမ်းက Chat box ရဲ့ အောက်က 443 Proxyများ ဆိုတဲ့ အကွက်မှာ ရက်စွဲအလိုက် တင်ပေးသွားမှာ ဖြစ်ပါတယ်. အင်တာနက် speed နှေးကွေးမှု့မှာ proxy နှင့်လည်း သက်ဆိုင် ပါတယ်. အဲ့အတွက်ကြောင့် 443 port အပြင် နိုင်ငံအလိုက် တစ်နိုင်ငံချင်းစီကိုလည်း သူ့နိုင်ငံမှာ ယနေ့လုပ်တဲ့ proxy စာရင်းများကို ရောပြီးတော့လည်း တင်ပေးသွားမှာဖြစ်ပါတယ်. 443 port နဲ့ Download လုပ်တဲ့ ဖိုင်မှာကတော့ နိုင်ငံတွေရောနေပါလိမ့်မယ်. သူကတော့ 443 port ကိုသာ စုစည်းထားတာ ဖြစ်လို့ပါ.

ကျွန်တော်ရှင်းပြတာ မရှင်းဘူးဆိုရင် တင်လိုက်တဲ့အခါမှာ download လုပ်ပြီး ကြည့်ကြည့်လိုက်ပါ. အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်. အခုတင်ပေးမယ့် proxy များသည် တွေ့ကရာ ရမ်းသမ်းပြီး တင်ပေး တာ မဟုတ်ပါဘူး. အသက်ရှင်နေတဲ့ proxy အသစ်များဖြစ်တာကြောင့် ကြိုက်တဲ့ proxy ကို ထည့်ပြီးသုံးနိုင် ပါတယ်.

0 မှတ်ချက်များ for "တင်ထားပေးသော 443 proxy များအကြောင်းနှင့် ယနေ့ ပြုလုပ်ကြသည့် 443 proxy အသစ်များ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++