မောင်တောမြို့တွင် ပစ်ခတ်မိန့်ပေး လိုက်ပြီ

ယနေ့ နေ့လည်ပိုင်းက စတင်သည့် မောင်တောမြို့ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကို ထိန်းသိန်းရန် ရဲတပ်ဖွဲဝင်များ ပြီးခဲ့သည့် မိနစ်ပိုင်းက စတင်ပစ်ခတ်နေကြပြီဟု မြို့ခံတဦးက ပြောသည်။

ရဲနှင့် ဘေးကင်းရာသို့ရွှေ့ပြောင်းသည့် လူအုပ်ကို
ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ဆိုသူ၏ တိုက် အိမ် ၃ ထပ်မှ စတင်ပစ်ခတ်သည့်နောက် ရဲများက ၎င်းတို့ အားပြန်လည်ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မောင်တောမြို့ပေါ်တွင် ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ၏ နေအိမ် သုံးထပ်ပေါ်မှ လူအင်အား ၁၀ ဦးခန့်
ဖြင့် လူအုပ်ထဲ သို့ သေနတ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။

မောင်တောနှင့် ဘူးသီးတောင်အကြား ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တွင် လက်နက်များ သိုဝှက်ထားသည့် သတင်းများ ယခင်ကတည်းက ရရှိထားသည်ဟု ဘူးသီးတောင် အခြေစိုက် တပ်ရင်းတရင်းမှ အမည် မဖေါ် လိုသူ တပ်အရာရှိ တဦးက ပြောသည်။ ယခုပစ်ခတ်မှုများမှာ ယင်းလက်နက် သိုဝှက်ထားမှုနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရှိရပါ။

ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသူများလည်း ရှိပြီး မောင်တောဆေးရုံသို့ တင်ပို့ထားရသည်ဟု သိရသည်။ ဒဏ်ရာရသူအရေအတွက်ကိုမူ မသိရှိရသေးပါ။

လူမျိုးရေး အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည့် အခြားအဖြစ်အပျက်တခုမှာ မောင်တောမြို့ရှိ ဆရာဝန်ဖြစ် သူ ဒေါက်တာဦးခင်မောင်လတ် နှင့် ဇနီးဖြစ်သူအား ဘင်္ဂါလီလူမျိုး အိမ်ဖေါ်ဖြစ်သူက ဓါးနှင့် ထိုးသဖြင့် ဇနီးဒေါ် သန်းသန်းရင်မှာ သေဆုံးသွားပြီး ဒေါက်တာ ဦးခင်မောင်လတ် အား ဆေးရုံသို့ တင်ပို့ထားရ သည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။

0 မှတ်ချက်များ for "မောင်တောမြို့တွင် ပစ်ခတ်မိန့်ပေး လိုက်ပြီ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++