အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ တိုင်ကြားပါက စုံစမ်း ဖော်ထုတ်အရေးယူမည်

အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနသို့ လိပ်မူတိုင်ကြားပါက အရေး ယူ စုံစမ်း ဖော်ထုတ်မည် ဖြစ်ကြောင်း အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ဥပဒေနှင့် အကျိုး ဆောင် ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဆွေက ပြောသည်။

” corruption နဲ့ပတ်သက်ပြီး ပြည်သူ တစ်ယောက်က ကျွန်တော်တို့ဌာနကို တိုင်ကြားရင် အရေးယူဆောင် ရွက်ဖို့ ရှိပါတယ်။ လိပ်စာ အနေနဲ့ “သို့ညွှန်ကြားရေး မှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ နေပြည်တော်” ဆိုရင် ရပါတယ်။ “တိုင်သူဘက်က မှန်ကန် ဖို့တော့ လိုတယ်။ မှတ်ပုံတင်တို့၊ လိပ်စာတို့ပါရင် ပိုကောင်းတယ်။ အဲဒါမှ တိုင်စာဖြစ်မှာ ဖြစ်တယ်။ အတိအကျမဟုတ်ရင် ပစ်စာ ဖြစ်သွားမယ်။ ပစ်စာရဲ့အဓိပ္ပာယ်နဲ့ တိုင်စာရဲ့အဓိပ္ပာယ် က အများကြီးကွာ တယ်”ဟု ၎င်းက ပြောသည်။

အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အပြင် နိုင်ငံတော် သမ္မတနှင့် ပြည် ထဲရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ တိုင်ကြားနိုင်ကြောင်းလည်း ၎င်းက ပြော သည်။

“သမ္မတရုံးကို တိုင်တယ်။ သမ္မတရုံးက ပြည်ထဲရေးကို တာဝန်ပေးတယ်။ အဲဒီအထဲက ကျွန်တော်တို့နဲ့ ဆိုင်တဲ့ ကိစ္စတွေကို ကျွန်တော် တို့ကို တာဝန်ပေးတယ်ဆိုရင် အဲဒီအပေါ်မှာ ကျွန်တော်တို့က စစ်တယ်။

“ကျွန်တော်တို့ဆီကို တိုင်ရင် ကျွန်တော်တို့က ပထမဦးဆုံး ရရှိတဲ့ သတင်းအပေါ်မှာ မူတည်ပြီးတော့ ၀န်ကြီး ဆီကို တင်ပြတယ်။ ၀န်ကြီးဆီက အဲဒါကို စစ်ပါလို့ အမိန့်ကျတယ်ဆိုရင် ပထမဦးဆုံး ကျွန်တော် တို့က စုံစမ်းတယ်၊ စစ်ဆေးရတယ်။ “စစ်ဆေးတွေ့ရှိမှုအပေါ် အခြေပြု ပြီးတော့မှ ၀န်ကြီးဆီကို ပြန်တင်ပြတယ်။

ဝန်ကြီးက တရားစွဲပါဆိုရင် သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲတာပါ”ဟု ဦးမျိုးခိုင်ဆွေက ပြောသည်။ “ဒီကြား ထဲ စုံစမ်းစစ်ဆေးတဲ့ အပိုင်းမှာ တွေ့ရှိတာကို ကျွန်တော်တို့ ဌာနက ဥပဒေထင်မြင်ချက်၊ ဘယ် ဥပဒေနဲ့ ငြိတယ် ဆိုတာကို တင်ပြပေးတယ်” ဟု ၎င်းက ပြောသည်။

0 မှတ်ချက်များ for "အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ တိုင်ကြားပါက စုံစမ်း ဖော်ထုတ်အရေးယူမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++