မြေယာဥပဒေနှင့် မြေယာမဲ့ရခြင်း အကြောင်းရင်းများ
ကျွန်မတို့က ဒီလယ်လုပ်မှ ထမင်းစား ရတာ။ လယ်ထပ် လုပ်ရင် ရဲတွေ ခေါ်လာမယ်။
ကျွန်မ အမျိုးသားကို ဖမ်းမယ်လို့ ပြောတယ်။ ဖမ်းပစေ ဒီတစ်ခါတော့ ကျွန်မ
လုပ်မှာပဲ။
လုံခြုံရေးတွေရော၊ ဇေကမ္ဘာ ကုမ္ပဏီက အထွေ ထွေ မန်နေဂျာ
ဦးမြင့်ဇော်က ပါပြောတယ်။
လယ်ထဲဆင်းတဲ့ အလုပ်သမား တွေကိုလည်း
ခြိမ်းခြောက်တယ်။ ဦးခင်ရွှေဆိုတာ ဒီဘဝမှာ မဟုတ်ဘူး နောင်ဘဝ လည်း စားလို့
မကုန်ဘူး။ ကျွန်မတို့က ဒီလယ်လုပ်မှစားရတာ။
သူလှူတယ်ဆိုတာ ဘယ်မှာ
သွားလှူနေလဲ။ ကျွန်မတို့ လယ်ကိုဝင်လုနေတာ ဘာလို့လဲ။ သူပြောတော့
နိုင်ငံတော်ကသိမ်းတယ်ဆိုလို့ ပေးလိုက်ရတယ်။ အခု ဦးခင်ရွှေကိုယ်တိုင်က
ယူတယ်ဆိုတော့၊ ပြီးတော့ သူက သိန်း ၁၅၀ဝ၊ ၂၀ဝ၀ နဲ့ ရောင်းစားတာ။ ကျွန်မတို့က
သွေးနဲ့ချွေးနဲ့ရင်းပြီးတော့ စုဆောင်းခဲ့ ရတာကို သူကယူမယ်ဆိုတော့
သားရယ်တွက်ကြည့်ပါဦး”ဟု ပြောနေသူမှာ မင်္ဂလာဒုံမြို့နယ် ရွှေ နံ့သာကျေးရွာမှ
လယ်သူမကြီး ဒေါ်အုံးတင်ပင် ဖြစ်သည်။
ယခုကဲ့သို့ ဖြစ်စဉ်မျိုး မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင်
ပုံစံမျိုးစုံဖြင့် ဖြစ်ပေါ်လျက် ရှိသောကြောင့် တောင်သူ လယ်သမားများ မှာ
မြေယာမဲ့ အခြေအနေကို ပိုမိုရင်ဆိုင် လာရပြီး ၄င်းတို့အနေဖြင့် ထပ်မံ၍ မြေယာ
ပိုင်ဆိုင် ရန်လည်း လုံလောက်သော အရင်း အနှီးငွေကြေးမပြည့်စုံကြကြောင်း
မြေယာ မဲ့ဖြစ်သွားခဲ့သော လယ်သမား များ ပြောပြ ချက်နှင့်
ကိုယ်တိုင်မျက်မြင်တွေ့ကြုံခဲ့ရမှု များအရ သိရသည်။
“၁၉၉၂ ခုနှစ်က အိုးအိမ်ဦးစီးဌာနက ကျွန်တော်တို့ လယ်မြေတွေကို လျော်ကြေး
မပေးဘဲသိမ်းလိုက်တယ်။ အခု လုပ်ငန်းရှင် ကြီးတွေကို ပြန်ရောင်းစားတာ အမှတ်
(၄) လမ်းမကြီးဘက်ဆိုရင် တစ်ဧကကို သိန်း ၂၀ဝ၀ ကနေ ၄၀ဝ၀ အထိ ပေါက်တယ်။
အဲဒါကြောင့် ကျွန်တော်တို့ကို နစ်နာကြေး ပေးဖို့ အခုမြေဝယ်ထားတဲ့
ကုမ္ပ ဏီတွေကို အကြောင်းကြားစာပို့ထားတယ်။ ကုမ္ပဏီ တွေက
အခုမေလထဲမှာအကြောင်းပြန်မယ် လို့ ပြော တယ်”ဟု လယ်အသိမ်းခံခဲ့ရသော
ရွှေပြည်သာမြို့နယ် ကျောင်းကုန်းကျေးရွာ မှ လယ်သမား ဦးတင်ဝင်းက ယခုလ ၂၄
ရက်နေ့တွင် Venus News Weekly သို့ ပြောကြားသည်။
လယ်မြေသိမ်းယူမှုကို ပြုလုပ်နေကြ သူများမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များ အပါ
အဝင် စစ်တပ်၊ အိုးအိမ်ဦးစီး ဌာနနှင့် စက်မှု ဇုန်ဖော်ထုတ်သူများဖြစ်သည်ဟု
လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများ က ပြော ဆိုကြသည်။
ရန်ကုန်တိုင်းဒေသကြီးထဲမှ ရွှေပြည် သာ၊ ရွှေပေါက်ကံ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊
သန်လျင်၊ ယုဇ န(ဒဂုံအရှေ့)၊ တွံတေး၊ ကွမ်းခြံကုန်းဒေသများအပါအဝင် အထက်
အညာဒေသ၊ မြေလတ်ဒေ သ အောင် လံ၊ မြန်မာပြည်အောက်ပိုင်း ထားဝယ်ဒေသ များအပါအဝင်
မြန်မာနိုင်ငံတစ်နံတစ်လျား ၌ မြေသိမ်းမှုဖြစ်စဉ် များ ဖြစ်ပေါ်နေရသည် ကို
တိုင်စာများနှင့် ဂျာနယ်တိုက်သို့ ဆက် သွယ်ပြောကြားချက်များအရ သိရသည်။
“ဒီနေ့ ဥပဒေက တောင်သူလယ် သမားတွေဘက်က အကာအကွယ် မရှိ တော့ဘူး။
တောင်သူတွေ က မြေ ယာတစ်ခု ကို မှတ်ပုံတင်ခွင့်ရချင်တယ်ဆိုရင် အရင်
ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ဥပဒေဟောင်းနဲ့ အညီတရား ဝင်ဖြစ်ရမယ်။ လက်ရှိလုပ်ကိုင်
ရမယ်။ လက်ငုတ်လက်ရင်း ဖြစ်ရမယ် ဆိုတဲ့ အချက် (၃)ချက်ကိုက်ညီ မှ မြေ ယာ
မှတ်ပုံတင်လို့ရမှာ။ သို့သော် အဖွဲ့အစည်း တွေကျတော့ ဆိုလိုတာက ကုမ္ပဏီလည်း
ပါမယ်၊ ကုမ္ပဏီ မဟုတ်တဲ့ စစ်တပ်လည်းပါ မယ်။ သူတို့က အသုံးပြုလိုပါတယ်လို့
ပြောလိုက်ရုံနဲ့ တန်းပြီးတော့မြေယာမှတ်ပုံ တင်ခွင့်ရမယ့်သဘောရှိတယ်။
သူတို့တွေ က မြေကို ကိုယ်တိုင်ဆင်းလုပ်စရာမလို ဘူး။
လယ်မြေမလုပ်ပေမယ့်
တောင်သူ လယ်သမားဖြစ်တယ်။ မြေကို အသုံးချခွင့်သီးစားရောင်းစားခွင့်ရှိတယ်
ဆိုကတည်း က တောင်သူလယ်သမားတွေဘက်က ကာကွယ်တယ်လို့ ပြောလို့မရတော့ဘူး” ဟု
လယ်သမားအရေး ကူညီပေးနေသူ ဦးဟန်ရှင်ဝင်းက ပြောသည်။
၎င်းက သူ၏ ပြောဆိုချက်အားလုံး ကို အပြည့်အဝတာဝန်ယူပြီး ခိုင်မာသော
အထောက်အထား အပြည့်အစုံ ရှိကြောင်း ဆက်လက်ပြောဆိုသည်။ “ကျွန်တော်နားလည်တဲ့
တောင်သူ လယ်သမားဆိုတာက ဆေး လိပ် တိုကြီးခဲ၊ ခမောက်ကြီး ဆောင်း၊
တံစဉ်ကြီးနဲ့မှ တောင်သူဦးကြီးလို့ သိခဲ့တာဗျ”ဟု ၄င်းက ဆိုသည်။
မခိုင်မာသော
ဥပဒေ၊ လာဘ်စား သောဝန်ထမ်းနှင့် ငွေရှင် ပူးပေါင်းကာ မြေ သိမ်း၍
ရနိုင်သော်လည်း မခိုင်မာသော ဥပဒေ၊ လာဘ်စားသော ဝန်ထမ်းနှင့်
ဆင်းရဲနွမ်းပါးသူလယ်သမား ပူးပေါင်းကာ မြေသိမ်း၍ မရနိုင်ကြောင်း အခြား လယ်
သမားအရေး ကူညီနေသူတစ်ဦးဖြစ်သူ ဦးနေမျိုးဝေက ပြောသည်။
“၁၉၅၃၊ ၉၆၃ ခုနှစ်(သီးစားချထားရေး ဥပဒေ)ရဲ့ အားနည်းချက်ကြောင့် အခုလို
မြေမှုမြေ ခင်းတွေဖြစ်စေ တာပဲ။ မူဝါဒကြောင့် ပေါ်ပေါက်လာတဲ့ ယန္တရားပြဿနာ၊ မူဝါဒ
က ကျေးလက်ဒေသ ရွာတွေမှာ ကျေး ရွာ ကောင်စီ၊ ပြည်သူ့ကောင်စီလို့ခေါ်တဲ့ ကျေး
ရွာအုပ်ချုပ်တဲ့သူတွေက မြေယာကိုစီမံခန့်ခွဲနိုင်တဲ့ အခွင့်အာ ဏာရှိတယ်။
သူတို့ရဲ့ အသိတရား၊ အဂတိလိုက်စားမှုနဲ့ နိုင်ငံရေး အသိတွေက
အခုသမ္မတကြီးနဲ့တော့ တူမှာ မဟုတ်ဘူး။ အဲဒီလူတွေရဲ့ လက်ထဲမှာ
လုပ်ပိုင်ခွင့်ရတဲ့အခါကျတော့ ငွေရှင်တွေ နဲ့ ပေါင်းပြီး
မြေသိမ်း မှုတွေဖြစ်လာရတော့တာ ပဲ။ မူဝါဒမှားယွင်းမှုကို အကြောင်းပြပြီး တော့
အဂတိလိုက်စားမှုတွေ ဖြစ်ခဲ့ရတယ်” ဟု ၄င်းကဆိုသည်။
ယခင်အစိုးရလက်ထက်တွင် ဖြစ်ပွား ခဲ့သော မြေယာကိစ္စပြဿနာ အားလုံးကို
ဖြေရှင်းရန် မဖြစ်နိုင်ကြောင်း၊ ယခုခေတ်တွင် မြေယာသိမ်းပိုက်မှုမျိုးကို
ကိုယ်ထင်သလို ပြုလုပ်ခွင့် ရရှိမည်မဟုတ်ကြောင်း၊ လွှတ် တော် ရှိသကဲ့သို့
အားလုံး၌ ပြောရေးဆိုခွင့် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်
ဦးမြင့်ဆွေက Venus News Weekly ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြား ခဲ့သည်။
မြေယာဥပဒေအသစ်မှာလည်း လွှတ် တော်ကိုယ်စားလှယ်များ ဦးဆောင်ရေးဆွဲ
ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တင်ပြလာသော ဥပဒေမူကြမ်းကို ပြင်ဆင်
တည်းဖြတ်ပေးရသော အဆင့်သာရှိသော ကြောင့် လယ်သမားများ၏ ဘဝအာမခံ ချက်ကို
အပြည့်အဝကာကွယ်ပေးနိုင်သော ဥပဒေမျိုးဖြစ်လာရန် မဖြစ်နိုင်သေးကြောင်း
ဥပဒေကျွမ်းကျင်သူတစ်ဦးက ပြောသည်။
“လွှတ်တော်ရဲ့ ဃစေခေငအပ ကလည်း အခုမှစတာဆိုတော့ ဥပဒေတွေမှာ ပြည်သူ့ ဆန္ဒ
အပြည့်အဝထင်ဟပ်ဖို့က မဖြစ်နိုင် သေးဘူး။ အချိန်ယူရဦးမှာ”ဟု ၄င်းကဆို သည်။
လယ်သမားများ၏အကျိုးကို လွတ် လွတ်လပ်လပ် လုပ်ဆောင်ပေးနိုင်သော
တောင်သူလယ်သမား အဖွဲ့အစည်းများ ပေါ်ပေါက်လာမှသာလျှင် လယ်သမားများ
တွေ့ကြုံနေရသောအခက်အခဲများပြေ လည် နိုင်တော့မည်ဟု လယ်သမားအဖွဲ့အစည်း များ
တရားဝင်ပေါ်ပေါက်ရန်ကြိုးပမ်းနေသူ ဒေါ်ဘောက်ဂျာ က Venus News Weekly သို့
ပြောသည်။
“တောင်သူတွေရဲ့ အခက်အခဲပြဿနာ တွေဖြေရှင်းနိုင်ဖို့၊
ဘဝမြှင့်တင်နိုင်ဖို့၊ ကျန်းမာရေးကအစ လိုအပ်ချက်တွေအတွက် တောင်သူလယ်သမား
အဖွဲ့အစည်းတွေ လိုပါတယ်”ဟု ၄င်းကဆိုသည်။ “လောလောဆယ်တော့ ကြံ့ခိုင်ရေး ပါတီက
ဆိုင်းဘုတ်ထောင်ပြီး လာဖွဲ့ပေး ထားတဲ့ လယ်သမား အစည်းအရုံးတစ်ခု ရှိတယ်။
လယ်သမားအရေးကတော့ တို့ ဘာသာတို့ပဲ လုပ်ရတာပဲ။ လွတ်လွတ် လပ်လပ်
တရားဝင်ဖွဲ့ခွင့်ရရင်တော့ ဖွဲ့ချင်ပါ တယ်”ဟု ဝါးတစ်ရာစက်မှုဇုန်မှ လယ်မြေ
အသိမ်းခံထားရသော လယ်သမားတစ်ဦး ဖြစ်သူ ဦးမြဇင်က ပြောသည်။
နိုင်ငံတော်သည် တောင်သူလယ် သမားများ၏ အခွင့်အရေးများ ကာကွယ်
စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်ဟု ၂၀ဝ၈ ခုနှစ်
ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်တွင် ဖော်ပြ ထားသည်။
“ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဆိုပြီး သမ္မတကြီး ပြောပေမယ့် လက်တွေ့မှာ
အလုပ်ပါဖို့ လိုတယ်။ ဒီမြေကို ဖွံ့ဖြိုး အောင်လုပ်တာကိုလက်ခံတယ်။ကျွန်တော်
တို့တွေက ဖွံ့ဖြိုးမှုတွေကို ဆန့်ကျင်တာ မဟုတ်ဘူး။
ဖွံ့ဖြိုးတယ်ဆိုတဲ့အဓိပ္ပာယ် ကိုကြည့်တဲ့အခါ တက်ရိပ်ရှိတဲ့ ကုန်ပစ္စည်း
တစ်ခုကို ကြားထဲက ဝင်ဈေးဖြတ်ပြီးတော၊့ သိမ်းပြီးတော့ ဈေးတက်တဲ့အခါ
မင်းတို့နဲ့ မဆိုင်ဘူး၊ ငါနဲ့ပဲဆိုင်တယ်ဆိုတဲ့ လုပ်နည်း
လုပ်ဟန်မျိုးကိုတော့ မလိုလားဘူး။ ဒီမြေ ကို လယ်မြေအဖြစ် နှစ်ပေါင်းများစွာ
အတူတူလုပ်ခဲ့တဲ့သူတွေကို လည်း ဒီဖွံ့ဖြိုး မှုဖြစ်စဉ်ထဲမှာ ပါဝင်သင့်တယ်လို့
မြင် တယ်။ ပါဝင်ခွင့်ပေးရမယ်။ အခု ပါဝင်ခွင့် ကို လျော်ကြေးနဲ့ဖြတ်ပြီး
ပါဝင်ခွင့်မပေး ဘူး။ ထိုက်သင့်တဲ့လျော်ကြေးမပေးဘူး”ဟု
ဦးဟန်ရှင်ဝင်းကပြောသည်။
မြေယာမှတ်ပုံတင်ခွင့် ရရှိခြင်းသည်
ဂရန်ကဲ့သို့သောအခွင့်အရေးရှိသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ
ဝင်ရောက်လာသည့်အခါ လယ်သမားများ၏ သားသမီးပညာရေး၊
ဘဝလုံခြုံစိတ်ချရမှုများအတွက် လယ်မြေ ရောင်းစားခွင့်ကို လယ်သမား ဆင်းရဲသား
များကိုလည်း ပေးသင့်ကြောင်း ၄င်းက ဆိုသည်။
“အခုဖြစ်နေတာက အမှုဟောင်းတွေ ပါ။ မြေယာဥပဒေသစ်အရ မှတ်ပုံတင်ခွင့်
ရသွားရင် အာဏာပိုင်နဲ့ပေါင်းပြီး လယ်မြေ
လုယူတဲ့အဖြစ်မျိုးတွေဖြစ်မှာမဟုတ်တော့ ဘူး။ အခု အစိုးရသစ်မှာက အရင်အစိုးရ
ထက်စာရင်ပွင့်လင်းမြင်သာပြီးတော့ လူထု ဆန္ဒဖော်ထုတ်မှုကိုလက်ခံလို့
အခုလိုကြား သိရတာ။ ဥပဒေနဲ့အညီ ရှင်းမယ်ဆိုရင် ဥပဒေ အဟောင်းနဲ့ပဲ
ရှင်းရှင်း၊ အသစ်နဲ့ပဲရှင်းရှင်း၊ လယ်သမားပဲပြန်ရနိုင်တယ်”ဟု
ဦးနေမျိုးဝေကလည်း ဆိုသည်။
လယ်မြေ သိမ်းဆည်းမှု ပြုလုပ်လိုပါ က နိုင်ငံတော်၏ အခွင့်အရေးမှတစ်ပါး
အခြားမည်သည့်အခွင့်အရေးမှ သက်ရောက် ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားသည့်အတွက်
မည်သည့် အဖွဲ့အစည်းကမျှ သိမ်းဆည်း ခွင့်မရှိကြောင်း ၄င်းကဆိုသည်။
“ဥပဒေဟောင်းနဲ့ဆုံးဖြတ်ရင် ကုမ္ပဏီ တွေ ကျွမ်းပြန်ပြီးထွက်ပြေးရမှာ။
ဆင်းရဲတဲ့သူက ပထမ၊ ချမ်းသာတဲ့သူက နောက်ဆုံး လေ။ ဖိအားပေးပြီးတော့
လျော်ကြေးပုံစံ ဖန်တီးထားတယ်။ စက်မှုဇုန် ဖော်ရင် အမှတ်(၁)၊
(၂)စက်မှုဝန်ကြီးဌာနရဲ့ စက်ရုံ တွေ လုပ်လို့ရတယ်။ တပ်မတော် စက်မှု
လုပ်ငန်းတွေ လုပ်လို့ရတယ်။ ဥပမာ- ဦးကြူမိသားစုဂျုံစက်ဆိုရင်တော့ မရဘူး။
ဇေကမ္ဘာကုမ္ပဏီဆိုရင်တော့ မရဘူး”ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော မြေယာဥပဒေ မထွက်ရှိမီ က
မြေသိမ်းမှုနှင့် ထွက်ရှိပြီးဥပဒေ အား နည်းချက်များကို အခွင့်ကောင်းယူ၍ ယခု
အချိန်မှသိမ်းယူရန်ကြံဆနေသော မြေသိမ်း မှုဟူ၍ နှစ်ပိုင်းရှိကြောင်း
ဦးဟန်ရှင်ဝင်းက ပြောသည်။
“နဝတ၊ နအဖ ခေတ်တုန်းက မြေယာ သိမ်းမှုတွေ လုပ်ခဲ့ကြတယ်။ လျော်ကြေး
မပေးဘဲနဲ့သိမ်းတယ်။
လျော်ကြေးအနည်း ငယ်ပေးပြီး သိမ်းတယ်။ စာရွက်ပေါ်မှာ လျော်ကြေး ပေးသော်လည်း လက်တွေ့ မှာ တကယ်မပေးဘဲနဲ့ သိမ်းတယ်။ နည်းလမ်း မျိုးစုံနဲ့ သိမ်းတယ်။ သိမ်းခဲ့တာတွေ အား လုံးကို အစတုန်းက စီမံကိန်းလို့ အကြောင်း ပြတယ်။ နောက်ပိုင်းစီမံကိန်းတွေအကောင် အထည်မပေါ်တဲ့အခါ လယ်သမား က ပြန် ရချင်တဲ့ ကိစ္စ၊ လျော်ကြေးမရတဲ့ကိစ္စတွေ ဖြစ်လာတာပါပဲ” ဟု ၄င်းကဆက်လက် ရှင်းပြသွားခဲ့သည်။
လျော်ကြေးအနည်း ငယ်ပေးပြီး သိမ်းတယ်။ စာရွက်ပေါ်မှာ လျော်ကြေး ပေးသော်လည်း လက်တွေ့ မှာ တကယ်မပေးဘဲနဲ့ သိမ်းတယ်။ နည်းလမ်း မျိုးစုံနဲ့ သိမ်းတယ်။ သိမ်းခဲ့တာတွေ အား လုံးကို အစတုန်းက စီမံကိန်းလို့ အကြောင်း ပြတယ်။ နောက်ပိုင်းစီမံကိန်းတွေအကောင် အထည်မပေါ်တဲ့အခါ လယ်သမား က ပြန် ရချင်တဲ့ ကိစ္စ၊ လျော်ကြေးမရတဲ့ကိစ္စတွေ ဖြစ်လာတာပါပဲ” ဟု ၄င်းကဆက်လက် ရှင်းပြသွားခဲ့သည်။


0 မှတ်ချက်များ for "မြေယာဥပဒေနှင့် မြေယာမဲ့ရခြင်း အကြောင်းရင်းများ"