အစိုးရေ ကျာင်း တချို့မှာ မွန်စာသင်ခွင့် မွန်ပြည်သစ် ပါတီ တောင်းဆို
မတ်လ (၁၅)ရက်၊ ၂၀၁၂။
မတ်လ ၁၃ ရက်နေ့က နေပြည်တော်၌ မွန်ပြည်သစ်ပါတီနှင့် ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တွေ့ဆုံစဉ် မွန်ပြည်နယ် ကျေးရွာများရှိ အစိုးရ စာသင်ကျောင်းများတွင် မွန်စာသင်ချိန် တချိန် ပေးရန် တောင်းဆိုခဲ့ကြောင်း မွန်ပြည်သစ် ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။
မတ်လ ၁၃ ရက်နေ့က နေပြည်တော်၌ မွန်ပြည်သစ်ပါတီနှင့် ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တွေ့ဆုံစဉ် မွန်ပြည်နယ် ကျေးရွာများရှိ အစိုးရ စာသင်ကျောင်းများတွင် မွန်စာသင်ချိန် တချိန် ပေးရန် တောင်းဆိုခဲ့ကြောင်း မွန်ပြည်သစ် ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “တွေ့ဆုံပွဲမှာ အစိုးရကျောင်းတွေမှာ မွန်စာ သင်ခွင့်ပေးဖို့အတွက် တောင်းဆိုတယ်၊ နောက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နဲ့ပတ်သက်ပြီး ဆွေးနွေးကြတယ် ” ဟု ပြောသည်။
မွန်ပြည်သစ်ပါတီဘက်မှ ဒုတိယ ဥက္ကဋ္ဌ နိုင်ရော့စနှင့်အဖွဲ့၊ အစိုးရဘက်မှ အသစ် ပြန်လည် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီမှ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ရထားပို့ဆောင်ရေး ၀န်ကြီးဦးအောင်မင်း ၊ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းနှင့် အဖွဲ့ဝင်များ တွေ့ဆုံခဲ့ကြသည်။
ဒု-သမ္မတဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သောအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။
မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်များသည် မေလ ၁၃ ရက်နေ့ ညနေတွင် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့နှင့် တွေ့ဆုံခဲ့ကြပြီးမေလ ၁၄ ရက်နေ့နံနက်ပိုင်းတွင် ရထားပို့ ဆောင်ရေးဝန်ကြီး၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့်သစ်တောရေးရာ ၀န်ကြီးဌာနတို့ကို သွားရောက်လည်ပတ်ခဲ့သည်ဟုဆိုသည်။
မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့သည် ယခင်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တို့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးမှုများ လက်မှတ်ရေးထိုးပြုလုပ်ခဲ့ပြီးဖြစ်ပြီး အဆိုပါဆွေးနွေးမှုများတွင်လည်း အစိုးရကျောင်းများကို အသုံးပြု၍ မွန်စာပေများ သင်ကြားခွင့်ရရှိရန် အတွက်လည်း ပါရှိခဲ့ကြသည်။
မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နွေရာသီမွန်စာပေ သင်ကြား ရေးတွင် ယခင်ထက် ပိုမို လွတ်လာမှုများရှိလာသည်ဟု မွန်စာပေယဉ်ကျေး မှုကော်မတီများကလည်းဆိုသည်။
မွန်စာပေသင်ကြားခြင်းကို ယခင် ဖဆပလ အစိုးရလက်ထက်တွင် အစိုးရကျောင်းများတွင်သင်ကြားခွင့်ရ ရှိခဲ့သော်လည်း ဦးနေ၀င်းအစိုးရတက်ပြီးနောက်ပိုင်းသင်ကြားခွင့်မရရှိတော့ဘဲ လက်ရှိတွင် မွန်အမျိုးသားကျောင်းများ ၊နွေရာသီတွင် ဘုန်းကြီးကျောင်းများ တွင်သာ သင်ကြားလျက်ရှိကြသည်။
မွန်ပြည်သစ် ပါတီသည် ၁၉၉၅ ခုနှစ် ဇွန်လမှစပြီး အစိုးရနှင့်ပထမအကြိမ် (၁၅)နှစ် တာကြာမျှ အပစ်ရပ်ထားခဲ့ပြီး၊၂၀၁၀ ခုနှစ်တွင် အပစ်ရပ်ပျက်ပြယ်ခဲ့ကာ ၂၀၁၂ ခုနှစ် ဖေဖေါ် ဝါရီလ(၂၅) ရက်နေ့တွင် အသစ်တက် လာသော အစိုးရ အသစ်နှင့် ဒုတိယအကြိမ် အပစ်အခတ် ထပ်မံရပ်စဲခဲ့သည်။ ။


0 မှတ်ချက်များ for "အစိုးရေ ကျာင်း တချို့မှာ မွန်စာသင်ခွင့် မွန်ပြည်သစ် ပါတီ တောင်းဆို"