သစ်ခုတ်မှုကြောင့် ဒေါနတောင်တချို့ ကတုံးဖြစ်
စည်းကမ်းမဲ့ သစ်ခုတ်ယူမှု ကြောင့် ကရင်ပြည် နယ် ဒေါန တောင်တချို့ မှာ တောင်ကတုံး များ ဖြစ်ပေါ် နေကြောင်း ဒေါနတောင် အနီး နေထိုင် သူ များက ပြောကြား သည်။ ဒေါနတောင် သည် လမ်းပန်း ဆက်သွယ်မှု အတွက် အဓိက အရေး ပါသော နေရာတစ်ခုဖြစ်ပြီး မြဝ တီ ကော့ ကရိတ် လမ်းမကြီးကို ဖောက် လုပ်ထားခြင်း ဖြစ်သည်။
“တရားဝင်ခွင့်ပြုချက် ရ မရတော့ မသိဘူး။ ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ သစ်ပင်ခုတ် ပြီး သယ်နေ တာတော့ တွေ့တယ်”ဟု ဒေါနတောင်တန်း နတ်ရေကန် အနီး နေထိုင်သူ တစ်ဦးက ဆိုသည်။
နတ်ရေကန်အနီးရှိ တောင် ၁၀ လုံးခန့်တွင် အလံနီ၊ အလံဖြူ များစိုက်ကာ ကုမ္ပဏီတစ်ခုမှ သစ်ပင်ခုတ် လှဲခြင်းကို အကြီးအကျယ် ဆောင်ရွက်နေပြီး ၄င်းကြောင့် ပတ် ဝန်းကျင်ထိခိုက်မှုဖြစ်ပေါ်နေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ သစ်တော ပြုန်းတီးမှုကြောင့် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို မြင့်တက်စေပြီး အပူချိန်ပိုမိုခံစား စေကာ မိုးရွာသွန်းမှု ပြောင်းလဲခြင်း များ ဖြစ်ပေါ်စေကြောင်း သစ်တော ပညာရှင်တစ်ဦး ကဆိုသည်။
ဒေါနတောင်တန်းရှိ မြဝတီဘား အံကားလိုင်းပြေးဆွဲသူများရဲ့ အဆိုအရ အပူချိန် ပြင်းထန်ခြင်း၊ မိုးသည်းထန် စွာ ရွာသွန်းခြင်းများ ၂၀၁၀ ခုနှစ်ခန့်မှ စတင်ကြုံတွေ့ လာရကြောင်း သိရသည်။ ဒေါန တောင်တန်း တွင် နေထိုင်သော ကလို့ထူးဘောအဖွဲ့ (KKA) က ထိုင်းနိုင်ငံမှ လာရောက်သော သစ် ကုမ္ပဏီများရှိပြီး သစ်တော ခုတ် ထွင်ရှင်းလင်းကာ လမ်းဖောက်မှု များရှိနေကြောင်း ပြောကြားသည်။


0 မှတ်ချက်များ for "သစ်ခုတ်မှုကြောင့် ဒေါနတောင်တချို့ ကတုံးဖြစ်"