Bookmark ထဲမှ မှတ်သားထားသော ဆိုဒ်များ မပျောက်အောင် ပြုလုပ်မည်
ဒီနည်းလေးကတော့ အတော်အသုံးဝင်ပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ၀င်းဒိုး
ပြန်တင်ရတော့မယ်ဆိုရင် ကွန်ပျုတာကို Format မချခင် မိမိလည်နေကျ ၀က်ဆိုဒ်
တွေအားလုံး စုသိမ်းထားမယ့်နည်းပါ။ များသောအားဖြင့် Bookmark သုံးကြမယ်လို့ 
ထင်ပါတယ် မသုံးသေးရင်လည်းသုံးလိုက်ပါ နေ့ စဉ်ကြည့်နေတဲ့ ၀က်ဆိုဒ်တွေထဲမှာ တစ်ခါတလေ အမှတ်မ ထင်ရောက်ပြီး စာတွေဖတ်လေ့လာ တယ်။

ပြီးတော့ နောက်တစ်ခေါက်သွားဖို့ မေ့နေ တတ်တယ် အဲ့လို မဖြစ်အောင် ကိုယ်ဖတ်နေကြ ဆိုဒ်တွေနဲ့  အ သုံးဝင်တဲ့ဆိုဒ်တွေအားလုံးကို Bookmarks ထဲကို သိမ်းထား နောက်တစ်ခါပြန်ပြီး ကြည့်ချင်တဲ့အခါ အလွယ်ပြန်ကြည့်လို့ ရတယ် Ctrl နဲ့  V ကို တွဲနှိပ်ရင် လက်ရှိသုံး နေတဲ့ ၀က်ဆိုဒ်ကို Bookmarks ထဲမှတ်တာပါ ၀င်းဒိုးပြန်တင်တဲ့အခါလိုအပ်ပါတယ်။
သူငယ်ချင်းတစ်ယောက်ဆို ဘောပင်နဲ့ ဝက်ဆိုဒ်တွေ ကူးထားတယ် နောက်တစ်ဦးကတော့ Ms .Word ထဲ ကူးထည့်တယ် အကောင်းဆုံးကတော့ အခုနည်းနဲ့  HTML ဖိုင်လေးရအောင်ထုတ်လိုက် ၀င်းဒိုးပြန်တင်ပီးရင် အဲ့ဖိုင်လေးကို မော်ဇီလာကနေပြီးပြန်ထည့်လိုက်ရင် အရင်မှတ်ထားတဲ့ ၀က်ဆိုဒ်တွေအားလုံး အမြန်ပြန်ကြည့်လို့ ရပြီ
အဆင်ပြေကြပါစေဗျာ.. ဖတ်မိသမျှ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်..
မူရင်း..မောင်(စွယ်စုံကျမ်း)

0 မှတ်ချက်များ for "Bookmark ထဲမှ မှတ်သားထားသော ဆိုဒ်များ မပျောက်အောင် ပြုလုပ်မည် "