စတန်းဖို့ဒ် တက္ကသိုလ် ပေကျင်းတွင် တက္ကသိုလ်ခွဲဖွင့်
ကမ္ဘာ့နံပါတ်သုံး
အဆင့်ရှိ အမေရိကန် စတန်းဖို့ဒ် တက္ကသိုလ်သည် ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံး
တရုတ်နိုင်ငံတွင် ဒေါ်လာ ၇ သန်း အကုန်ကျခံပြီး တက္ကသိုလ်ခွဲတစ်ခု
အခုရက်ပိုင်းမှာ စမ်းသပ်ဖွင့်လှစ် လိုက်သည်။
ပီကင်းတက္ကသိုလ်၊
ယခင်ဧကရာဇ် နန်းတော်ဟောင်း
စတုရန်းပေ ၃၆၀၀၀ မြေနေရာအကျယ်ဝန်းမှာ သုံး ထပ်ဆောင် အဆောက်အဦးအသစ် များ ဆောက် လုပ်ပြီးနောက်၊ စတန်းဖို့ဒ်က သုတေသနနှင့် သင် ကြားရေးလုပ်ငန်းများ စတင်လုပ်ဆောင်သွားမည် ဖြစ်သည်။
စတုရန်းပေ ၃၆၀၀၀ မြေနေရာအကျယ်ဝန်းမှာ သုံး ထပ်ဆောင် အဆောက်အဦးအသစ် များ ဆောက် လုပ်ပြီးနောက်၊ စတန်းဖို့ဒ်က သုတေသနနှင့် သင် ကြားရေးလုပ်ငန်းများ စတင်လုပ်ဆောင်သွားမည် ဖြစ်သည်။
သို့သော်
စတန်းဖို့ဒ်အနေနှင့် စွန့်စားလုပ်ကိုင်ရမှာတွေ ရှိနေသည်ဟုလည်း
တက္ကသိုလ်အရာရှိတွေက ၀န် ခံပြောဆိုသည်။ လွတ်လပ်စွာ ပြောဆိုခွင့်နှင့်
နိုင်ငံရေးလှုပ်ရှားခွင့်များ ကန့်သတ်ထားပြီး ဆင်ဆာဖြတ်မှုများ ရှိနေသော
တိုင်းပြည်တွင် ဂုဏ်သိက္ခာကြီးမားသော အမေရိကန် တက္ကသိုလ်ကြီးအနေအဖြင့်
သင်ကြား
ရေးနှင့် သုတေသနလုပ်ငန်းများ လွတ်လပ်စွာ လုပ်နိုင်ဖို့ အခက်အခဲတွေ ရှိနိုင်သည်ဟု ဆိုသည်။
ရေးနှင့် သုတေသနလုပ်ငန်းများ လွတ်လပ်စွာ လုပ်နိုင်ဖို့ အခက်အခဲတွေ ရှိနိုင်သည်ဟု ဆိုသည်။
တစ်ဖက်မှာလည်း
တရုတ်ရဲ့ ဂလိုဘယ် ဩဇာလွှမ်းမိုးလာမှုကြောင့် စတန်းဖို့ဒ်ကဲ့သို့သော ပညာရေး အင်စ တီကျူးရှင်းများ အနေဖြင့် ပေကျင်းမှာ ခြေကုပ်ရယူထားသင့်ဟု ဆိုသည်။
စတန်းဖို့ဒ်ကျောင်းသားများ တ ရုတ်မှာ သုတေသန လုပ်နိုင်ရုံမက၊
တရုတ်ကျောင်းသားများရဲ့ ပညာရေးကိုလည်း မြှင့် တင်နိုင်မည် ဟု
ပြော ဆိုသည်။
ပြော ဆိုသည်။
ပီကင်းတက္ကသိုလ်
စတန်းဖို့ဒ်စင်တာမှ ဒါရိုက်တာ Jean Oi က “တရုတ်က စီးပွားရေး၊ နိုင်ငံရေး နယ်ပယ် အားလုံးမှာ ကီးပလေယာ ဖြစ်လာတာ အားလုံးမြင်နေပါတယ်။ စတန်းဖို့ဒ်က
အင်ဂျင်နီယာကနေ အခြား လူမှုသိပ္ပံ ဘာသာရပ်တွေအထိ ဘွဲ့ရတွေဟာ တရုတ်အခြေစိုက်
စီးပွားရေးလုပ်ငန်းတွေ လုပ်ဖော်ကိုင် ဖက်တွေနဲ့ အပြန်အလှန် ဆောင်ရွက်ဖို့
လိုပါတယ်။ တရုတ် ဘာလဲဆိုတာကို စာအုပ်ဖတ်နေရုံနဲ့ မပြီးဘူး၊ လက်တွေ့
သွားကြည့်နိုင်ဖို့ အရေးကြီးပါတယ်” ဟု ပြောခဲ့သည်။
တရုတ်ပညာရေးသမားတွေနဲ့
ကျောင်းသားတွေကလည်း စတန်းဖို့ဒ် သုတေသနသမားတွေ၊ ပညာရှင်တွေနဲ့ ပူးပေါင်း
လေ့လာဖို့ တက်ကြွနေတယ်ဟု Jean Oi က ပြောပြသည်။
နောက်
ဇူလိုင်လမှာလည်း အမေရိကန်က University of California Berkeley ရဲ့
အင်ဂျင်နီယာကောလိပ် ကလည်း ရှန်ဟိုင်းမြို့ Zhangjiang Hight-Tech Park မှာ
သုတေသနနှင့် သင်ကြားရေးစင်တာ ဖွင့်မည် ဖြစ် သည်။ ဘာကလေ တက္ကသိုလ်ဘက်က
ကုန်ကျခံစရာမလိုဘဲ၊ တရုတ် နည်းပညာလုပ်ငန်းက စတုရန်းပေ ၅၀၀၀၀ အကျယ်ရှိ
တက္ကသိုလ် အဆောက်အဦနှင့် တစ်နှစ် ဒေါ်လာ ၁၀ သန်း အကုန်ကျခံပြီး
အင်ဂျင်နီယာ လုပ်ငန်းများ ပူးတွဲလုပ်သွားဖို့ ရှိသည်။
နောက်နှစ်မှာ
အမေရိကန် Columbia တက္ကသိုလ်က ပေကျင်းမြို့မှာ၊ Johns Hopkins တက္ကသိုလ်က
နန် ကျင်းမြို့မှာ၊ Duke တက္ကသိုလ်က တရုတ်အရှေ့ဘက် ကွန်ရှန်မြို့တို့မှာ
ဖွင့်လှစ်ဖို့ စီစဉ်နေသည်။
The Nation


0 မှတ်ချက်များ for "စတန်းဖို့ဒ် တက္ကသိုလ် ပေကျင်းတွင် တက္ကသိုလ်ခွဲဖွင့်"